Friday, April 9, 2010

ပန်းပန်လျက်ပဲ

ညိုပြာပြာ လတာပင်ခြေရင်း

လှိုင်းတက်ရာဗေဒါတက် လှိုင်းသက်ရာဆင်း

ဆင်းရလည်း မသက်သာ

အုန်းရွက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။

အဆင်းနဲ့အလာ ဗေဒါမအတွေး၊

အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး

ဆောင့်ရလည်းမသက်သာ၊

နောက်တချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ

မြုတ်လေပေါ့ ပေါ်မလာ၊ ဗေဒါမ အလှ

တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လည်း မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်က တစ်ရာ နှစ်ရာ၊ ဗေဒါကတစ်ပင်တည်း

အယက်အကန်ခံလို့ ဗေဒါမာန် အံကိုခဲ

ပန်းပန်လျက်ပဲ...။ ။
ဇော်ဂျီ
(ဗေဒါလမ်း(၁၀)။ပန်းပန်လျက်ပဲ)

No comments:

Post a Comment