Sunday, January 2, 2011

သူယောင်မယ်သီး



ထိုင်းဘာသာစကားနဲ့ဆိုရင်တော့ ဒီအံ့သြဖွယ်ရာ အပင်ကို Nareepol လို့ခေါ်ပါတယ် ။ Naree ဆိုတာက မိန်းက လေးကိုရည်ညွှန်းပြီး pol ဆိုတာကတော့ သစ်ပင် ၊ အပင်တွေကိုရည်ညွှန်းပါတယ် ။ မလေးလိုဆိုရင်တော့ Buah လို့ခေါ်တွင်ပါတယ် ။ ဒါဟာ ကမ္ဘာပေါ်မှာ ဘုရားသခင်ဖန်ဆင်းပေးခဲ့တဲ့အရာတွေအနက် မှာအထူးဆန်းဆုံး အရာတစ်ခုလည်းဖြစ်ပါတယ် ။ ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ လောက်ကွာဝေးတဲ့ Petchaboon စီရင်စုမှာ တကယ့် သူယောင်မယ်သီးတွေသီးတဲ့ သစ်ပင်တွေကို သင်သွားရောက်လေ့လာနိုင်ပါတယ် ။

Saturday, January 1, 2011


나 같은 여자
ကျွန်မလို မိန်းကလေး

매력 있다는 말 참괜찮다는 말
ဆွဲဆောင်မှု ရှိတယ်၊ မဆိုးဘူးပဲဆိုတဲ့ စကား

집이 어디냔 말 듣기엔 즣은 말
ဘယ်မှာနေလဲဆိုတဲ့၊ နားထောင်ကောင်း(နားဝင်ချို)တဲ့ စကားမျိုး

내 얘기 아니야 다 장난일 거야
ကျွန်မနဲ့ မဆိုင်ပါလား၊ အားလုံး အလကား(အချည်းအနှီး)ပါပဲလေ။

사랑이 와도 버릇처럼 밀어내는 걸
အချစ်တခု လာတိုင်း အကျင့်တခုလို တွန်းဖယ်နေဆဲ

새벽 두 시 모르는 전화가 왔을때
မနက် ၂နာရီမှန်းလဲမသိ ဖုန်းမြည်တဲ့အခါ

달려가지않아 깨어나지 않아 니가 아닌 걸
အပြေးမသွားတော့ပါဘူး၊ အိပ်ယာက မထတော့ပါဘူး၊ ရှင့်ဖုန်း မဟုတ်တာ သိနေတော့လေ

이유없이 또마시고 두근대는 가슴만 꼭 너를 기억해
(အရက်တွေ) အကြောင်းမဲ့ ဆက်သောက်ရင်း၊ ခုန်နေတဲ့ ရင်က ရှင့်ကို အမြဲ အမှတ်ရနေမိတယ်

나같은 여자는 눈물이 많아서 상처도 많아서 모두 떠나가 게 말들고
ကျွန်မလို မိန်းကလေးမျိုးက မျက်ရည်လဲ လွယ်၊ ဒဏ်ရာတွေလဲ များလွန်းတော့ အားလုံးကို စွန့်ခွာသွားစေတယ်

나같은 여자는 머리도 나빠서 밀고 당기는 그사랑 하나 뭇해
ကျွန်မလို မိန်းကလေးမျိုးက စဉ်းစားဥာဏ်မဲ့လို့ အချစ်တခုကို လိုသလို ကြိုးမဆွဲနိုင်ဘူး

받는 것조차 너무 어려워
ရယူရမှာက ပို ခဲယဉ်းနေတတ်တယ်

다칠 걸 알면서 떠날 걸 알면서
နာကျင်ရမယ်မှန်း၊ ခွဲခွာသွားမယ်မှန်း သိသိချည်းနဲ့

왜 손은대는지 왜 맘이 가는지
ဘာလို့များ ကမ်းလင့်ခဲ့မိလဲ၊ ဘာလို့များ စိတ်ကစားမိခဲ့လဲ

눈물이 말라서 아픈지도 몰라
မျက်ရည်တွေ ခမ်းခြောက်၊ နာကျင်ရမှန်းလဲ မသိတော့

이렇게 살다 사랑하는 법도 잊겠어
ဒီလိုနဲ့ပဲ မချစ်တတ်တော့မှာကို စိုးရိမ်နေရ

니가없이 한동안 편하고 좋았어
ဟိုအရင် ရှင်မရှိခင် ကျွန်မဘ၀၊ အဆင်ပြေပြေနဲ့ ပျော်ရွှင်နေခဲ့တယ်

혼자인게 좋아 친구가 더 좋아 그양 살았서
တကိုယ်ရေ ဘ၀နဲ့၊ သူငယ်ချင်း အပေါင်းအသင်းတွေကို ပို နှစ်သက်ပြီး နေလာခဲ့

새로운 사람 만나면 미친듯이 사랑할 자신도 있었어
အချစ်သစ်ကို တွေ့ပြီး ရူးမတတ် ချစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့တယ်

나같은 여자는 눈물이 많아서 상처도 많서 모두 떠나가게 만들고
ကျွန်မလို မိန်းကလေးမျိုးက မျက်ရည်လဲ လွယ်၊ ဒဏ်ရာတွေလဲ များလွန်းတော့ အားလုံးကို စွန့်ခွာသွားစေတယ်

나같은 여자는 머리도 나빠서 밀고 당기는 그사랑 하나 뭇해
ကျွန်မလို မိန်းကလေးမျိုးက စဉ်းစားဥာဏ်မဲ့လွန်းတော့ အချစ်တစ်ခုကို လိုသလို ကြိုးမဆွဲနိုင်ခဲ့

받는 것조차 너무 어려워
ရယူရမှာလဲ ခဲယဉ်းနေတတ်တယ်

사랑이 우스웠고 이별도 잘하던 내가 이렇게 무너져가
အချစ်ကို လှောင်ပြောင်ပြီး လွယ်လွယ်ကူကူ လမ်းခွဲတတ်ခဲ့တဲ့ ကျွန်မ အခုတော့ ဒီလို လဲပြိုခဲ့ရပြီ

나같은 여자는 잘난 게 앖어서 눈치도 없어서 먼저 다가서지도 뭇하고
ကျွန်မလို မိန်းကလေးက သူများထက်လဲ မသာ၊ အရိပ်အကဲလဲ မသိလို့ နီးစပ်အောင်လဲ အရင် မကြိုးစားနိုင်ခဲ့ဘူး

나같은 여자는 잘할 수 있는데 시작만 하면 내가 또 싫어 질까
ကျွန်မလို မိန်းကလေးမျိုး အချစ်တခုကို စလိုက်တာနဲ့ တဖြည်းဖြည်းနဲ့ ငါ့ကို မုန်းများသွားမလား စိုးရိမ်ကြီးစွာ

언제 또 헤어질까 두려워
ဘယ်တော့များ တဖန် လမ်းခွဲရဦးမလဲ ကြောက်ရွံ့ စွာနဲ့ပေါ့ …………….