အရမ်းဝေးကွာပြီး
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ဆုံဖြစ်ကြတယ်။
တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု
နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။
လိုအပ်တာလေးတွေ
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။
ရခဲ့လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့
ငါ ယုံကြည်ပါတယ် သူငယ်ချင်း
မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........
Thursday, August 5, 2010
လေညှင်းသစ်ပင်
တည်ငြိမ်ရိုးရှင်း ကိုယ့်ဘ၀အတွင်းသို့
လေညှင်းသန်ဏာန် ဆောင်ယူပြန်၍်
ရင်တွင်းဝင်ရောက်
မွှေနှောက်ခဲ့ပြီ ငါမသိလိုက်ပါတကား
သတိတစ်ဖန်ကပ်မိပြန်၍
ငဲ့ကြည့်မိသော်
ရင်ခွင်တစ်တိုက် သိမ်းပိုက်စိုးမိုး
လေညှင်းရယ်အောင် နိုင်သူပေါ့
အညုံခံအရှံးပေး စစ်ကြေအေးမယ်လို့
ကြံရွှယ်ကာမှ
အောင်နိုင်သူလေပြေညှင်းရယ်
ရင်တွင်းရနံသိမ်းပိုက်ကာ ယူငင်လို့ခွဲခွာလေပြီ
ရှုံးနိမ့်ကာအားငယ်သူမို့
လေညှင်းရယ် ပြန်အလာကို
ကမ်းလင့်ကာ မျှော်နေမယ်နော်...............
နွေကန်တာခရီးကြမ်း
ဖြတ်သန်းလာသူမို့ အေးမြရိပ်တော့
တောင့်တမိတယ်
ဟို့ရှေ့အုပ်ဆိုင်း သစ်ရိပ်ဝိုင်းဝယ်
ခတ္တ အမောဖြေမိတယ်
လည်ထွက်ကာပြန်မယ်ကြံလည်း
သူသင်းရနံသိမ်းပိုက်ယူငင် ကိုယ့်ရင်ခွင်ကို
ရနံရစ်မူး အချစ်ဦးပေမို့
သူ့နားမှာပဲ တ၀ယ်လည်လည်နေမိတယ်
ဝဲလည်ကာ ချိန်ကြာငြောင်းပေ့မယ်
အိမ်ကြီးရှင်သစ်ရိပ်ဝိုင်းမြှာ ဖင့်
မသိဟန်ဆောင်လေပြန်တော့
ဧည့်ဖြစ်သူကိုယ်မှာဖြင့်လေ
မခွာချင်ဘဲခွာရတယ်
ခွဲမယ်သာခွာရတယ်
မချစ်ဖူးတဲ့အချစ်ဦးပေမို့
လေပြေလူးသော်
ချစ်ဦးသူ သစ်ရိပ်ဝိုင်းအခေါ်
မျှော်မိတယ်နော် ............... .........................

Saturday, July 10, 2010
လွမ်းချင်း
နံနက်မိုးလင်းတိုင်း နှိုးတတ်တဲ့
အမေရဲ့ အသံကို
လွမ်းတယ်..........
အိမ်ပြန် နောက်ကျတိုင်း
မာန်မဲတတ်တဲ့
အဖေရဲ့ အသံကို
လွမ်းတယ်...........
တွေ့လိုက်တိုင်း
တယောလေးလို ချွဲတတ်တဲ့
ချစ်သူရဲ့ အသံကိုလည်း
လွမ်းတယ်...........
ကြားနေကြ သံရှည်ဆွဲတတ်တဲ့
မီးရထား ဥသြသံကိုလည်း
လွမ်းတယ်.............
အမြဲတမ်းဆူညံနေတဲ့လမ်းမပေါ်က စပယ်ယာအသံလည်း
လွမ်းမိတယ်...........
ဟော.........်သီချင်းသံတွေ
သဲ့သဲ့ ကြားနေရပါလား..
ဟော..ဟော.....
လမ်းဘေးဆိုင်က ဖွင့်ထားတာကိုး
ငါရဲ့ နားထဲမှာ
ညိုးညိုးညံအောင် ကြားနေရပါလား....
ဟင်..........
ငါ....အိပ်မက် မက်နေတာပါလား
သြော်....ဒါ...ဒါ
မြန်မာပြည်မှ မဟုတ်တာ......

Friday, July 9, 2010
၇ိုး၇ိုးလေးပါ
တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။
ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ
လိုတယ်။
အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။
ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။
ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။
လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

တစ်ခါတစ်ရံ မင်းမရှိတဲ့ရာသီမှာ
ငါဆိုတဲ့ မြို့ပြသားကောင်ဟာ
ပြိုင်ဘက်မပါတဲ့ နေ့စွဲတွေကိုငေးမောဆဲ
ထိုရာသီ...
ဘာမှန်းမသိဘဲ ကာလာတစ်ခုလျှံကျ
အ၀ါရောင်.....
ဒေးကားလည်းပြောခဲ့တာပဲ၊
က၀ါဘာတရဲ့ မှဲ့အကြောင်း ငါမစဉ်းစားတော့ဘူး။
အ၀ါရောင်ကာလရဲ့ ပြဌာန်းချက်ထဲ
ချစ်သူ...နင်မပါပေမယ့် ငါဆိုတဲ့နေ့စွဲက
အ၀ါရောင်မြစ်ပြင်ထဲ ခုန်ခုန်ချနေရ
နင်မသိပေမယ့် သိနေတယ်လေ။
နှင်းငွေ့တွေကို ငွေ့ရည်ဖွဲ့ကာ စားသုံးဖို့
ပါမစ်ကျခွင့်မရှိသေးတဲ့ ငါဆိုတဲ့ကာလာဟာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ...
ပြာလဲ့လဲ့နှင်းမှုန်ကြားထဲမှာ အ၀ါရောင်၊
အ၀ါရောင်၊ အ၀ါရောင်၊ အ၀ါရောင်၊
်အ.....၀ါ.....ရောင်
ငါဆိုတာ ခြေတစ်ဖတ်ကျိုးနေတဲ့
ပြိုင်းမြင်းတစ်ကောင်လို.....
မောဟတစ်ခု မြစ်ပြင်ထဲ စီးမျောရင်း........

မီန်းကလေးေ၇
မိန်းကလေးရေ
အိပ်ပျော်နေနေတဲ့ နှလုံးသားကို
မင်းပဲလှုပ်နိုးခဲ့တယ်။
ပျော်ရွှင်မှုဆိုတာလည်း
မင်းနဲ့တွေမှ ရရှိခဲ့တယ်။
ချစ်တက်အောင်လည်း
မင်းပဲ သင်ပေးခဲ့တယ်။
အလွမ်းတွေပေးပြီး
မင်းပဲ လမ်းခွဲသွားတယ်။
အသည်းကွဲအောင်လည်း
မင်းပဲ ဖန်ဆင်းခဲ့တယ်။
ဒါပေမယ့် မိနးကလေးရယ်......
မေ့တက်အောင်
ဘာလို့ မသင်ပေးခဲ့တာလဲ။
အိပ်ပျော်နေနေတဲ့ နှလုံးသားကို
မင်းပဲလှုပ်နိုးခဲ့တယ်။
ပျော်ရွှင်မှုဆိုတာလည်း
မင်းနဲ့တွေမှ ရရှိခဲ့တယ်။
ချစ်တက်အောင်လည်း
မင်းပဲ သင်ပေးခဲ့တယ်။
အလွမ်းတွေပေးပြီး
မင်းပဲ လမ်းခွဲသွားတယ်။
အသည်းကွဲအောင်လည်း
မင်းပဲ ဖန်ဆင်းခဲ့တယ်။
ဒါပေမယ့် မိနးကလေးရယ်......
မေ့တက်အောင်
ဘာလို့ မသင်ပေးခဲ့တာလဲ။
Saturday, June 19, 2010
ကျွန်တော်ချစ်သောအမေ
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့တယ်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေက အမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀အတွင်း ပီးကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတစ်ဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ip-ဖုန်းကဒ် လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှ တစ်နှစ်ထက်တစ်နှစ် အိုစာသွားခဲ့ သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကိုစိတ်မပူဖို့၊ နေရာတစ်ကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း၊ ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီး၊ တွေ့ချင်နေ ပြီဆိုတာကျွန်တော်သိလိုက်ပါသည်။
အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှအလုပ် ဘာမှမတွေးပဲ အမေ့အနားတွင်နေမည်။
ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက် သောအစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
လေယာဉ်ပေါ်ကအဆင်း အမေနှင့်တွေ့သောအခါ ပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိသည်။ တစ်ကယ်တမ်း အမေနှင့် တွေ့သောအခါတွင် ကျွန်တော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီးဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော်မရျိတော့။ ဂွမ်းစောင်အစား သိုးမွေး စောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့၊ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လဲ လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်တစ်လဲလဲပြောနေတော့သသည်။ ထိုအကြောင်းများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းများ နှင့်ကျွန်တော်၏ ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက် ကျပြီ ဖြစ်ကြောင်း ပြောမေလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိသည်။ အမေချက်သောဟင်းထဲတွင် တစ် ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျင်လျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် အရင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားပဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော် အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်စော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ် မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားစကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ် နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစ်စိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့် အတူတူ ဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန် တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲသို့ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလဲအမေ ကျွန်တော့်ကို ပြပါလား" အမေတွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ "ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂-လပိုင်း ၆ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေး မှာ ........
"ငါအိုသွားသောအခါ"
ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုပြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန် မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ့အပြုံးတွေထဲက မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်း များကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်ဘယ်နေရာရောက် ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။
မြန်မာပြည်မှ အမေ့ကို ဒီဝတ္တုတိုလေးကိုရေးရင်း မျက်ရည်များဖြင့် သားကန်တော့လိုက်ပါတယ်..
ကျေးဇူးတင်ပါတယ် ...

Subscribe to:
Posts (Atom)