Tuesday, February 8, 2011

IPလိပ်စာ

(၁) IP address ဆိုတာ ဘာလဲ ?

TCP/IP = Transmission Control Protocol and Internet Protocol ဖြစ်ပါတယ် ။IP တစ်ခု ဟာ 32 bit binary number ဖြစ်ပြီး decimal ဂဏန်း 4 လုံးနဲ့ ဖော်ပြလေ့ ရှိပါတယ် ။decimal ဂဏန်း 1 လုံးစီဟာ 8 bits 0 to 255 (octets) ကိုကိုယ်စားပြုပါတယ် ။အဲလို ဖော်ပြတာကို “dotted decimal” လို့ ခေါ်ပါတယ် ။
Example; 140.179.220.200 (Dotted decimal)
10001100.10110011.11011100.11001000 (Binary)

(၂) အမျိုးအစား ဘယ်နှခု ရှိပါသလဲ ?

Classes အမျိုးအစားကို အခုလို ခွဲထားပါတယ် ။

Class Range of Address

A 1 to 126(127) binary 0xxx နဲ့ စ ပါတယ်။
B 128 to 191 binary 10xx နဲ့ စ ပါတယ်။
C 192 to 223 binary 110x နဲ့ စ ပါတယ်။
----------------------------------------------------------------------------
D 224 to 239 binary 1110 နဲ့ စ ပါတယ်။
E 240 to 254 binary 1111 နဲ့ စ ပါတယ်။
----------------------------------------------------------------------------
ကျန်နေတဲ့ 127(localhost) ကို local loopback အတွက်သုံးပါတယ် ။သင် 127.0.0.1 ကို ping ပြီးစမ်းသပ် နိုင် ပါတယ် ။Class D addresses ကို multicasting အတွက် သုံးပါတယ်။ Class E addresses ကိုတော့ future use ဆိုပြီးသတ်မှတ်ထားပါတယ် ။အဲဒါကြောင့်သင့်ရဲ့  IP address ကိုရိုက်တဲ့ အခါ 1 to 223 ကနေပဲ စရိုက်လို့ ရပါတယ် ။ 224 ကနေစပြီး နောက်ပိုင်းကို ရိုက်လို့ မရပါဘူး ။ အလွယ်တကူ စမ်းသပ် ကြည့်နိုင်ပါတယ် ။

Private Network Address ၄ ခုရှိပါတယ် ။

( Local loopback Address )- 127.0.0.1

( Class A )- 10.0.0.0
( Class B )- 172.16.0.0
( Class C )- 192.168.0.0

Class တွေကို ပုံမှန်အားဖြင့် ဘယ်လိုဆုံးဖြတ်သလဲ ဆိုတာ လေ့လာကြရအောင်- (N) က network ကိုကိုယ်စားပြုပြီး (n) က node ကိုကိုယ်စားပြုပါတယ် ။

- Class A -- NNNNNNNN.nnnnnnnn.nnnnnnn.nnnnnnn

- Class B -- NNNNNNNN.NNNNNNNN.nnnnnnnn.nnnnnnnn

- Class C -- NNNNNNNN.NNNNNNNN.NNNNNNNN.nnnnnnnn

အဲဒါကြောင့်
Class A ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 2^8 = 255 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 x 255 =16581373 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class B ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 =65025 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 x 255 = 65025 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

Class C ကိုသုံးမယ်ဆိုရင် network (N) ပေါင်း 255 x 255 x 255 =16581373 ကိုသုံးနိုင်မှာဖြစ်ပြီး အဲဒီ network ရဲ့ အောက်မှာ ကွန်ပျူတာပေါင်း (n)255 လုံးကိုတပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။

(IP address မှာ 192.168. တွေပဲ ဘာလို့ ဖြစ်နေရတာလဲ လို့ မကြာခဏ အမေးခံရပါတယ်။ကိုယ်သုံးမယ့်  ကွန်ပျူတာ အရေအတွက် (node) ဟာ 225 လုံးကို မကျော်ဘူး ဆိုရင် Class C ကိုပဲ သုံးကြလို့ပါ။)
နောက်တစ်ခုကတော့ node မှာ decimal no: 0 နဲ့  255 ကိုထည့်လို့ မရပါဘူး။(ဥပမာ- 192.168.1.0* / 192.168.1.255* )

IP address မှာ node portion all Ones (11111111)=255 က Broadcast Address ဖြစ်ပါတယ် ။
IP address မှာ node portion all Zeros (00000000)=0 က Network Address ဖြစ်ပါတယ် ။

မေး၃ခုတစ်ပြိုင်တဲဖွင့်မယ်

Gmail Account (၃)ခုလောက်ကိုBrowser တစ်ခုတည်းမှာပဲ တစ်ပြိုင်နက်တည်း Invisible နဲ့ဖွင့်ထားချင်ရင်

Gmail (၃)ခုလောက်ကို တစ်ပြိုင်တည်း စစ်ပြီး Special ဂျီပုန်းလုပ်ကြရအောင်
များသောအားဖြင့် Browser တစ်ခုမှာ mail တစ်ခုပဲ ဖွင့်လို့ ရတယ်လို့ ပဲ သိထားကြပါတယ် ။ အဲ့ဒါကြောင့် gmail အကောင့် နှစ်ခု သုံးခု ရှိတဲ့ သူတွေ အတွက် mail စစ်ရတာ ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး ။ တစ်ပြိုင်တည်း စစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ browser တွေကို အသုံးပြုရပါတယ် ။ (mozilla , IE , Chrome) အစရှိသဖြင့်ပေါ့ ။ အဲ့ဒါဆို ကွန်နက်ရှင် အခြေအနေနဲ့ ဘာနဲ့  ညာနဲ့  အဆင်မပြေမှုတွေ အရမ်းများပါတယ် ။ ပြီးတော့ invisible နဲ့ ဂျီပုန်းလုပ်ပြီး ပတ်ပြေးနေတဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး ။
ဒါပေမဲ့ ခုနောက်ထပ် Gmail မှာ feature တစ်ခုအနေနဲ့  Use multiple Google Accounts in the same web browser. ဆိုပြီး ထပ်ပေါင်းထည့်ပေးထားပါတယ် ။
လုပ်ဆောင်ရမှာကလည်း လွယ်မှလွယ်။ အရင်ဆုံး password ချိန်းမဲ့ အဆင့်တွေ အတိုင်း အရင် သွားလိုက်ပေါ့ ။ Mail ထဲမှာ ။
(အဲ .. အဲ့ဒါက တစ်ခါတည်း လုပ်ပေးထားရုံနဲ့  တစ်သက်လုံး သုံးလို့ ရတယ်နော်... ။ )

Mail -->>Settings-->>Account and Imports-->>Google account settings အဲ့အဆင့်တွေ အတိုင်း သွားပြီးပြီ ဆိုရင်တော့ Personal Settings ဆိုတဲ့ နေရာလေးမှာ အောက်ပါ ပုံလေးအတိုင်း ထပ်ပေါင်းထည့်ပေးထားတဲ့ feature လေးကို မြင်ရမှာ ဖြစ်ပါတယ် ။ (မျက်စိပဲ ရှမ်းတာလား ဘာလားတော့မသိဘူး အရင်က မမြင်မိတာတော့ သေချာတယ်)



အဲ့မှာ edit ကို နှိပ်ပေါ့ .. နှိပ်လိုက်တာနဲ့  လောလောဆယ်တော့ off ဆိုတာကို ရွေးထားလိမ့်မယ် ။ အဲ့မှာ အပေါ် က On ဆိုတာလေးကို ရွေး ၊ Check Box 4 ခုလုံးကို အမှန်ခြစ်ထည့်



ပုံမှာ ပြထားတဲ့ အတိုင်းပေါ့ ။ ပြီးရင်တော့ Save ကို နှိပ်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ လုပ်ဆောင်ချက်တွေ အားလုံး ပြီးသွားပါပြီ ။ mail ကို ပြန်သွားပြီး Refresh(F5) တစ်ချက် နှိပ်ပေးလိုက်ပါ ။ အဲ့ဒါဆိုရင်တော့ အပေါ်ထောင့်က မိမိ account name ရဲ့ ဘေးနားမှာ ဒီလိုလေး ပေါ်လာပါပြီ ။



အဲ့မှာ sign in to another account ကို နှိပ်လိုက်တာနဲ့  (mozilla ပဲ သုံးတယ် ဆိုကြပါစို့ )browser ရဲ့  tab နောက်တစ်ခုမှာ



ဒီလိုလေး sign in page လေး ကျလာပါလိမ့်မယ် ။ အဲ့ဒါဆိုရင်တော့ Browser တစ်ခုထဲမှာပဲ မိမိရဲ့  gmail account (၃)ခုလောက်ကို တစ်ပြိုင်တည်း ဖွင့်လို့ ရနိုင်ပါပြီ ။ တကယ်လို့ နောက်ထပ် ဖွင့်လိုက်တဲ့ အကောင့်က မပေါ်ပဲ အရင်အကောင့်ပဲ ပေါ်နေတယ်ဆိုရင် ခုနက အကောင့်ဘေးနားရဲ့ မြှားလေးမှာ မိမိ ဖွင့်ထားရင် ဖွင့်ထားတဲ့ အကောင့် နာမည်တွေ ပေါ်နေပါလိမ့်မယ် ။ အဲ့ဒါလေးတွေကို ရွေးပေးလိုက်ရုံနဲ့  browser တစ်ခုထဲမှာ အဆင်ပြေပြေနဲ့  mail တွေ အကုန်လုံး စစ်လို့ ရနိုင်ပြီး အကောင့်တွေ ကိုလည်း တစ်ပြိုင်တည်း invisible (ဂျီပုန်း) လုပ်နိုင်ပြီ ဖြစ်ပါတယ် ။
(ဒါပေမဲ့ အဲ့နေရာမှာ တစ်ခုတော့ အဆင်မပြေတာ ရှိပါတယ် .. multiple ၀င်ထားတဲ့ mail အကောင့် တစ်ခုခု sign out လုပ်လိုက်တာနဲ့ mail အကုန်လုံး လိုက်ပြီး sign out ဖြစ်ကုန်ပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒါလောက်နဲ့ တော့ အဆင်မပြေဘူးလို
့မမြင်မိပါဘူး) ။ မိမိ အသုံးအများဆုံး ဖြစ်တဲ့ mail တစ်ခုတည်းရဲ့  multiple sessions တစ်ခုတည်းကို on ပေးထားရုံနဲ့ mail အကုန်လုံး သုံးလို့ ရနိုင်မှာ ဖြစ်ပြီး ၊ အဲ့ on ထားတဲ့ mail account က default , primary mail အဖြစ်ရှိနေမှာ ဖြစ်ပါတယ် ။ (ဆိုလိုတာက mail အကောင့် ရှိသလောက် လိုက်လုပ်နေစရာမလိုပဲ တစ်ခု လုပ်ထားရုံနဲ့ ရတယ်လို့ ပြောတာပါ။ လုပ်ထားတဲ့
အကောင့်ကို အရင်ဖွင့်ဖို့ တော့ လိုတာပေါ့နော် ) ။ တစ်ခု တည်း on ပေးထားရုံနဲ့  ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကို တစ်သက်လုံး သုံးလို့ ရနိုင်ပါပြီ ။
ကဲ အခုပဲ try ကြည့်လိုက်ပါတော့။