Tuesday, January 26, 2010

သူငယ်ချင်းများကိုဖိတ်ကြားခြင်း


ကျွန်တော်တို့ ဒေ၀ူးသင်္ဘောကျင်း ရွှေညီအစ်ကိုများမှ မိမိတို့ချွှေးနည်းစာဖြင့် ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသောလှူဒါန်းဖွယ်ရာ အဖြာဖြာတို့ဖြင့်ဆပ်ကပ်လှူဒါန်းခြင်း၊ဓမ္မဒူတကျောင်းတော်၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် တို့တွင်ငွေပဒေသာပင်စိုက်ထူလှူန်းခြင်း၊ကြွရောက်လာသော ဧည့်ပရိသတ်တို့အား မြန်မာထမင်းဟင်း တို့ဖြင့်ဧည့်ခံကျွှေးမွေးခြင်း အစရှိသော ကုသိုလ်ကောင်းမှု့တို့ကိုပြုလုပ်မည်ဖြစ်ပါသော ကြောင့် ကောင်းမှု့ရှင်ဖြစ်သော ကျနော်များ ဒေ၀ူးသင်္ဘောကျင်း ရွှေညီအစ်ကိုများနှင့်အတူ ကုသိုလ်တော်ယူ တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့် နေရာ ~~~~~ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်းတော် (၀၃၂ ၅၁၁ ၂၈၄၁)
ကျင်းပမည့် နေ့ရက် ~~~~~ ၁၃.၂.၁၀ ( စနေ နေ့ )
ကျင်းပမည့် အချိန် ~~~~~ နံနက် ၆နာရီ မှ နေ့လည် ၂နာရီ အထိ။

vivaldi park ski world (ဗီဗယ်လ်ဒီစကိတ်စီးအပန်းဖြေဥယျာဉ်)

Monday, January 11, 2010

အင်္ဂလိပ်သီချင်း

ဘ၀၇ဲ့လိုအင်

အတွေးအမှောင် ညသန်းခေါင်မှာ
စိတ်၏ရမ္မက် အဆိပ်တက်လို့
လူးလွန့်လှုပ်ရှား သောကများလဲ
တိတ်ဆိတ်ခြင်းမှာ ခရီးဆက်ကြပြီ။။။။။။။။

နံနက်မိုးသောက် အလင်းရောက်လို့
ဘ၀အတွေး စိတ်မအေးလည်း
ဝမ်းရေးအတွက် ငါရှေ့ဆက်ဖို့
လက်တွေ့ခရီးမှာ မျောရပြန်ပြီ။။။

အလင်းနဲ့အမှောင် နေ့တစ်နေ့လည်ပတ်
တစ်ရက်ထက်တစ်ရက် ငါရှေ့ဆက်လို့
သံသရာရထား ဘယ်ထိသွားမလဲ
နိဂုံးဘ၀ အဆုံးသတ်ဖို့
ငါရှေ့ဆက်လို့ထွက်ခဲ့မယ်။။။။

ဘ၀အမော ဖြေပျောက်စေဖို့
မင်းရင်ခွင်မှာ ချွေးသိပ်ခိုကာ
ကြင်နာတရား ချစ်ခြင်းများဖြင့်
ချော့မြူပေးပါ မိန်းကလေးရယ်။။။။

မညီမညာနေ၀င်နေထွက်များ

မျိုသိပ်ပါများလို့ ပွင့်အန်ထွက်ကျလာတဲ့ခံစားချက်တွေ

အရည်ဖျော်သောက်မိရင် အဆိပ်သင့်လောက်တယ်

ဖျက်သန်းလာတဲ့နာရီတွေမချိုဘူး

နေ၀င်ချိန်တွေခါးတယ် ခါးလို့ခါးမှန်းမသိအောင်ကိုခါးတယ်

အိပ်တန်းပြန်ချိန် ကိုင်းပျောက်တဲ့ငှက်တစ်ကောင်အဖြစ်

ဟန်မဆောင်ပဲ အလိုလိုရောက်ခဲ့ဖူးတယ်

ခြောက်သွေ့သွေ့လမ်းတွေပေါ်မှာ အာရုံနောက်ရလို့

ငါလည်းအခုဆို အနေအထိုင်တတ်ခဲ့ပြီ

ဘာပဲပြောပြော သင်ခန်းစာတွေတစ်ခုခုပြီးတစ်ခု

အိမ်ပြန်ချိန်တွေတစ်ရက်ပြီးတစ်ရက်

ဒီလိုနဲ့ပဲ နှလုံးခုန်ကြိမ်တွေ တဖြည်းဖြည်းရော့

Friday, January 8, 2010

နွားနို့တစ်ခွက်

တစ်ခါက…….. ပစ္စည်းသေးသေး မွှားမွှားလေးတွေကို အိမ်ပေါက်စေ့ လိုက်လံရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ပါတယ်… တစ်နေ့တော့… အဲဒီလို ဈေးလိုက်ရောင်းရင်း ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေပါပြီ…. သူ့လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်.. အစားအသောက်ဝယ်စားဖို့ လုံလောက်တဲ့ ငွေပမာဏ မဟုတ်တော့ပါဘူး….ဒါကြောင့် အိမ်တစ်အိမ်အိမ်မှာ အစားအစာ တစ်ခုခု ရလိုရငြား အကူအညီ တောင်းကြည့်ဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်…. သို့သော်လည်း….. သူခေါက်မိတဲ့ အိမ်တံခါးကို လာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ချစ်စရာ မိန်းမပျိုလေး ဖြစ်နေတာ တွေ့ရတော့ အစားအသောက် တစ်ခုခု တောင်းဖို့ သူ တွန့်ဆုတ်သွားခဲ့ရပါတယ်… ဒါနဲ့ဘဲ အစားတစ်ခုခု တောင်းရမဲ့အစား ရေတစ်ခွက်လောက် သောက်ပါရစေ လို့သာ သူ့နှုတ်က ထွက်သွားခဲ့ပါတယ်……. မိန်းမပျိုလေးက ကြည့်လိုက်တာနဲ့ သူ့ရဲ့ ဆာလောင် မွတ်သိပ်နေမှုကို သိမြင်လိုက်ပါတယ်..

ဒါကြောင့် နွားနို့ဖန်ခွက်ကြီးကြီး တစ်ခွက် အပြည့်ကို ယူလာပြီး ကောင်လေးကို ပေးလိုက်ပါတယ်..ကောင်လေးက ဖြေးညင်းစွာသောက်ရင်းက မေးလိုက်ပါတယ်….



“ ဒီနွားနို့အတွက် ကျွန်တော် ဘယ်လောက်ပေးရပါမလဲ ခင်ဗျာ “

မိန်းကလေးက ပြန်ဖြေပါတယ်…

“ဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး.. ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ အတွက် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက် မခံဖို့ ကျွန်မကို သင်ပေးထားပါတယ် “

“အိုး… ဒီလိုဆိုရင်ဖြင့် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ…. ”

ကောင်လေးက ပြန်ပြောပြီး အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်…

နွားနို့တစ်ခွက်ကြောင့် သူ့ကိုယ်ခန္ဓာမှာ အင်အားပြည့်လာရုံတင်မက စိတ်ဓာတ်အင်အားပါ မြှင့်တက် လာတယ်လို့ သူယုံကြည်လာတယ်.. လောကကြီးမှာ ခုန နွားနို့တိုက်လိုက်တဲ့ မိန်းခလေးလို အကြင်နာတရား ပြည့်ဝသူများလည်း ရှိပါသေးလား ဆိုတာ သူသဘောပေါက်လာတယ်… သူဟာ ဆင်းရဲလှတဲ့ သူ့ဘ၀အနေ အထားကြောင့် ဘ၀ကို အရှုံးပေးဖို့ အထိပါ သူစဉ်းစားခဲ့ဖူးတယ်.. ဒါပေမဲ့ ခုချိန်မှာတော့ နွားနို့တစ်ခွက်ရဲ့ ကျေးဇူးကြောင့် မယုံနိုင်စရာ အင်အားတွေ သူ ရရှိခဲ့ပါပြီ……

နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်.. အဲဒီမြို့က ဆရာဝန်တွေလဲ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေတယ်….. နောက်ဆုံးတော့ မြို့ကြီးက ဆေးရုံကြီးတစ်ရုံမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးနဲ့ ကုသဖို့ ခေါ်လာပါတယ်… အဲဒီဆေးရုံက ဆရာဝန်ကြီးဟာ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ ကြားလိုက်ရော.. ထူးဆန်းတဲ့ လင်းလက်မှုလေး တစ်ခု သူ့မျက်လုံးမှာ ပေါ်လာပါတယ်… သူ ရုတ်တရက် အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျှော ၀င်သွားပါတယ်.. ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာ မိန်းကလေးကို သွားကြည့်ပါတယ်.. ချက်ခြင်းဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..

သူ့ရဲ့ ဆေးကုသခန်းထဲကို ပြန်ဝင်လာပြီးတော့ သူမအသက်ကို ကယ်ဖို့အတွက် သူတတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသမှုကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်…… အဲဒီနေ့ကစလို့ ဆရာဝန်ကြီးဟာ သူကိုယ်တိုင် အထူးဂရုစိုက်ပြီး အကောင်းဆုံး ကုသမှုကိုပေးပါတယ်.. ရက်ပေါင်း အတော်ကြာတဲ့အခါမှာတော့ ဆရာဝန်ကြီး အနိုင်ရသွားပါပြီ.. လူနာအသက်ကို သူ ကယ်လိုက် နိုင်ပါပြီ…. ဆရာဝန်ကြီးက ဆေးရုံကုသစရိတ် ပေးချေရာဌာနမှာ မိန်းခလေး အတွက် ကျသင့်တဲ့ ဆေးဖိုး ကုန်ကျစရိတ် ဘီလ် စာရွက်ကို သူ့ဆီကို ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်….. ဘီလ် ရောက်လာတဲ့အခါ ဆရာဝန်ကြီးက တစ်ချက် ကြည့်လိုက်ပြီးတော့ ဘီလ်ရဲ့ အောက်ဆုံးမှာ တစ်စုံတစ်ခုကို ရေးချလိုက်ပါတယ်….. ရေးချလိုက်ပြီးတဲ့ အခါမှာတော့ မိန်းခလေးဆီကို ပို့ခိုင်းလိုက်ပါတယ်..

မိန်းခလေးဆီကို ဘီလ်စာရွက် ရောက်လာတဲ့အခါမှာ စာရွက်ကို ဖွင့်ကြည့်ဖို့သူမ ကြောက်ရွံ့နေမိပါတယ်…. သေချာတာ တစ်ခုကတော့ ဒီဆေးကုသစရိတ်ကို သူမကျန်ရှိနေတဲ့ ဘ၀တစ်လျှောက်လုံး ဆပ်ရင်တောင် ကြေနိုင်မယ် မထင်ပါဘူး…. သို့သော်လည်း နောက်ဆုံးတော့ စာရွက်ကို သူမ ဖွင့်ကြည့်လိုက်ပါတယ်.. ဖွင့်လိုက်တဲ့ အခါမှာတော့ စာရွက်အောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းလေးက သူမရဲ့အာရုံ တစ်ခုလုံးကို ဖမ်းစားထားလိုက်ပါတယ်….

” ကျသင့်သမျှ ဆေးဖိုးအားလုံး နွားနို့တစ်ခွက်နဲ့ ပေးချေပြီးပါပြီ ”

အောက်မှာတော့ သူမငယ်စဉ်က နွားနို့တစ်ခွက်တိုက်ခဲ့ဖူးတဲ့ ကောင်လေးရဲ့နံမည်ပါ….

ခုချိန်မှာတော့ ဆရာဝန်ကြီး “ဟောဝတ်ကယ်လီ” ပါ….

http://www.funzug.com/index.php/stories/kindness-pays-well-story.html ဒီနေရာလေးကနေ ဘာသာပြန်လိုက်ပါတယ်

ကိုး၇ီးယားသီချင်း

ထစ်ချူန်းမိုး(ဇော်ဝင်းထဋ်+မျိုးကျော့မြိုင်)

Friday, January 1, 2010

slideshowလေးတစ်ခုပြုလုပ်၇အောင်

ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးမှာ Slide Show Effect ကိုတင်ချင်တယ်ဆိုရင် အောက်ကပေးထားတဲ့ Website မှာသွားရောက်ဖန်တီးလို့ရပါတယ်။
ဝဗ်ဆိုဒ်လိပ်စာက www.photobucket.com ပါ။ အရင်ဆုံးအဲဒီမှာ ရီဂျစ်စတာလုပ်ပါ။ ပြီးရင် Sign Up လုပ်ပြီးဝင်လိုက်ပါ။ ပြီးတာနဲ့ ကိုယ် Slideshow အဖြစ်ဖန်တီးချင်တဲ့ ပုံတွေကို Choose upload file ကနေပြီး Upload ပြုလုပ်ပါ။ အဲဒီမှာကိုယ်ရဲ့ Profile ထဲကို Upload ပုံတွေရောက်သွားပါလိမ့်မယ်။ ပြီးရင်အပေါ်နားက Menu Button တွေထဲမှာ SlideShow ဆိုတဲ့ Button ကိုနှိပ်ပါ။ အဲဒီအခါကျရင် Slideshow ပြုလုပ်ပုံအဆင့်ဆင့်ကို ပြပေးပါလိမ့်မယ်။ အရင်ဆုံး မိမိပုံတွေကို Click နှိပ်ပြီးရွေးပါ။ ပြီးရင် Slideshow Templete တွေကိုရွေးပါ။ ပြီးရင် Save လုပ်လိုက်ပါ။ အဲဒီအခါကျရင် သင့်ရဲ့ profile မှာ သင့်ဖန်တီးထားတဲ့ Slideshow လေးကရောက်နေပါလိမ့်မယ်။ အဲဒီအပေါ် Mouse Arrow လေးတင်လိုက်တာနဲ့ သင့်ဘလော့ဂ်မှာတင်ဖို့အတွက် html Code ကိုပေးပါလိမ့်မယ်။ အဲဒီကနေ Copy ကူးပြီးမိမိရဲ့ဘလော့ဂ်မှာ Paste လုပ်လိုက်မယ်ဆိုရင် ကိုယ်တင်ချင်တဲ့ Slide Show လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်။

အဝေးေ၇ာက်ချစ်မိသူ

အနေနီးမှ အချစ်တစ်ခု
ရှင်သန် ပေါက်ဖွားနိုင်မယ်ဆိုရင်
တစ်နေရာစီ
ဝေးကွာနေတဲ့
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေက
ရှင်သန်ဖို့ ခက်ခဲလွန်းနေခဲ့ပြီလား
ချစ်သူ........
အနာဂတ်မှာ
မင်းမရှိတဲ့ ငါ့အဖြစ်
မင်းမရှိတဲ့ ငါ့အချစ်တွေ
ရှင်သန် ပေါက်ဖွားနိုင်ဖို့
တမ်းတမှုတွေနဲ့
အရောက်လှမ်းလာမဲ့ ငါ့ကို
မင်းနဲ့အတူရှိနေခွင့်ပေးပါ.........

ပြသိုလ်လပြည့် အမေနေ့မှာ

အမေမေတ္တာ အနန္ဒပင်လယ်
ကမ္ဘာ့၇ွာတောင် ခါးစောင်းတင်ကိုင်လှုပ်
တဗြုန်းဗြုန်းတောင် မြည်စေသတဲ့ ။
အမေ့ကျေးဇူး အမြင့်ဆုံးဟု
ခိုင်နှိုင်းတင်စား မြင့်မို၇်တောင်မှ
တ၇ှုံ့၇ှုံ့ နဲ့ ငိုစေသတဲ့ ။
အမေ့အေး၇ိပ် ထန်းလက်အိမ်က
ခပ်ဟဟ၇ဲ့ အိုဇုန်းလွှာပေါက်
တံစက်မြိတ်ချိုး ထထိုးလိုက်တာ
တိ ခနဲ့ တောင် ပိတ်စေသတဲ့ ။
အမေ့နို့စက် သောက်စို့ယုံမျှ
ကိုးဆယ့်ခြောက်ပါး နှစ်ပါးပေါင်း၍
ဆားေ၇ာဂါနဲ့ ဝက်ငုက်တုပ်ကွေး
ဟင် ခနဲတောင် ဆလံပေးသတဲ့ ။
အမေ့၇င်ခွင် ခပ်ကျဉ်းကျဉ်းက
အလုံခြုံဆုံးလို့ ဆူနာငလျင်
ကိုနာဂစ်တောင် မျက်ဖြူစိုက်လို့
အား ခနဲတောင် အော်ပြေးသတဲ့ ။
အမေအကြောင်း ဖွဲ့နွဲ့သံစဉ်
သီးကုံ၇စ်ပတ် ထုံးဖွဲ့မမှီ
ဥဒါန်းမကြေ ခိုင်းနှိုင်းတ၇ား
မ၇ှိ၇ာဟု တို့ဗုဒ္ဓဟော
၇ှိခဲ့လေပြီ ။
ပြာသိုလ်လပြည့် အမေများနေ့မှာ
အမေကိုချစ်တဲ့ သားဆိုးတွေအတွက်
တထွာတမိုက် ဥဏ်တကိုက်နဲ့
သားမိုက်ကျွန်တော် ၇ည်းစူးမှန်မျှော်
ကန်တော့ပါ၏ အမေ ။
ချစ်သောမေမေ ကို တမ်းတ၇င်း......................