Saturday, July 10, 2010

လွမ်းချင်း

နံနက်မိုးလင်းတိုင်း နှိုးတတ်တဲ့
အမေရဲ့ အသံကို
လွမ်းတယ်..........
အိမ်ပြန် နောက်ကျတိုင်း
မာန်မဲတတ်တဲ့
အဖေရဲ့ အသံကို
လွမ်းတယ်...........
တွေ့လိုက်တိုင်း
တယောလေးလို ချွဲတတ်တဲ့
ချစ်သူရဲ့ အသံကိုလည်း
လွမ်းတယ်...........
ကြားနေကြ သံရှည်ဆွဲတတ်တဲ့
မီးရထား ဥသြသံကိုလည်း
လွမ်းတယ်.............
အမြဲတမ်းဆူညံနေတဲ့လမ်းမပေါ်က စပယ်ယာအသံလည်း
လွမ်းမိတယ်...........
ဟော.........်သီချင်းသံတွေ
သဲ့သဲ့ ကြားနေရပါလား..
ဟော..ဟော.....
လမ်းဘေးဆိုင်က ဖွင့်ထားတာကိုး
ငါရဲ့ နားထဲမှာ
ညိုးညိုးညံအောင် ကြားနေရပါလား....
ဟင်..........
ငါ....အိပ်မက် မက်နေတာပါလား
သြော်....ဒါ...ဒါ
မြန်မာပြည်မှ မဟုတ်တာ......

Friday, July 9, 2010

၇ိုး၇ိုးလေးပါ

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ
လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

တစ်ခါတစ်ရံ မင်းမရှိတဲ့ရာသီမှာ
ငါဆိုတဲ့ မြို့ပြသားကောင်ဟာ
ပြိုင်ဘက်မပါတဲ့ နေ့စွဲတွေကိုငေးမောဆဲ
ထိုရာသီ...
ဘာမှန်းမသိဘဲ ကာလာတစ်ခုလျှံကျ
အ၀ါရောင်.....

ဒေးကားလည်းပြောခဲ့တာပဲ၊
က၀ါဘာတရဲ့ မှဲ့အကြောင်း ငါမစဉ်းစားတော့ဘူး။
အ၀ါရောင်ကာလရဲ့ ပြဌာန်းချက်ထဲ
ချစ်သူ...နင်မပါပေမယ့် ငါဆိုတဲ့နေ့စွဲက
အ၀ါရောင်မြစ်ပြင်ထဲ ခုန်ခုန်ချနေရ
နင်မသိပေမယ့် သိနေတယ်လေ။

နှင်းငွေ့တွေကို ငွေ့ရည်ဖွဲ့ကာ စားသုံးဖို့
ပါမစ်ကျခွင့်မရှိသေးတဲ့ ငါဆိုတဲ့ကာလာဟာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ...
ပြာလဲ့လဲ့နှင်းမှုန်ကြားထဲမှာ အ၀ါရောင်၊
အ၀ါရောင်၊ အ၀ါရောင်၊ အ၀ါရောင်၊
်အ.....၀ါ.....ရောင်

ငါဆိုတာ ခြေတစ်ဖတ်ကျိုးနေတဲ့
ပြိုင်းမြင်းတစ်ကောင်လို.....
မောဟတစ်ခု မြစ်ပြင်ထဲ စီးမျောရင်း........

မီန်းကလေးေ၇

မိန်းကလေးရေ
အိပ်ပျော်နေနေတဲ့ နှလုံးသားကို
မင်းပဲလှုပ်နိုးခဲ့တယ်။
ပျော်ရွှင်မှုဆိုတာလည်း
မင်းနဲ့တွေမှ ရရှိခဲ့တယ်။
ချစ်တက်အောင်လည်း
မင်းပဲ သင်ပေးခဲ့တယ်။
အလွမ်းတွေပေးပြီး
မင်းပဲ လမ်းခွဲသွားတယ်။
အသည်းကွဲအောင်လည်း
မင်းပဲ ဖန်ဆင်းခဲ့တယ်။
ဒါပေမယ့် မိနးကလေးရယ်......
မေ့တက်အောင်
ဘာလို့ မသင်ပေးခဲ့တာလဲ။