Wednesday, February 17, 2010

အေ၇းပါတဲ့ဘ၀၇ဲ့အသေးအဖွဲလေးတွေ

ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...

ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...

အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေ ကျနော် ပေးဖို့ ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...

ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...

နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...


နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...


မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....


ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...


ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...

ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...


သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...


ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....

နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...

တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...

သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...


ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...
ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...

သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...


မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...

'I'll carry you out every morning until death do us apart'
ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ...

ကြွက်ထောင်ချောက်

ကြွက်ငယ်တစ်ကောင်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်
ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။
အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ
မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။
အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။
အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့ " အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့ ...."
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့
တစ်ကိုယ်တော် ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။
အော် ... ကိုကြွက်ရယ် " မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ် "
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ ၊ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။
လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ
" တစ်ကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး " သေချာတာတစ်ခုက
ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ် ။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။
နွားက ၀ိုး ... " ၀မ်းနည်းပါတယ်ဗျာ " ... ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။
အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။
အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားလေရဲ့ ....
အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူးလေ။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရပါတော့တယ် ....။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေတက်ပြီး မသက်သာဘူးပေါ့
အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ပါလို့ ဆရာဝန် ပြောလေတော့ ....
ဒါနဲ့ ..... လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။
တစ်နေကုန်ပဲ ဆိုပါတော့ ၊သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ပေါ်ရတော့တယ်။
နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွားရှာတယ်။
နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။
ကိုကြွက်ငယ်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။




*** တို့တွေ အားလုံးဟာ ဘ၀သံသရာ .... ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး တစ်ခရီးထဲသွားတဲ့ ... ခရီးသွားဖော်တွေ အတူတူပါပဲ ။

လူငယ်လေးတစ်ယောက်...........

ဒီချာတိတ် ကျွန်တော် ကြည့်နေတာ ကြာပြီ။ မြင်လိုက်တိုင်း မျက်စိထဲ ရှုပ်ယှက်ခတ် နေတာပဲ ခရော့စ်ပဲ။ ပုံစံက ဟစ်ဟော့ အဆိုတော် လိုလို၊ ရက်ပ်ပါ လိုလို၊ သိတယ် မဟုတ်လား။ ဘောင်းဘီ အတိုအပွ၊ လူရုပ်တွေပါသည့် တီရှပ် အင်္ကျီ ရှည်ရှည်ကြီးတွေနဲ့။ ပြီးတော့ ကျောက်နားကပ်က ပန်လားပန်ရဲ့။

ရူပါက မဆိုးချင်သော်လည်း သူ့ရဲ့ လျှပ်ပျာ လျှပ်ပျာနဲ့ ပျာယာ ခတ်နေသည့် ပုံစံကြောင့် စိတ်ပျက်စရာ ကောင်းအောင် အရုပ်ဆိုး လှသည်။ ထိုးထိုး ထောင်ထောင် ဆံပင်ကိုလည်း နီကြောင်ကြောင် အရောင် ဆိုးထားလိုက်သေး၊ အသက်ကတော့ ရှိလှ ၁၈ နှစ် ၀န်းကျင်ပေါ့။ ကျွန်တော်ဆိုသည့် ကောင်ကလည်း ပုံစံကျ နေတတ်တာ ခေါက်ရိုး ကျိုးနေပြီ။ ပလီစိ ချောက်ချက် အဒေါ် အပျိုကြီး တစ်ယောက်၊ အစ်မ အပျိုကြီး နှစ်ယောက်၏ အရိပ်အောက်မှာ ပိစိကွေးလေးကတည်းက တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် နေခဲ့ရသူပေါ့။ လူစည်ကားသော ဆင်ခြေဖုံး ရပ်ကွက် တစ်ခုမှာ ဆေးခန်း ဖွင့်ထားသည်။

ကားကို ကိုယ်တိုင် မောင်းပြီး သွားသည့် “ဒေါက်တာ သက်ထွန်းမောင်” ဆိုသည့် ကျွန်တော်သည် ထိုဝန်းကျင်မှာ လူသိထင်ရှားလာပြီး မေတ္တာ ရှေ့ထား၊ စေတနာကိုသာ အဓိက လက်ကိုင်ထား သူမို့ အားလုံး၏ ယုံကြည် အားထားမှုကို ပိုင်ဆိုင် ရရှိခဲ့သည်။ ထိုနေရာမှာ တစ်နေ့ နှစ်ကြိမ် ဆေးခန်း ဖွင့်ခဲ့တာ သုံးနှစ်မျှ ရှိခဲ့ပြီ။

ရှေးရိုး ကွန်ဆာဗေးတစ် ဆန်သော အဒေါ်၊ အစ်မတွေကို ဆေးခန်း စောဖွင့်ရမည်ဟု အကြောင်းပြကာ အိမ်မှ ထွက်သည်။ အချိန်ရလျှင် ရသလို သပ်ရပ်သော လက်ဖက်ရည်ဆိုင်မှာ ဘရိတ်ဖတ်စ် ၀င်စားသည်။ နေ့စဉ် မျက်နှာချင်း ဆိုင်ခဲ့ရသော ထမင်းကြော်နှင့် သမားရိုးကျ နှပ်ထားသော ကော်ဖီကို သွေဖည်၍ လက်ဖက်ရည် ဆိုင်ထိုင်ရခြင်းသည် ကောင်းလှပေစွ။ အာရုံတွေကို လွှတ်၊ အမြင် အာရုံများကိုလည်း ဖြန့်ကြက် ထားပြီး လက်ဖက်ရည် ကျကျ တစ်ခွက်ကို မုန့်ဟင်းခါးတို့၊ ပဲအီကြာ၊ အုန်းနို့ခေါက်ဆွဲတို့နှင့် အပြတ်နှံလိုက်လို့ကတော့ ကျွန်တော့် အဖို့ တစ်နေ့လုံး လန်းပြီပေါ့။

ဘာပဲဖြစ်ဖြစ် ကျွန်တော့် အသက်ကလည်း ဘာရှိသေးလို့လဲ။ ခုမှ အစိတ်တောင် မပြည့်တတ်သေး။ ဟိုချာတိတ်လို ပရမ်းပတာ ပုံစံမျိုး မဟုတ်ဘဲ လူငယ်တို့ ဘာသာဘာဝ လွတ်လပ်စွာ တောင်ပံခတ်ချင်တာတော့ အမှန်ပါပဲ။ ဒါကြောင့် သည်ချာတိတ်နှင့် မကြာခဏ ဆုံဖြစ်သည်။ ကျွန်တော့် စိတ်ထဲ သူ့ကို “အာရုံ”လို့ပဲ ပေါ့ပေါ့ ပါးပါး မှတ်ထားမိသည်။

အခန်း ၂။
သည်နေ့ လက်ဖက်ရည် ခပ်ကျကျ တစ်ခွက် မျှောချ ခံစားနေဆဲ အာရုံတစ်ယောက် ဆိုင်ထဲ ပျာယီးပျာယာ ၀င်လာသည်။ အဖုံးပါသော အိတ်မည်းကြိုး ရှည်ရှည်ကို သိုင်းလွယ်ပြီး ရှုပ်ယှက်ခတ်နေသည့် ဒီဇိုင်းနှင့်ပေါ့။ ကျွန်တော့် စားပွဲ ၀ိုင်းနှစ်ဝိုင်းကျော်မှ လူရည်သန့် နှစ်ယောက် ထိုင်နေကြသည့် စားပွဲမှာ ၀င်ထိုင်သည်။ သူ့ကြည့်လျှင် ဘာမှသာ မဟုတ်တာ။ သူခေါ်ပြော ဆက်ဆံ သူတွေက လူကြီးပိုင်း များ၏။ လူလတ်ပိုင်းတွေလည်း မရှားပါဘူး။

ကျွန်တော် စွေကြည့်မိသည်။ အာရုံ တစ်ယောက် သူ့စလွယ်သိုင်း အိတ်ထဲမှ စာရွက် တစ်ရွက်ကိုထုတ်၊ ဘောပင်ကိုပါ အဖုံးဖွင့်ပေးပြီး ထိုလူရည်သန့် နှစ်ယောက်ရှေ့မှာ ချပေးလိုက်သည်။ တစ်ယောက်က စာရွက်ကို သေချာ ဖတ်ပြီး လက်မှတ် ထိုးပေးနေပုံ ရသည်။ ဘာတွေမှန်း မသိပေမယ့် သည်ချာတိတ်၊ ဘာအခွင့်အရေးကို တောင်းဆို နေသလဲမှ မသိတာ။ သူ့ပုံက ကြုံရင်ကြုံသလို ကစ်မည့်ပုံပါပဲ။ ထိုလူကလည်း ဘာကြောင့် ရှောရှောရှူရှူ လက်မှတ် ထိုးပေးနေသလဲ။ ကိုယ်နဲ့တော့ မဆိုင်ပါဘူး။

မကြာပါဘူး။ အာရုံက စာရွက်ကို သေချာခေါက်၊ အိတ်ထဲ ပြန်ထည့်ပြီး ခေါင်းကလေး ညိတ်၊ ခါးကလေးကိုင်း၊ နှုတ်ဆက်ပြီး ပြုံးပြုံးလေးနှင့် အလျင်အမြန် ထွက်ခွာသွားတော့သည်။ တစ်ခဏတွင်းမှာ လူကြီး တစ်ယောက်ဆီက လက်မှတ်ကို အပိုင် ဆွတ်ခူးရယူ သွားပြီပဲ။ တတ်လည်း တတ်နိုင်သည့် အာရုံ။

အဲသည် အနေအထားမျိုး ကျွန်တော် လေးငါးကြိမ်ထက် မနည်း တွေ့ခဲ့ဖူးသည်။ တစ်ခါတော့ အာရုံနှင့် အတူ သူ့ရွယ်တူလောက် ရှိသည့် ကောင်မလေး တစ်ယောက် ကလေးငယ်ကို ပွေ့ပိုက်ပြီး လက်ဖက်ရည်ဆိုင် တွင်းသို့ ၀င်လာတာ တွေ့ရသည်။ ကျွန်တော် စိတ်ဝင်စားသွားသည်။ ကလေးမကတော့ တအင့်အင့်နှင့် ရှိုက်ငိုနေသည်။ အာရုံက တတွတ်တွတ်နှင့် အီနေလေရဲ့။ ခဏ ကြာတော့ အာရုံ ကောင်တာသို့ ထသွားသည်။ လက်ဟန် ခြေဟန်ဖြင့် တစ်စုံတစ်ရာ ပြောနေသည်။ ဟိုကလည်း ခေါင်းတညိတ်ညိတ် လုပ်ကာ လေးနက်စွာ နားထောင် နေပုံပါပဲ။ ပြီးတော့မှ အာရုံ လက်ဖက်ရည်နှင့် မုန့်များ ယူဆောင်လာပြီး မိန်းမငယ်ရှေ့၌ ချကာ သူကိုယ်တိုင် မတိုက်ရုံ တမည် လောကွတ် ပိုနေလိုက်ပုံများ မျက်စိ နောက်စရာ။ မကြာမီ ကလေးမ အငိုတိတ်ပြီး လက်ဖက်ရည်နှင့် မုန့်ကို အားရပါးရ စားတော့သည်။ အာရုံက လက်ဖက်ရည် တစ်ခွက်ကို တဖူးဖူးမှုတ်ကာ ဇွန်းကလေးနှင့် ကလေးငယ်ကို တိုက်သည်။ ကလေးငယ်က အငမ်းမရ သောက်ရှာသည်။ အာရုံကတော့ ဘာမျှ မစားသောက်ပါချေ။ အံ့သြဖွယ် မြင်ကွင်းကို ကျွန်တော် တွေတွေကြီး ငေးကြည့်နေမိပါသည်။

ဒီလိုနဲ့ ကျွန်တော်ဟာ အာရုံကို တဖြည်းဖြည်း စိတ်ဝင်စားနေမိမှန်း မသိအောင် ၀င်စားနေမိသည်။ ဟော ကြည့်နေရင်းမှာပင် အာရုံသည် သူ့စလွယ်သိုင်း အိတ်ကို ဖွင့်ပြီး ငွေစက္ကူ အချို့ကို ယူသည်။ ကလေးမ လက်ကို ဆွဲယူပြီး ငွေကို အတင်း ထည့်နေပြန်သည်။ ကလေးမ တစ်ကျော့ ပြန်ငိုရာ အာရုံ စိတ်ရှုပ်ပုံ ရသွားသည်။ ခေါင်းကုတ် ဆံပင်ဖွ ပစ်ပြီး တစ်ဖန် ချော့မော့ရပြန်ရော။ အခြေအနေ တည်ငြိမ်သွားတော့မှ အာရုံလည်း ကလေး ကို သူကိုယ်တိုင် တယုတယ ပွေ့ချီပြီး ဆိုင်ထဲမှ စွတ်ခနဲ ထွက်ခွာ သွားကြတော့သည်။ အာရုံဆိုသည့် ချာတိတ်ဟာ ဣတ္ထိယ ဘာသာရပ်မှာလည်း ကျွမ်းကျင် နှံ့စပ်ပုံရသည်။ တော်တော် သွက်သည့် ကောင်ပဲ။ ဘာတွေများ အရှုပ်ထုပ် လုပ်ထားပြန်ပြီလဲ မသိပါဘူး။

အခန်း ၃။
ခန်းစီးစ လှုပ်ရှားသွား၍ ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး ကြည့်လိုက်တော့ အာရုံရယ် အဘွားအို တစ်ဦးကို ပွေ့ပိုက်ချီမပြီး ကျွန်တော့် ဆေးခန်းထဲ ၀င်လာသည်။ လူနာခုတင်ပေါ် မတင် နေစဉ် သူ့နောက်မှာ အမျိုးသမီး တစ်ဦး ဖိုသီ ဖတ်သီနှင့် ၀င်ချလာသည်။ လူနာရှင် ဖြစ်ပုံရသည်။ လက်ထဲမှာတော့ အပြင်ဘက်က ကျွန်တော့် ဆေးခန်း အကူ ရေးပေးလိုက်သည့် ဆေးမှတ်တမ်း စာအုပ်ကို ကိုင်ထားသည်။

“ဖိုးထူး၊ ကျေးဇူးတင်တယ်နော်၊ အပြန်လည်း လာကြိုဦးနော်”

“ဟုတ်ကဲ့ပါ အန်တီ၊ ကျွန်တော် ဦးလေး ချစ်အိမ် မီးသွေးအိတ် ပို့ပြီးတာနဲ့ အမြန် ပြန်လာခဲ့မယ်၊ ခဏလေးပါပဲ”

အနီးကပ်ကြည့်တော့မှ မျက်နှာက နုနုဖပ်ဖပ်လေး၊ နူးညံ့ သိမ်မွေ့သော ဟန်ပန်များကို အထင်းသား မြင်တွေ့နေရသည်။ အာရုံ ထွက်သွားတော့မှ သိချင်စိတ်ဖြင့်
“သူက ဆိုက်ကားဆရာလား”

“ဟုတ်ပါတယ် ဒေါက်တာ။ ဖိုးထူးက ဆိုက်ကား နင်းရုံမကဘူး၊ အလုပ်ပေါ်ရင် ပေါ်သလို အစုံ လုပ်တယ်။ နောက်ဆုံး အိမ်လိုက် မိုးချင်လည်း မိုးတာပဲ။ တော်တော် ၀ီရိယကောင်းပြီး ကြိုးစား၊ နိုးကြားတဲ့ ကလေးပေါ့။ တစ်ရပ်ကွက်လုံး သူ့ကို အားထားနေကြတာ၊ သူမပါရင် ခရီး မတွင်သလိုပဲ။ ပရဟိတစိတ်လည်း သိပ်ရှိတာ။ အခုကြည့်လေ၊ မေမေ ဆေးခန်း လာဖို့ ကျွန်မ တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေလို့ ဖိုးထူး ကိုပဲ အကူအညီ တောင်းရတာလေ”

“သြော်”

ကျွန်တော် အာစေးမိသွားသည်။ သည်ချာတိတ်ဟာ ကျွန်တော့်ကို တော်တော် အာရုံစားစေတာပဲ။ လေဖြတ်ထားသော လူနာကို လိုအပ်သည့် ကုသမှုများ လုပ်ရင်း အာရုံ အကြောင်း တွေးနေမိသည်။ ဆေးထိုးပြီး သောက်ရန် ဆေးအညွှန်းများ ရေးနေစဉ် အာရုံက သူရောက်ကြောင်း အသံပြုသည်။ မြန်လိုက်တာဟု တွေးမိသည်။

“ဖိုးထူးရေ၊ ကူပါဦး”
ခေါ်သံကြားတာနှင့် စွေ့ခနဲ ရောက်လာသည်။ အဘွားအိုကို ညင်သာစွာ ပွေ့ချီကာ အခန်းပြင်သို့ ထွက်သွားသည်။ လူနာရှင်လည်း ဆေးယူရန် အခန်းပြင် ထွက်လုဆဲ။ ကျွန်တော် မနေနိုင်တော့။

“ဒီချာတိတ်က ဘယ်မှာ နေတာလဲဗျ၊ ကျောင်းကောမနေဘူးလား”

“ဒေါက်တာလည်း စိတ်ဝင်စားသွားပြီ ထင်ပါရဲ့။ သူ့အကြောင်း ပြောရရင် အရှည်ကြီးပါ။ နေတာတော့ ဟိုဘက်လမ်းက စိတ္တသုခ ဘုန်းကြီးကျောင်း မှာပေါ့။ ကောင်လေးက ကွန်ပျူတာ တက္ကသိုလ် တက်နေတာ ဒေါက်တာရဲ့။ နောက်ဆုံးနှစ်တောင် ရောက်နေပြီ”

“သြော်” ကျွန်တော် ဒုတိယအကြိမ် “သြော်”ရ ပြန်သည်။ သူတို့တစ်တွေ ဆေးခန်းမှ ထွက်ခွာသွားသော်လည်း ကျွန်တော့် အတွေးထဲ “အာရုံ”သာ တိမ် တစ်စလို တလူလူ တလွင့်လွင့်နှင့် စီးမျော စိုးမိုး ကျန်ရစ်သည်။

အခန်း ၄။
“ဖြစ်မှဖြစ်ရလေ မမလွင်ရယ်၊ မိုးတွင်းကြီး ဈေးထဲ ရွှံ့တွေ၊ ဗွက်တွေက ထူသနဲ့၊ စိန်တုံကို ခိုင်းလိုက်ရောပေါ့”

ကျွန်တော် ကရုဏာစိတ်ဖြင့် ပြောတော့ မမလွင် တစ်ယောက် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေရှာသည်။ အမှန်တော့ မမလွင်သည် အိမ်ဖော် စိန်တုံ လုပ်တာကိုင်တာကို အကြိုက်မတွေ့လှ။ ဈေးဝယ်ခိုင်း ပြန်တော့လည်း အချိုးမပြေဖန် များတော့ နဂိုက အပျိုကြီး ဇီဇာကြောင်သူမို့၊ ကိုယ်တိုင် ဈေးဝယ်ထွက်တာ မဆန်းဘူးပေါ့။ ထိုနေ့က ဈေးဝယ်ပြီး အပြန် ရွှံ့ဗွက်တွေ ကြားပတ်ကွေ့ရင်း ရှောင်ရှားရင်းနှင့် ခေါင်းထဲမူးလာကာ လဲကျ သွားခြင်းဖြစ်သည်။

နံနက် ၁၀ နာရီမို့ ကျွန်တော် ဆေးရုံ ရောက်နေချိန် ဖြစ်သည်။ မမလွင်ကို သိသူ တစ်ယောက်က ကျွန်တော်ရှိရာ ဆေးရုံသို့ လာရောက် ပို့ပေးပုံရသည်။ မမလွင်မှာ သွေးတိုး အခံလည်းရှိတာမို့ ယခုလို ဖြစ်ရသည်။ လဲကျချိန်တွင် သတိရှိလို့သာ လက်ထောက်မိ၍ လက်ကောက်ဝတ် နေရာ ကျိုးသွားခဲ့သည်။ ခေါင်းနဲ့သာ ကျပါက ပိုပြီး အထိနာဖွယ် ရှိသည်။ အရိုးအကြော အထူးကု ဆရာဝန် ဒေါက်တာအောင်ဆင့်က မမလွင်လက်ကို ကျောက်ပတ်တီး စည်းရန် ပြင်ဆင်နေသည်။

ကျွန်တော် မမလွင်အား ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးလာသူကို ကျေးဇူးတင်စကားပြောရန် အပြင်သို့ထွက်လာသည်။ အခန်းတံခါးဝနား အရောက် အပြင်မှ စိတ်ဝင်စားစရာ စကားသံများ ကြားလိုက်၍ အသာရပ် နားထောင်နေမိသည်။

“ဒေါက်တာက ကျွန်တော်တို့ ရပ်ကွက်သားတွေ အပေါ် မေတ္တာ၊ စေတနာ ရှေ့ထားပြီး ဆေးကုသနေတာ မဟုတ်လား။ ဒေါက်တာ့အစ်မ အခုလို မူးလဲ တာတွေ့တော့ ကျွန်တော့် ကျောင်းချိန် နီးနေပေမယ့် မျက်နှာ မလွှဲရက်ဘူးဗျာ၊ အမှန်တော့ ဒီနေ့ ကျောင်းမှာ အရေးကြီး သင်ခန်းစာ အသစ် သင်မှာ၊ မတတ်နိုင်ဘူး၊ တစ်ဆင့်ပြန်မေးရမှာပဲ။ နောက်တစ်ခုက အရေးထဲဗျာ၊ ကိုခင်မောင်ပေါ့။ သူ့ကားကို ငှားတာ ငါးထောင်တောင်းလို့ ကျွန်တော့်မှာ သုံးထောင်ပဲ ပါတယ်၊ လိုက်ခဲ့ဗျာ ဆိုပြီး မနည်း တောင်းပန်ခေါ်ခဲ့ရသေးတယ်၊ တော်တော်ဆိုးတဲ့လူ”

ကျွန်တော့် ရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသည်။ ဒီချာတိတ် အပေါ် ကျွန်တော် အမြင်စောင်းမှုကို မျက်ဝါးထင်ထင် တွေ့မြင်ကြားသိ ခွင့်ရလိုက်သည်။ ပုံစံက ဂျစ်ပစီဆန်သော်လည်း မနောက ဆွတ်ဆွတ် ဖြူပေစွ။ နောက်ဆက်တွဲ အသံကို နားစွင့်နေမိပြန်၏။

“အေး၊ ဒါနဲ့ ဟိုတစ်လောက အေးကြည်မ တစ်ယောက် သူ့ယောက်ျား နောက်မိန်းမ ယူသွားတော့ ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တာ အဲဒီ ကောင်မလေးကို မင်း တစ်နေရာ ပို့လိုက်တယ်ဆို၊ မမြင်တာ ကြာပြီကော”

“ဘယ်ပို့ရမှာလဲ ဘကြီးထွန်းရ။ သူ့ကို အေးအေးဆေးဆေး ချော့မော့ပြီး သီလရှင် စာသင်တိုက်က ဇရပ်မှာ ခဏပြောင်း နေခိုင်းလိုက်တယ်။ ကျွန်တော် နေတဲ့ ဘုန်းကြီးကျောင်းနဲ့ နီးတော့ သူ့ကို အနီးကပ် ကူညီ စောင့်ရှောက် နိုင်တယ်လေ။ ကလေးကလည်း ငယ်သေးတယ် မဟုတ်လား။ မိဘတွေကလည်း မရှိကြတော့ဘူး ဆိုတော့ အားကိုးရာမှ မရှိတာ။ သူ့ယောက်ျားကလည်း လုပ်ရက်တယ်ဗျာ။ ဒါပေမယ့် သူ့ကို ကျွန်တော် သွားတွေ့ပြီး ဆွေးနွေး ထားပါတယ်။ အခြေအနေ ကောင်းမှာပါ။ ဟိုတစ်ဖက်က ကောင်မလေးလည်း ယောက်ျား ငုတ်တုတ်နဲ့။ ကလေးက နှစ်ယောက်ဆိုတော့ အချိန် ကြာကြာမြဲမှာ မဟုတ်ဘူး”

ကျွန်တော် ဆုံခဲ့ရသော လက်ဖက်ရည်ဆိုင်က မြင်ကွင်းကို မြင်ယောင်လာသည်။ ကျွန်တော် မှားပြန်ပြီ။ ပညာတတ် လူငယ်ဖြစ်ပြီး ကျွန်တော် အတွေးတိမ်ခဲ့သည်။ အပေါ်ယံ ရှပ်ကြည့် မိခဲ့သည်။ ကျွန်တော် ခံယူထားသည့် လူငယ်ဆိုတာ အချိန်နှင့် အမျှ သူ့နေရာမှာ သူအံဝင်ခွင်ကျ ဖြစ်နေရမည်။ သပ်ရပ်သော ၀တ်စား ဆင်ယင်မှုနှင့် အနာဂတ်ကို ရိုးသားစွာ ဖြတ်သန်းပြီး စံပြုလောက်သည့်သူ ဖြစ်ရမည်ဆိုတာ ကျွန်တော် ဆုပ်ကိုင်ထားသောစံ။

ခုတော့ အာရုံ၏ ပုံစံက ဂျလေပီ ဆန်လှသည်။ ၀တ်စားဆင်ယင်မှုက ဖရိုဖရဲ။ ကြည့်မြင်လေတိုင်း လမ်းပေါ်မှာ၊ လက်ဖက်ရည်ဆိုင်မှာ ကျင်လည် ကျက်စား နေသလို ရှုပ်ထွေးစွာ လောကကြီးထဲ လေလေလွင့်လွင့် တိုးဝင်နေသည်ဟု ကျွန်တော် ခံစားမိသည်။ အခုတော့ တစ်မျိုးကြီးပါလား။ ဒါပေမယ့် ရာနှုန်းပြည့်တော့ ဘ၀င်မကျနိုင်သေး။

စကားသံများ ရပ်စဲသွားတော့ ကျွန်တော် အပြင်သို့ ထွက်လိုက်သည်။ အာရုံနှင့် အတူ ဆေးရုံစောင့် ဦးဘထွန်းကို တွေ့ရသည်။ ကျွန်တော့်ကို မြင်တော့ အာရုံက လက်ကလေးပိုက်ပြီး ခေါင်းညွှတ် နှုတ်ဆက်သည်။ ကျွန်တော် ကျေးဇူးတင် စကားပြောပြီး သူ့ကိုအိတ်ထဲက ငွေစက္ကူ အနည်းငယ် ထုတ်ပေးလိုက်သည်။

“မင်းစိုက်ထားတဲ့ ကားခတော့ ပြန်ယူပါကွာ။ ကျေးဇူးအများကြီး တင်ပါတယ်”

အာရုံက တောက်တောက်ခါးခါး ငြင်းဆန်ကာ လက်မခံဘဲ ခပ်သွက်သွက် နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ ကျွန်တော် စေတနာ အမှား တစ်ခု ကျူးလွန်မိပြန်ပြီလား။ လူကြီးတွေဆီမှာ အခွင့်အရေး တစ်ခုအတွက် လက်မှတ် ထိုးခိုင်းနေတာ မြင်ယောင်လာတော့ သက်ပြင်းရှည်တစ်ခု ချမိသည်။ ဒီလိုဆိုတော့ ကျွန်တော် မမှားတန်ဟု ထင်သည်။

အခန်း ၅။
ကြားသိလိုက်ရသော အာရုံ အကြောင်းကတော့ မယုံကြည်နိုင်စရာပါပဲ။
မမလွင် ဆေးရုံက ဆင်းတော့ ရပ်ကွက်ထဲက ထဘီ အပြာဝတ် ဆရာမကြီး ဒေါ်ခင်မေသက်က မကြာခဏ မမလွင်လက်ကို စစ်ဆေးကြည့်ရှုဖို့ ရောက်ရောက် လာတတ်သည်။ သူက အရိုး အကြော အထူးကု ဒေါက်တာအောင်ဆင့်၏ လက်ထောက် သူနာပြု ဆရာမကြီးမို့ နားလည် တတ်ကျွမ်းသည်။ ဒေါ်ခင်မေသက်နှင့် မမလွင်တို့ စပ်မိစပ်ရာ ပြောကြရင်း အာရုံအကြောင်း သိလာရသည်။ မမလွင်က သူသိလာသမျှကို ကျွန်တော့် အား ဖောက်သည် ချလာသည်။ ဒီချာတိတ်က မိဘမရှိ၊ ဆွေမျိုးသားချင်း မရှိသည့် တစ်ကောင်ကြွက်။ ဘုန်းကြီးကျောင်းမှာ မှီခိုရင်း ကျောင်း ဝေယျာဝစ္စများ လုပ်ကိုင်ပေးရင်း ကြီးပြင်း လာခဲ့သည်။ ဘုန်းတော်ကြီး ပညာသင် ကျောင်းမှာပဲ မူလတန်း ပညာကို ကြိုးကြိုးစားစား လိုလိုချင်ချင် သင်ယူခဲ့သူ။ ပညာရည် ထူးချွန် ထက်မြက်ပြီး လိုချင်စိတ် ပြင်းပြမှုကို ဆရာတော် သိရှိသဖြင့် အလယ်တန်း ပညာကို အစိုးရကျောင်းမှာ ဆက် သင်စေသည်။ ထိုမှ တစ်ဆင့် အထက်တန်း ပညာကိုပါ ဆက်သင်ခွင့်ရကာ အခြေခံပညာ အထက်တန်း စာမေးပွဲကို အမှတ် ကောင်းကောင်းနှင့် အောင်မြင်ခဲ့သည်။ ယခုအခါ ကွန်ပျူတာ တက္ကသိုလ် ၀င်ခွင့်ရခဲ့သည်ဆိုပဲ။

သူ၏ နိစ္စဓူဝ လှုပ်ရှားမှုများက အတုယူစရာ ကောင်းလှသည်။ အရုဏ်တက်ကတည်းက သံဃာ ဝေယျာဝစ္စများကို စတင်လုပ်ကိုင် ဆောင်ရွက်ပေးပြီး လူမှုရေး ကိစ္စများကို ကျောင်းမသွားမီ ပြေးလုပ်လိုက်သေးသည်။ အထူးသဖြင့် နာရေးကို ဦးစားပေးကာ လှုပ်ရှားတတ်တာပါပဲ။ သေစာရင်း၊ ထောက်ခံစာ၊ နာရေး ကူညီမှုအသင်းသို့ ဆက်သွယ် အကြောင်းကြားရေး၊ အအေးတိုက် ပို့ဆောင်ရမည့် ကိစ္စရပ်များပါ မကျန်၊ တာဝန်ရှိ လူကြီးများနှင့် တွေ့ဆုံသင့်တာ တွေ့ဆုံ၊ ထောက်ခံစာများ ရယူသင့်တန် ရယူသည်။ အခြားလူမှုရေး ကိစ္စရပ်များ ရှိလျှင်လည်း အချိန်ရလျှင် ရသလို ကူညီပေးတတ်သေးသည်။

ကျောင်းက ပြန်လာတော့လည်း ကျောင်းစရိတ် အတွက် ဆိုက်ကား နင်းသည်။ ည ၈ နာရီ နောက်ပိုင်း ရပ်ကွက်ထဲက စာမလိုက်နိုင်သော ကျောင်းသားကလေးများကို နားလည်သည် အထိ အခမဲ့ သင်ကြားပေးသည်။ စနေ၊ တနင်္ဂနွေရက်များတွင် ၁၀ တန်း ဖြေမည့် ကလေးများကို အင်္ဂလိပ်စာဂိုက် (Guide) လုပ်ခြင်းဖြင့် ကျောင်းစရိတ်နှင့် အသုံးစရိတ် အတွက် ရှာရပြန်သည်။ ထူးခြားတာ တစ်ခုက အာရုံသည် အင်္ဂလိပ်စာမှာ တော်တော် လေ့လာကာ ထူးချွန် ထက်မြက်သည်တဲ့။ သူ၏ ကျားကုတ် ကျားခဲ အားထုတ်မှု၏ ရလဒ်ပေါ့။

သူ၏ သင်ကြား ပို့ချမှု အစဉ်တိုင်းမှာ အလျဉ်းသင့်လျှင် သင့်သလို သူ၏ ယုံကြည်ချက်၊ ဖလော်ကို လူငယ်တွေ ရင်ဘတ်ထဲ ပျံ့နှံ့စိမ့်ဝင်အောင် ပညာပေး တတ်ပုံက လူကြီးများပင် သဘောကျ လက်ခံကာ ပြောစမှတ်ပြုလာသည် အထိပင်။“အနာဂတ်ဟာ ငါတို့ လက်ဖ၀ါးပေါ်မှာပဲရှိတယ်” ဘယ်လောက် ပိုင်လိုက်သည့် အပြောလဲ။

“လူငယ် ဘ၀မှာ မက်ခွင့်ရှိတဲ့ အိပ်မက်တွေက အများကြီး၊ ဆရာဝန် ဖြစ်ချင်သလား၊ တက္ကသိုလ်မှာ ဆရာ၊ ဆရာမ ဖြစ်ချင်သလား၊ စစ်ဗိုလ်ကြီး ဖြစ်ချင်သလား၊ စီးပွားရေး ပါရဂူကော ဖြစ်ချင်သေးသလား၊ ပြီးတော့ ကမ္ဘာကို ပတ်ချင်သူလည်း ဖြစ်လိုက်ဦး၊ အားလုံးဖြစ်ခွင့် ရှိတယ်။ ဒါပေမယ့် ဘာကြီးပဲ ဖြစ်ချင်နေပါစေ၊ လူဆိုတာ ကိုယ့်ပတ်ဝန်းကျင် အတွက် အကျိုးပြုနိုင်တဲ့ အဖိုးတန်သူ တစ်ယောက် ဖြစ်နေဖို့ပါပဲ။ ဘ၀ မမေ့ရဘူး”တဲ့။
ပြီးတော့ ရှိသေးသည်။

သူပြောတာ “ဒီနေ့ ကမ္ဘာကြီးဟာ ပြားနေပြီ။ ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို လှမ်းမြင်နေရပြီမို့ လမ်းရိုးကြီး အတိုင်း လျှောက်နေလို့ မဖြစ်တော့ဘူး။ အချိန်နဲ့ တစ်ပြေးတည်း အညီ မြန်မြန် မြှင့်တင်ပြီး စက်ကုန် ဖွင့်ဖို့ပဲ လိုတယ်။ သူရဲကောင်းတွေ၊ အာဇာနည်တွေ၊ အောင်မြင်သူတွေနဲ့ ဟောဒီ ကမ္ဘာကြီး အကြောင်းသိဖို့ စာများများ ဖတ်ပါ။ အထူးသဖြင့် အင်္ဂလိပ်စာကို ခြေတစ်ပေါင်ကျိုး မဟုတ်ဘဲ ရေသောက်သလို လွယ်ကူ ချောမောအောင်၊ ပျံနေအောင် လေ့လာရမယ်”တဲ့။

ပြီးတော့ ကွန်ပျူတာဆိုတာ တို့တစ်တွေ ကြိုးဆွဲသလို လှုပ်ရှားနေရမယ့် အရုပ်လို ဖြစ်နေစေရမယ်တဲ့။ နောက် အင်တာနက်ဆိုတာ ကလည်း လွယ်အိတ်ထဲက စာအုပ် တစ်အုပ်လို ဖြစ်နေစေရမယ်။ ဒီနေ့ ကြိုးစားခြင်းဟာ အောင်မြင်ဖို့ တစ်ဝက် သေချာနေပြီ။ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ပြောင်းမှ ရတာပါတဲ့။ ဘယ်လောက်ကောင်း လိုက်သည့် ဒိုင်တွေလဲ။ အူကြောင်ကြား ဒိုင်တွေ မဟုတ်ဘူး။ မှတ်သားစရာ အပြည့်ပါသော ခွန်အားရှိသည့် စကားတွေပါပင်။

ဒီလိုပါပဲ။ အာရုံကတော့ လူငယ်ထဲက လူငယ်တစ်ဦးပီပီ သူပြောချင်၊ လုပ်ချင်၊ ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောသည်။ ရင်ဘတ်ချင်း ဂျက်ပင် ထိုးသည်။ လူငယ်ထုကလည်း သူ့ဆီက ဗဟုသုတဖြစ်ဖွယ် စကားများကြား လာရသောအခါ သူ့ကို အားကျကြ၏။ အတုယူကြ၏။ ဒါကြောင့် သူက ထပ်တလဲလဲ စည်းရုံးပြန်သည်။

လူကြီးတွေ ထက်စာရင် လူငယ်တွေဟာ အချိန်နှင့် အခွင့်အရေးတွေ ပိုရှိတာကို သူသေချာ သိနေသည်ပဲ။ သူ့ဘ၀ ခက်ခဲစွာ ရုန်းကန်ခဲ့ရသော်လည်း တစ်ခါလဲရင် ဆယ်ခါ ပြန်ထဖို့ အားသွန်ခွန်စိုက် စိတ်ဓာတ်ရှိဖို့ လိုတာကို သူသိသည်။ သူသိတာတွေ လူငယ် အားလုံးဝေမျှ ထောက်ပြသည်။

ကျွန်တော်လည်း လူငယ် ဆရာဝန် တစ်ဦးပါပဲ။ ဆေးပညာရပ်ကို အတိုင်းအတာ တစ်ခုအထိ သမားရိုးကျ သင်ယူ ဆည်းပူးခဲ့သည်။ အလုပ်ခွင် ပြင်ပ အချိန်များတွင် ဆေးခန်းဖွင့်ကာ လူမှုရေး ဦးစားပေးပြီး ကုသခဲ့သည်။ စမ်းသပ်ခ မယူဘဲ ဆေးဖိုးကို ဈေးနှုန်း အချိုသာဆုံး ထားပေးသည်။ ဒါကိုပင် ကျွန်တော်က ကိုယ့်ကိုယ်ကို လူမှုရေး ပရဟိတသမားဟု အကြီးကြီးယူဆ ထားခဲ့သည်။

သို့သော် ယနေ့ အာရုံဆိုသည့် လူငယ်လေး တစ်ယောက်ကို အရှင် လတ်လတ် မြင်တွေ့လိုက်ရတော့ စိတ်ထားနှင့် ဝေငှပုံချင်း ကွာခြားလှပါဘိ။ ကျွန်တော်က ပါးပါးလေး၊ သူက အထူကြီး၊ ဘ၀ကို စိန်ခေါ်မှုများစွာနှင့် အံတု ဖြတ်သန်းနေပုံကတော့ အားမာန် အပြည့်ဖြင့် ခပ်မြင့်မြင့် ပျံသန်းနေသော လင်းယုန်ငှက်ကလေး တစ်ကောင်လိုပါပဲလား။ ရုတ်တရက် ကြည့်လျှင် သူ့စကားတွေက ကြီးကျယ်သယောင် ထင်ဖွယ်ရှိသော်လည်း လက်တွေ့ လုပ်ရပ်များက မငြင်းနိုင်အောင်မို့ ရင်ထဲက ကျိတ်ပြီး မချီးမွမ်းဘဲ မနေနိုင်အောင်ပင် ဖြစ်ရသည်။ ကျွန်တော် မှားပြီထင်ပါသည်။

သူ၏ သွက်လက် လှုပ်ရှားမှုများကို အမြင်ကျဉ်းမြောင်းစွာ ကြည့်မိတာတွေ၊ အပေါ်ယံ ၀တ်စားဆင်ယင်မှုကိုကြည့်ပြီး အထင်သေးမိတာတွေက အစ ကျွန်တော် မှားသည်။ အမှန်တော့ အာရုံသည် ငွေကြေးကို ချွေတာသည့် သဘောဖြင့် အဖိုးနည်း ၀န်ပါ “ပုံပုံ” စတိုးမှ ၀ယ်ယူ ၀တ်ဆင်ခြင်းသာ ဖြစ်ကြောင်း နောက်မှ ကျွန်တော် သိရသည်။ လူငယ်ဆိုတာ ဘောင်းဘီပွပွ၊ တီရှပ်ဖားဖားနှင့် လွတ်လပ် ပေါ့ပါးစွာလည်း ပျံသန်းချင်သည့် အမျိုးပဲလေ။ အခုလို လူငယ်တစ်ယောက်၏ ကိုယ်နှုတ် အမူအရာ၊ စိတ်ဓာတ် ရေးရာများကို လင်းလင်းပြက်ပြက် သိမြင်လာချိန်မှာတော့ ကျွန်တော့်အမှားများ အတွက် ရှက်မိလာတာတော့ အမှန်ပါပဲ။

နောင်အခါ စိတ်၏ လန်းကြည်ရာ လက်ဖက်ရည်ဆိုင်ဘက်ကို ရောက်မိ လေတိုင်းလည်း အာရုံကို မြင်နေကျ ခေါက်ရိုး ကျိုးနေတဲ့ ပုံစံအတိုင်း တွေ့နေ ရတုန်းပါ။ ထိုအခါ ကျွန်တော် သူ့ကို စေ့စေ့ မကြည့်ဝံ့ဘဲ အကြည့်များ လွှဲဖယ် ထားနေရဆဲ။
သြော် ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့တာ ဘာများ ဆန်းပါမလဲ။

Monday, February 15, 2010

ဖိုဒါကို အခြားလူဖွင့်ကြည့်လို့မ၇deleteလုပ်လို့မ၇အောင်လုပ်ထားမယ်

ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။
ကိုက ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

command prompt ကို အလွယ်တစ်ကူဖွင့်နိုင် ဖို့

Right-click menu မှာ command prompt ထည့်သွင်းထားဖို့ Start > Run (Vista မှာဆိုရင် Start) ကိုရွေးပြီး regedit လို့ရိုက်ကာ Enter နှိပ်ပါ။ ဘယ်ဘက်မှာ HKEY_LOCAL_MACHINE/Software/Classes/Folder/shell ကို browse လုပ်သွားပါ။ ညာဘက် pane ၇ှိ နေရာလွတ်မှာ right click နှိပ်ပြီး New > Key ကိုရွေးပါ။
Command Prompt လို့နာမည်ပေးပါ။ ဘယ်ဘက် pane မှာ အဲဒီ key ကိုေ၇ွးပြီး ညာဘက် pane မှာ double click နှိပ်ပါ။ ‘Value data’ field မှာ ‘Open Command Prompt’ လို့ရိုက်ပြီး Enter နှိပ်ပါ။
ညာဘက် pane မှာ လွတ်တဲ့တစ်နေရာ right click နှိပ် ၊ New > Key လို့ရွေးပြီး Command လို့ရိုက်ပါ။ ဘယ်ဘက် pane မှာ အဲဒီ key ကိုရွေးပြီး ညာဘက် pane မှာ double click နှိပ်ပါ။ ‘value data’ field တွင် ‘cmd.exd/Kpushd%L’ ကိုရိုက်ပြီး Enter နှိပ်ပါ။

၇င်ခုန်သံစိုက်ပျိုးခြင်း

နင်ကတောက်ပခြင်း အလင်းရောင်...

ငါကကြည်လင်ခြင်းကောင်းကင်...

မမြင်နိုင်ခြင်း မျဉ်းပြိုင်တွေဖြစ်တယ်..

ငါ ထိုင်စောင့်နေခဲ့တယ်..

ကြယ်တွေရဲ့အလင်းယိုင်သောထောင့်မှာ..

ကံကြမ္မာ အလှည့်မပေးလို့ ..

ငါတို့ဝေးခဲ့ရမယ်ဆိုရင်တောင်..

နှလုံးသား ရဲ့ ဘာသာစကားတချို့နဲ့..

ငါတို့ဆက်သွယ်နိုင်ပါသေးတယ်..

စိတ်ချထားလိုက်ပါ ချစ်သူရာ..

ငါ့နောက်ဆုံးချိန်တွေ အထိ..

အတူတူရှိဖို့ ကြုးစားခဲ့မှာပါ...

ရင်ခုန်နေရခြင်းကိုစိုက်ပျိုးရင်းနဲ့ပေါ့... .

bad world.........

လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…

သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။

စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။

ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။

အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။

တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။

စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။

ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။

တခြားသော...............

မနက်ခင်းတွေမှာခိုတွေကညွတ်အိလေးလံလို.

ကုသိုလ်ကံရဲ. အသံမှာအသက်ဇီဝကို ရန်ရှာမိတယ်

တိုနှစ်ယောက်တင်ဆက်ခဲ့တဲ့ သရုပ်ဖော်ဂီတတခုလေ

“လျှပ်ဆီးတလက်လက်၊ထီးကလေးတချောင်းနဲ.အသက်ကိုမျှဆောင်းခဲ့ “

ဒီမနက်မှာတော.ဘယ်တဖက်ညာတဖက်သားကြောပျက်လေရဲ.

ပြကဒိန်ဟာသက်တမ်းကုန်ဆုံးခဲ့ပေမဲ့ ငါလေမင်းမျက်နှာလေးကို ဖြုက်မချရက်တာနဲ.နရံမှာဒီအတိုင်းထားရတယ်

ငါ့အစားအသောက်မှာမင်းရိုက်နိုပ်ခဲ့တဲ့ရက်စွဲလဲ လွန်ခဲ့

ငါ့အသက်ဓါတ်မှာ မင်းအတိုးသက်ရမယ်. အနမ်းလည်းလွန်ခဲ့

မင်းအခွန်မင်းပြန်နွှာကြည်ရင် တုန်လှုပ်ချောက်ချားမှု. ကိုတွေရမယ် ငါတယောက်ထဲ ဘယ်လိုကုန်ဆုံးရမှန်း မသိတဲ့ နေတွေလည်း

ဘယ်လိုကုန်ဆုံးခဲ့မှန်းမသိတော.ဘူး

ငါတယောက်ထဲဘယ်လိုကုန်ဆုံးရမှန်းမသိတဲ့ ညတွေလည်း ဘယ်လိုကုန်ဆုံးခဲ့မှန်းမသိတော.ဘူး

ငါ့နားဝေးတဲ့တနယ်တကျေးမှာ ဘယ်လိုတေးတွေမင်းဆိုနေသလဲ

ငါ့မျက်လုံကန်းတဲ့ တဖက်ကမ်းမှာ ဘယ်လိုလမ်းတွေ မင်းဖောက်နေလဲ

အဝေးပြေးကားတွေ မထွက်ခွါခင် တရွက်ကျန်လတ်မှက်လေးကိုမှ ကိုယ်အသက်ကိုယ် ဖြတ်ခဲ့မိလေခြင်း

”မင်း----မင်း ဘာလို.မငြင်းခဲ့တာလဲ ”

အခုတော.ဖျပ်ဖျပ်လူးရင်းထ ဘယ်လိုတရား နဲ.မှ ဖြေမရပေါ့

world ၀င်ရိုးစွန်း နှစ်ဖက်ရင်ခြင်းဆက် ခေတ်ကြီးမှာမှ တယောက်ကိုတယောက်

ရုပ်မမြင်ရ အသံမကြားရ အသံကုန်အော် ခဲ့သမျှ အသံသာကုန်ခဲ့ရ

ငါတိုညီညွတ်ခဲ့တဲ့ ဂစ်တာခြောက်ကြိုး ငါတို.ဘ၀ကိုဘယ်သူရိုက်ချိုးတာလဲ မင်းလည်းကြိုးလျှော.ခဲ့ပြီ ငါလည်းလက်ကွက်မေ့ခဲ့ပြီ

ငါ.အေးစက်သွေပျက်မှု.နဲ့ တုန်လှုပ်ပျံ.လွင်.လေ အမှောင်ထဲတ၀က်ကျ နေရောင်ထဲတစ်ဝက် လောင်ကျွမ်းနေတော.တယ်

ကောင်းကင်ကကြယ်ကိုကြည့်.....

တစ်ချိန်က သိပ်ချစ်ကြတဲ. ချစ်သူစုံတွဲလေး ရှိခဲ့ဘူးတယ်
မြူးကြွသွက်လက်တဲ့ သူတို့ ချစ်သူနှစ်ယောက်ဟာ
မျက်စိအောက်ကကို အပျောက်မခံကြဘူးပေါ့


တမာပင်တန်းက မြေနီလမ်းကလေးတွေမှာ ကနွဲကလျမှီခိုယှဉ်တွဲပြီး
ကျေးငှက်ကလေးတွေရဲ့ စကားသံတွေကိုကောင်လေးက ဘာသာပြန်ဆိုတော့
ငြင်းလိုက်ခုံလိုက် ရယ်မောလိုက်နဲ့ ဆည်းဆာညနေခင်းလေးများစွာ
သံယောဇဉ်နှောင်ဖွဲ့လို့ တွယ်တာခဲ.ကြတယ်


စက်ဘီးလေးတွေ ကိုယ်စီနင်းလို့ ဆောင်းဦးနှင်းမှုန်တွေကြားမှာ ၊
ကန်ဘောင်လေးပေါ်က ခုံတန်းလေးမှာ လေပြေနှင်းပွင်.ရနံ့လေးတွေ
ရှုရှိုက်ရင်း စိတ်ကူးယဉ်အိပ်မက်လေးများစွာကို တိုင်ပင်ဖလှယ်ခဲ.ကြတယ်


Romantic ဆန်ဆန်ကော်ဖီဆိုင်လေးတွေမှာလဲ သီချင်းတွေကို ကိုယ်တိုင်
ဆိုပြရမယ်လ.ိုပူဆာတော. နွဲ.ဆိုးလေး သူ.ဘေးမှာ ဟန်ပါပါလေးဆိုခဲ.ရသေးတယ်


လရောင်တွေဖြာလင်းတောက်ပတဲ. ညလေးတွေမှာ ချစ်သူအိမ်ရှေ. ဂစ်တာဝိုင်းလေးနဲ.
တေးဝိညဉ်လေးတွေကို စေပို.လို ကောင်မလေးကို ချော.သိပ်ပေးခဲ့ပါတယ်


April 26 ရက်နေ.ရောက်တိုင်း ချစ်သူနေ.လ.ိုသီးသန်.သတ်မှတ်ပြီး သူငယ်ချင်းများနဲ.
မမေ.နိုင်တဲ.အမှတ်တရ ပွဲလေးတွေကို ပျော်ရွှင်ကြည်နူးစွာ မှတ်တမ်းတင်ဆင်နွှဲခဲ.ကြတယ်


အာရုဏ်ဦးနံနက်တိုင်း ကောင်မလေးရဲ. ခြံတံခါးဝ နှင်းဆီဝါလေးချိတ်ဆွဲလို. နှုတ်ဆက်ခြင်းဟာလဲ
ရိုးမသွားတဲ. ဂရုစိုက်မှုလေးများအဖြစ် ကောင်မလေးသိမ်းယူစုဆောင်းထားတဲ.
ပန်းခြောက်ကလေးတွေက သက်သေပြခဲ့ တယ်


ကောင်မလေးစိတ်ကောက်နေရင် ဗလောင်ဆူပြေးလွှားနေတဲ.
ကောင်လေးဟာ သူ.သူငယ်ချင်းတွေကြားထဲမှာအကဲပိုလွန်းသူအဖြစ်
ဝိုင်းဝန်းညှင်းပန်းတာကိုလဲ မျက်နှာငယ်လေးနဲ. သနားအောင်နေပြတတ်ခဲ.တယ်



ဘုရားဖူးခရီးဆို တောင်ပေါ်မြေပြန်.နေရာနှံ.အောင် မိဘစကား လိမ်လှဲ.စားပြီး
ရှိခိုးအတူ ကုသိုလ်ယူခဲ.ကြသေးတယ်

မလွှဲသာလို. ခဏတာခွဲရတော. မယ်ဆိုရင်တောင် ကိုယ်စီမှာတမ်းတွေခြွေ မျက်ရည်တွေဝေ.သီရင်း
နှုတ်ဆက်တဲ.အပြုံး မဆုံးသေးခင် ရှိုက်သံဝင်လို. ပြေးထွက်ခဲ.ကြတယ်.........

ဒီလိုန.ဲ ............သိပ်ချစ်ကြတဲ. သူတို.နှစ်ဦး ထာဝရရည်စူး ချစ်နေဖူးခဲ.တယ်. ................

ဒါပေမဲ. ............................................................................

ယနေ.ထက်ထိ ကောင်းကင်ယံမှာ မြင်တွေ.နိုင်တဲ.
`ခွန်ဆန်လောနှင်. နန်းဦးပြင်း ´ဆိုတဲ. ကြယ်ချစ်သူတွေလို

ကောင်လေးနဲ.ကောင်မလေးလည်း..............................!

Monday, February 1, 2010

Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုး ကီးဘုတ်ကနေသုံးလို. ရတဲ့နည်းပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး
ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊