Friday, January 1, 2010

slideshowလေးတစ်ခုပြုလုပ်၇အောင်

ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးမှာ Slide Show Effect ကိုတင်ချင်တယ်ဆိုရင် အောက်ကပေးထားတဲ့ Website မှာသွားရောက်ဖန်တီးလို့ရပါတယ်။
ဝဗ်ဆိုဒ်လိပ်စာက www.photobucket.com ပါ။ အရင်ဆုံးအဲဒီမှာ ရီဂျစ်စတာလုပ်ပါ။ ပြီးရင် Sign Up လုပ်ပြီးဝင်လိုက်ပါ။ ပြီးတာနဲ့ ကိုယ် Slideshow အဖြစ်ဖန်တီးချင်တဲ့ ပုံတွေကို Choose upload file ကနေပြီး Upload ပြုလုပ်ပါ။ အဲဒီမှာကိုယ်ရဲ့ Profile ထဲကို Upload ပုံတွေရောက်သွားပါလိမ့်မယ်။ ပြီးရင်အပေါ်နားက Menu Button တွေထဲမှာ SlideShow ဆိုတဲ့ Button ကိုနှိပ်ပါ။ အဲဒီအခါကျရင် Slideshow ပြုလုပ်ပုံအဆင့်ဆင့်ကို ပြပေးပါလိမ့်မယ်။ အရင်ဆုံး မိမိပုံတွေကို Click နှိပ်ပြီးရွေးပါ။ ပြီးရင် Slideshow Templete တွေကိုရွေးပါ။ ပြီးရင် Save လုပ်လိုက်ပါ။ အဲဒီအခါကျရင် သင့်ရဲ့ profile မှာ သင့်ဖန်တီးထားတဲ့ Slideshow လေးကရောက်နေပါလိမ့်မယ်။ အဲဒီအပေါ် Mouse Arrow လေးတင်လိုက်တာနဲ့ သင့်ဘလော့ဂ်မှာတင်ဖို့အတွက် html Code ကိုပေးပါလိမ့်မယ်။ အဲဒီကနေ Copy ကူးပြီးမိမိရဲ့ဘလော့ဂ်မှာ Paste လုပ်လိုက်မယ်ဆိုရင် ကိုယ်တင်ချင်တဲ့ Slide Show လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်။

အဝေးေ၇ာက်ချစ်မိသူ

အနေနီးမှ အချစ်တစ်ခု
ရှင်သန် ပေါက်ဖွားနိုင်မယ်ဆိုရင်
တစ်နေရာစီ
ဝေးကွာနေတဲ့
ငါတို့နှစ်ယောက်ရဲ့ အချစ်တွေက
ရှင်သန်ဖို့ ခက်ခဲလွန်းနေခဲ့ပြီလား
ချစ်သူ........
အနာဂတ်မှာ
မင်းမရှိတဲ့ ငါ့အဖြစ်
မင်းမရှိတဲ့ ငါ့အချစ်တွေ
ရှင်သန် ပေါက်ဖွားနိုင်ဖို့
တမ်းတမှုတွေနဲ့
အရောက်လှမ်းလာမဲ့ ငါ့ကို
မင်းနဲ့အတူရှိနေခွင့်ပေးပါ.........

ပြသိုလ်လပြည့် အမေနေ့မှာ

အမေမေတ္တာ အနန္ဒပင်လယ်
ကမ္ဘာ့၇ွာတောင် ခါးစောင်းတင်ကိုင်လှုပ်
တဗြုန်းဗြုန်းတောင် မြည်စေသတဲ့ ။
အမေ့ကျေးဇူး အမြင့်ဆုံးဟု
ခိုင်နှိုင်းတင်စား မြင့်မို၇်တောင်မှ
တ၇ှုံ့၇ှုံ့ နဲ့ ငိုစေသတဲ့ ။
အမေ့အေး၇ိပ် ထန်းလက်အိမ်က
ခပ်ဟဟ၇ဲ့ အိုဇုန်းလွှာပေါက်
တံစက်မြိတ်ချိုး ထထိုးလိုက်တာ
တိ ခနဲ့ တောင် ပိတ်စေသတဲ့ ။
အမေ့နို့စက် သောက်စို့ယုံမျှ
ကိုးဆယ့်ခြောက်ပါး နှစ်ပါးပေါင်း၍
ဆားေ၇ာဂါနဲ့ ဝက်ငုက်တုပ်ကွေး
ဟင် ခနဲတောင် ဆလံပေးသတဲ့ ။
အမေ့၇င်ခွင် ခပ်ကျဉ်းကျဉ်းက
အလုံခြုံဆုံးလို့ ဆူနာငလျင်
ကိုနာဂစ်တောင် မျက်ဖြူစိုက်လို့
အား ခနဲတောင် အော်ပြေးသတဲ့ ။
အမေအကြောင်း ဖွဲ့နွဲ့သံစဉ်
သီးကုံ၇စ်ပတ် ထုံးဖွဲ့မမှီ
ဥဒါန်းမကြေ ခိုင်းနှိုင်းတ၇ား
မ၇ှိ၇ာဟု တို့ဗုဒ္ဓဟော
၇ှိခဲ့လေပြီ ။
ပြာသိုလ်လပြည့် အမေများနေ့မှာ
အမေကိုချစ်တဲ့ သားဆိုးတွေအတွက်
တထွာတမိုက် ဥဏ်တကိုက်နဲ့
သားမိုက်ကျွန်တော် ၇ည်းစူးမှန်မျှော်
ကန်တော့ပါ၏ အမေ ။
ချစ်သောမေမေ ကို တမ်းတ၇င်း......................