Tuesday, December 21, 2010

အမေ့ခွန်အား

သားလို့ခေါ်လိုက်တိုင်း
ကျွန်တော့်မျက်ရည်တွေ
စို့နစ်ခဲ့ရတယ်........အမေ
အမေမွေးတဲ့ကျေးဇူး
အဖေကျွေးတဲ့ကျေးဇူးတွေ
သားမောင်မှာဆပ်ဖို့အတွက်
ဝေးတနယ်မြေမှာ
စိတ်မရွှင်သာပဲ
ေ၀၀ါးစွာလျှောက်နေတာပါ......အမေ
မျက်ရည်မကျနဲ့သားလို့
ပြောခဲ့တဲ့အမေ့စကား
မြေ၀ယ်မကျနားထောင်ရင်း
လောကဓံမုန်တိုင်းကို
ကြံကြံခံခဲ့တာပါ.......အမေ
အစိုးမရတဲ့ကံကြမ္မာကို
အပြစ်မတင်ချင်ဘူးအမေ
ဝေခွဲမရတဲ့စိတ်မှာ
အနာဂတ်တွေမှုန်ဝါးနေရင်လည်း
အမေပြောခဲ့တဲ့စကား
အဖေပေးခဲ့တဲ့သြ ၀ါဒ
နားအထပ်ထပ်မှာ
ပဲ့တင်ဟိန်းနေခဲ့တာတွေက
သာအတွက်ခွန်အားတွေပေါ့.....အမေ
ဆန္ဒနဲ့ဘဝ
တထပ်တည်းမကျပေမဲ့လည်း
အမေမွေးတဲ့သား
အမေ့ကျေးဇူးတွေဆပ်ဖို့
စိတ်ချလိုက်ပါအမေ
အမေပြောတဲ့အောင်မြင်မှု
အမေရွေးချယ်ပေးခဲ့တဲ့လမ်း
ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ
အမေ့သားလျှောက်လှမ်ရင်း
ရည်မှန်းချက်ပန်းတိုင်မှာ
အမေ့အပြုံးတွေနဲ့
စီးကြိုနေပါတော့.........အမေ

Thursday, August 5, 2010

သူငယ်ချင်း

အရမ်းဝေးကွာပြီး
တွေ့ဆုံနိုင်ဖို့
ခက်ခဲ့တဲ့ကြားကနေ
ငါတို့ဆုံဖြစ်ကြတယ်။

တွေ့ရဆုံရ
ခဏလေးမှာ
တစ်ယောက်ကိုတစ်ယောက်
ခင်မင်မှု

နားလည်မှု
ယုံကြည်မှုတွေ
များစွာနဲ့
ဘဝကိုဖြတ်သန်းခဲ့တယ်။
လိုအပ်တာလေးတွေ
ကူညီမျှဝေရင်း
အဖြူရောင် သံယောဇဉ်လေးနဲ့
ငါတို့ရိုးသားစွာ ခင်မင်ခဲ့ကြတယ်။
ရခဲ့လှတဲ့ လူ့ဘဝလေးမှာ
တစ်ယောက်အပေါ်တစ်ယောက်
ကူညီပေးနေကြမယ်ဆိုရင်
လောကကြီးဟာ အမြဲလှပနေမယ်လို့
ငါ ယုံကြည်ပါတယ် သူငယ်ချင်း
မင်းရော ငါရော
ငါတို့တတ်နိုင်သလောက်
ကူညီရင်း တွဲလက်များအတူတူနဲ့
ထာဝရ ဆက်ခင်ကြရအောင်
သူငယ်ချင်းရေ ..........

လေညှင်းသစ်ပင်

တည်ငြိမ်ရိုးရှင်း ကိုယ့်ဘ၀အတွင်းသို့
လေညှင်းသန်ဏာန် ဆောင်ယူပြန်၍်
ရင်တွင်းဝင်ရောက်
မွှေနှောက်ခဲ့ပြီ ငါမသိလိုက်ပါတကား
သတိတစ်ဖန်ကပ်မိပြန်၍
ငဲ့ကြည့်မိသော်
ရင်ခွင်တစ်တိုက် သိမ်းပိုက်စိုးမိုး
လေညှင်းရယ်အောင် နိုင်သူပေါ့
အညုံခံအရှံးပေး စစ်ကြေအေးမယ်လို့
ကြံရွှယ်ကာမှ
အောင်နိုင်သူလေပြေညှင်းရယ်
ရင်တွင်းရနံသိမ်းပိုက်ကာ ယူငင်လို့ခွဲခွာလေပြီ
ရှုံးနိမ့်ကာအားငယ်သူမို့
လေညှင်းရယ် ပြန်အလာကို
ကမ်းလင့်ကာ မျှော်နေမယ်နော်...............
နွေကန်တာခရီးကြမ်း
ဖြတ်သန်းလာသူမို့ အေးမြရိပ်တော့
တောင့်တမိတယ်
ဟို့ရှေ့အုပ်ဆိုင်း သစ်ရိပ်ဝိုင်းဝယ်
ခတ္တ အမောဖြေမိတယ်
လည်ထွက်ကာပြန်မယ်ကြံလည်း
သူသင်းရနံသိမ်းပိုက်ယူငင် ကိုယ့်ရင်ခွင်ကို
ရနံရစ်မူး အချစ်ဦးပေမို့
သူ့နားမှာပဲ တ၀ယ်လည်လည်နေမိတယ်
ဝဲလည်ကာ ချိန်ကြာငြောင်းပေ့မယ်
အိမ်ကြီးရှင်သစ်ရိပ်ဝိုင်းမြှာ ဖင့်
မသိဟန်ဆောင်လေပြန်တော့
ဧည့်ဖြစ်သူကိုယ်မှာဖြင့်လေ
မခွာချင်ဘဲခွာရတယ်
ခွဲမယ်သာခွာရတယ်
မချစ်ဖူးတဲ့အချစ်ဦးပေမို့
လေပြေလူးသော်
ချစ်ဦးသူ သစ်ရိပ်ဝိုင်းအခေါ်
မျှော်မိတယ်နော် ............... .........................

Saturday, July 10, 2010

လွမ်းချင်း

နံနက်မိုးလင်းတိုင်း နှိုးတတ်တဲ့
အမေရဲ့ အသံကို
လွမ်းတယ်..........
အိမ်ပြန် နောက်ကျတိုင်း
မာန်မဲတတ်တဲ့
အဖေရဲ့ အသံကို
လွမ်းတယ်...........
တွေ့လိုက်တိုင်း
တယောလေးလို ချွဲတတ်တဲ့
ချစ်သူရဲ့ အသံကိုလည်း
လွမ်းတယ်...........
ကြားနေကြ သံရှည်ဆွဲတတ်တဲ့
မီးရထား ဥသြသံကိုလည်း
လွမ်းတယ်.............
အမြဲတမ်းဆူညံနေတဲ့လမ်းမပေါ်က စပယ်ယာအသံလည်း
လွမ်းမိတယ်...........
ဟော.........်သီချင်းသံတွေ
သဲ့သဲ့ ကြားနေရပါလား..
ဟော..ဟော.....
လမ်းဘေးဆိုင်က ဖွင့်ထားတာကိုး
ငါရဲ့ နားထဲမှာ
ညိုးညိုးညံအောင် ကြားနေရပါလား....
ဟင်..........
ငါ....အိပ်မက် မက်နေတာပါလား
သြော်....ဒါ...ဒါ
မြန်မာပြည်မှ မဟုတ်တာ......

Friday, July 9, 2010

၇ိုး၇ိုးလေးပါ

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို
ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက
တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ
လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ”
လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင်
တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း
ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ
လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။
ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက
သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက
ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊
လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ
လိုတယ်။

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

တစ်ခါတစ်ရံ မင်းမရှိတဲ့ရာသီမှာ
ငါဆိုတဲ့ မြို့ပြသားကောင်ဟာ
ပြိုင်ဘက်မပါတဲ့ နေ့စွဲတွေကိုငေးမောဆဲ
ထိုရာသီ...
ဘာမှန်းမသိဘဲ ကာလာတစ်ခုလျှံကျ
အ၀ါရောင်.....

ဒေးကားလည်းပြောခဲ့တာပဲ၊
က၀ါဘာတရဲ့ မှဲ့အကြောင်း ငါမစဉ်းစားတော့ဘူး။
အ၀ါရောင်ကာလရဲ့ ပြဌာန်းချက်ထဲ
ချစ်သူ...နင်မပါပေမယ့် ငါဆိုတဲ့နေ့စွဲက
အ၀ါရောင်မြစ်ပြင်ထဲ ခုန်ခုန်ချနေရ
နင်မသိပေမယ့် သိနေတယ်လေ။

နှင်းငွေ့တွေကို ငွေ့ရည်ဖွဲ့ကာ စားသုံးဖို့
ပါမစ်ကျခွင့်မရှိသေးတဲ့ ငါဆိုတဲ့ကာလာဟာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ...
ပြာလဲ့လဲ့နှင်းမှုန်ကြားထဲမှာ အ၀ါရောင်၊
အ၀ါရောင်၊ အ၀ါရောင်၊ အ၀ါရောင်၊
်အ.....၀ါ.....ရောင်

ငါဆိုတာ ခြေတစ်ဖတ်ကျိုးနေတဲ့
ပြိုင်းမြင်းတစ်ကောင်လို.....
မောဟတစ်ခု မြစ်ပြင်ထဲ စီးမျောရင်း........

မီန်းကလေးေ၇

မိန်းကလေးရေ
အိပ်ပျော်နေနေတဲ့ နှလုံးသားကို
မင်းပဲလှုပ်နိုးခဲ့တယ်။
ပျော်ရွှင်မှုဆိုတာလည်း
မင်းနဲ့တွေမှ ရရှိခဲ့တယ်။
ချစ်တက်အောင်လည်း
မင်းပဲ သင်ပေးခဲ့တယ်။
အလွမ်းတွေပေးပြီး
မင်းပဲ လမ်းခွဲသွားတယ်။
အသည်းကွဲအောင်လည်း
မင်းပဲ ဖန်ဆင်းခဲ့တယ်။
ဒါပေမယ့် မိနးကလေးရယ်......
မေ့တက်အောင်
ဘာလို့ မသင်ပေးခဲ့တာလဲ။

Saturday, June 19, 2010

ကျွန်တော်ချစ်သောအမေ

ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့တယ်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေက အမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀အတွင်း ပီးကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတစ်ဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ip-ဖုန်းကဒ် လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှ တစ်နှစ်ထက်တစ်နှစ် အိုစာသွားခဲ့ သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကိုစိတ်မပူဖို့၊ နေရာတစ်ကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း၊ ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီး၊ တွေ့ချင်နေ ပြီဆိုတာကျွန်တော်သိလိုက်ပါသည်။

အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှအလုပ် ဘာမှမတွေးပဲ အမေ့အနားတွင်နေမည်။
ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက် သောအစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
လေယာဉ်ပေါ်ကအဆင်း အမေနှင့်တွေ့သောအခါ ပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိသည်။ တစ်ကယ်တမ်း အမေနှင့် တွေ့သောအခါတွင် ကျွန်တော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီးဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော်မရျိတော့။ ဂွမ်းစောင်အစား သိုးမွေး စောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့၊ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လဲ လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်တစ်လဲလဲပြောနေတော့သသည်။ ထိုအကြောင်းများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းများ နှင့်ကျွန်တော်၏ ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက် ကျပြီ ဖြစ်ကြောင်း ပြောမေလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိသည်။ အမေချက်သောဟင်းထဲတွင် တစ် ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျင်လျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် အရင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားပဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော် အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်စော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ် မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားစကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ် နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစ်စိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့် အတူတူ ဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန် တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲသို့ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလဲအမေ ကျွန်တော့်ကို ပြပါလား" အမေတွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ "ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂-လပိုင်း ၆ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေး မှာ ........

"ငါအိုသွားသောအခါ"

ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုပြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန် မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ့အပြုံးတွေထဲက မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်း များကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်ဘယ်နေရာရောက် ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။

မြန်မာပြည်မှ အမေ့ကို ဒီဝတ္တုတိုလေးကိုရေးရင်း မျက်ရည်များဖြင့် သားကန်တော့လိုက်ပါတယ်..

ကျေးဇူးတင်ပါတယ် ...

အမေစုမွေးနေ့အတွက် သီချင်း

Friday, June 18, 2010

ဒါလေးကတော့ ကျွန်တော်တို့တွေ အတိုကောက်လေးတွေသာ ခေါ်တတ်ကြပြီး သူတို့ရဲ့

ADSL - Asymmetric Digital Subscriber Line
AGP - Accelerated Graphics Port
ALI - Acer Labs, Incorporated
ALU - Arithmetic Logic Unit
AMD - Advanced Micro Devices
APC - American Power Conversion
ASCII - American Standard Code for Information Interchange
ASIC - Application Specific Integrated Circuit
ASPI - Advanced SCSI Programming Interface
AT - Advanced Technology
ATI - ATI Technologies Inc.
ATX - Advanced Technology Extended




--- B ---
BFG - BFG Technologies
BIOS - Basic Input Output System
BNC - Barrel Nut Connector

--- C ---
CAS - Column Address Signal
CD - Compact Disk
CDR - Compact Disk Recorder
CDRW - Compact Disk Re-Writer
CD-ROM - Compact Disk - Read Only Memory
CFM - Cubic Feet per Minute (ft�/min)
CMOS - Complementary Metal Oxide Semiconductor
CPU - Central Processing Unit
CTX - CTX Technology Corporation (Commited to Excellence)

--- D ---

DDR - Double Data Rate
DDR-SDRAM - Double Data Rate - Synchronous Dynamic Random Access Memory
DFI - DFI Inc. (Design for Innovation)
DIMM - Dual Inline Memory Module
DRAM - Dynamic Random Access Memory
DPI - Dots Per Inch
DSL - See ASDL
DVD - Digital Versatile Disc
DVD-RAM - Digital Versatile Disk - Random Access Memory

--- E ---
ECC - Error Correction Code
ECS - Elitegroup Computer Systems
EDO - Extended Data Out
EEPROM - Electrically Erasable Programmable Read-Only Memory
EPROM - Erasable Programmable Read-Only Memory
EVGA - EVGA Corporation

--- F ---
FC-PGA - Flip Chip Pin Grid Array
FDC - Floppy Disk Controller
FDD - Floppy Disk Drive
FPS - Frame Per Second
FPU - Floating Point Unit
FSAA - Full Screen Anti-Aliasing
FS - For Sale
FSB - Front Side Bus

--- G ---
GB - Gigabytes
GBps - Gigabytes per second or Gigabits per second
GDI - Graphical Device Interface
GHz - GigaHertz

--- H ---
HDD - Hard Disk Drive
HIS - Hightech Information System Limited
HP - Hewlett-Packard Development Company
HSF - Heatsink-Fan

--- I ---
IBM - International Business Machines Corporation
IC - Integrated Circuit
IDE - Integrated Drive Electronics
IFS- Item for Sale
IRQ - Interrupt Request
ISA - Industry Standard Architecture
ISO - International Standards Organization

--- J ---
JBL - JBL (Jame B. Lansing) Speakers
JVC - JVC Company of America

- K ---
Kbps - Kilobits Per Second
KBps - KiloBytes per second

--- L ---
LG - LG Electronics
LAN - Local Are Network
LCD - Liquid Crystal Display
LDT - Lightning Data Transport
LED - Light Emitting Diode

--- M ---
MAC - Media Access Control
MB - MotherBoard or Megabyte
MBps - Megabytes Per Second
Mbps - Megabits Per Second or Megabits Per Second
MHz - MegaHertz
MIPS - Million Instructions Per Second
MMX - Multi-Media Extensions
MSI - Micro Star International

--- N ---
NAS - Network Attached Storage
NAT - Network Address Translation
NEC - NEC Corporation
NIC - Network Interface Card

--- O ---
OC - Overclock (Over Clock)
OCZ - OCZ Technology
OEM - Original Equipment Manufacturer

--- P ---
PC - Personal Computer
PCB - Printed Circuit Board
PCI - Peripheral Component Interconnect
PDA - Personal Digital Assistant
PCMCIA - Peripheral Component Microchannel Interconnect Architecture
PGA - Professional Graphics Array
PLD - Programmable Logic Device
PM - Private Message / Private Messaging
PnP - Plug 'n Play
PNY - PNY Technology
POST - Power On Self Test
PPPoA - Point-to-Point Protocol over ATM
PPPoE - Point-to-Point Protocol over Ethernet
PQI - PQI Corporation
PSU - Power Supply Unit

--- R ---
RAID - Redundant Array of Inexpensive Disks
RAM - Random Access Memory
RAMDAC - Random Access Memory Digital Analog Convertor
RDRAM - Rambus Dynamic Random Access Memory
ROM - Read Only Memory
RPM - Revolutions Per Minute

--- S ---
SASID - Self-scanned Amorphous Silicon Integrated Display
SCA - SCSI Configured Automatically
SCSI - Small Computer System Interface
SDRAM - Synchronous Dynamic Random Access Memory
SECC - Single Edge Contact Connector
SODIMM - Small Outline Dual Inline Memory Module
SPARC - Scalable Processor ArChitecture
SOHO - Small Office Home Office
SRAM - Static Random Access Memory
SSE - Streaming SIMD Extensions
SVGA - Super Video Graphics Array
S/PDIF - Sony/Philips Digital Interface

--- T ---
TB - Terabytes
TBps - Terabytes per second
Tbps - Terabits per second
TDK - TDK Electronics
TEC - Thermoelectric Cooler
TPC - TipidPC
TWAIN - Technology Without An Important Name

--- U ---
UART - Universal Asynchronous Receiver/Transmitter
USB - Universal Serial Bus
UTP - Unshieled Twisted Pair

--- V ---
VCD - Video CD
VPN - Virtual Private Network

--- W ---
WAN - Wide Area Network
WTB - Want to Buy
WYSIWYG - What You See Is What You Get

--- X ---
XGA - Extended Graphics Array
XFX - XFX Graphics, a Division of Pine
XMS - Extended Memory Specification
XT - Extended

Sunday, June 13, 2010

အမေ ကိုချစ်တတ်ပါစေ

အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း
လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ်
နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ
မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ
နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး
အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့်
ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။
အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင်
ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။


"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "


ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...


"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "


ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်


"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက်
ထမင်းဘူး ယူသွားဦးနော်။ "



ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့
ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ
သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို
ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို
တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့
ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့မျက်နှာက တကယ်ဘဲ
ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း
ဖျားနာနေကျမို့ ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး
သွားခဲ့ပါတော့တယ်။


ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို
လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။ ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။
သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆိုတာကိုလည်း
တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို
လည်း ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင်
ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ကို ပြန်ရောက်တော့ အမေ့ကို
ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့
စိတ်ထဲမှာ မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့
ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး သမီးလေး....ပြန်လာပြီလား
လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ


"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ
သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "


"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "


အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု
အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈
သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည်
ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့
ကျွန်မအမေက ၈...၈သောင်းကြီးများတောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို
အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်မေးလိုက်ပါတယ်။
ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့
ကျွန်မဘ၀ကို စဉ်းစားမိတိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း
မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ ရှိတယ်ဆိုတဲ့
အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ
ဘဏ်စာအုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့
ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီးသွားချေ။ ကျွန်မမွေးကတည်းကစပြီး
ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ
ပြုံးလိုက်ပါတယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေးလေး
သွားခဲ့ပါတယ်။





ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။
ကျွန်မအတွက်ကတော့ အရမ်းကို ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို
ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း
အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက်
၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း၂သောင်းကျန်ပါသေးတယ်။
၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့
အတွေးဝင်လာခဲ့ပါတယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့
ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိတာနဲ့
လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့
ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့
လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်ခု
ဝယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့
ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို
ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း
စုံ၊ ဒီဇိုင်းတွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ
ဝယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်ခါ ထပ်သွားပြီး
၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည်
စမ်းဝတ်လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။
မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်လာတယ်။ အဲဒါကတော့ အမေ
ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။
ဒီဆံပင်ပုံစံကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို
သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်ပုံစံ လှလှလေး ညှပ်တယ်။
ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ
ဝယ်ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့
လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။ အားလုံးဝယ်ပြီးတော့ ၉သောင်းသာ
ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့
အတိုင်းထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး
လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်သို့ ခြေလှမ်းခဲ့ပါတယ်။





အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ
တမင်တကာ အသံပြုလိုက်ပါတယ်။ ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။
ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက ဘဏ်ထဲ
ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ
ထိုးထည့်ထားလိုက်ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို
ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မကို
သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။
၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။
ဒီရက်ပိုင်းတွေမှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ
မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။





ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့
အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ထပ်မံပြီး
စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့
ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို
ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သမီး ပြန်လာပြီ။
ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ
ထူးဆန်းအံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး
အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ
မကြားတာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့
အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့ အမေက
အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။ အမြဲတမ်း ကျွန်မ ပြန်လာလျှင်
ပြုံးပြီး ကြိုတတ်တဲ့ အမေက ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ
ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ
စိတ်ဆိုးနေတယ် အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့
တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ
ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို
ကျွန်မရဲ့ နှလုံးသားတွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။ ကျွန်မ
ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့လိုက်တော့ ကျွန်မ အရမ်းကို
ဝမ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို
အတင်း လှုပ်၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ
နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက ဘဏ်စာအုပ်ကို ယူပြီး အမေ့
မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး
....ဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ
အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ
ဘဏ်စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့
နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့ ဖြန့်ကြည့်မိပါတယ်။



သို့

အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်



သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...

ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....

အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...

ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...

ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...

အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ
စိတ်မကောင်းပါဘူး သမီးလေးရယ်...

အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...

တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က
နည်းတာမဟုတ်ဘူးလေ....

ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး
ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့
ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့်
ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။

ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို
ကျေးဇူးတင်ပါတယ်...

အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....

အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု
ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။

သိန်း၂၀၀လောက်ရှိမယ်...

ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...


သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ





ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး
စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက
ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက
ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက မပြောခဲ့တာလဲ။ သမီးလို
အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို
ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။ အမေ
ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့
အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ်
ဝမ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့
ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း
ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင်
ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့
သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။


"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "



အမေနဲ့ ကတောက်ကဆ ဖြစ်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်၊ အမေ့ကို စိတ်ဆိုးမိတဲ့
အခါမှာ ဘဲ ဖြစ်ဖြစ်၊ အမေ့ကို နာကြည်းမိတဲ့ အခါမှာ ဒီစာလေးကို
ပြန်သတိရပြီး စိတ်ထားလေးတွေကို ပြောင်းနိုင်ကြပါစေ။ အမေတွေအားလုံးဟာ
ကိုယ့်သားသမီးကို အသက်နဲ့ရင်းပြီး ချစ်ခင်တယ်ဆိုတာကို
သတိရစေဘို့ဖော်ပြပေးလိုက်ပါတဲ့ ကိုရီးယား ၀ထ္ထုတိုလေး တစ်ပုဒ်ဖြစ်ပါတယ်။

Thursday, May 27, 2010

Monday, May 17, 2010

ိdsme ပုံ၇ိပ်များ


မျှော်လင့်ခြင်း

လူသည် မျှော်လင့်ခြင်းဖြင့် ဘဝ
ကိုစတင်ခဲ့သည်ဟု ကြားဖူးသည်။ မွေးကင်းစအရွယ် လူမမယ်ဘ၀ကပင် သူနှင့်
လိုက်လျောညီထွေသော ဘ၀အသိဖြင့် မိခင်ထံမှ လိုအပ်သောနို့ကို ရရှိရန်
မျှော်လင့်မှုရှိနေသည်။ ထိုသို့ ရှိနေခြင်းပင်လျင် လောကနိယာမ တစ်ခုအဖြစ်
ယှဉ်တွဲ၍ပါလာသော အမှန်တရားတစ်ခုလည်း ဖြစ်နေပြန်သည်။ ငယ်စဉ်ကာလ ကလေးဘ၀မှ စတင်၍
သက်တမ်းကုန်ဆုံးပြီး သေသည်အထိ မျှော်လင့်ခြင်းဖြင့်စ၍ မျှော်လင့်ခြင်းများ
ရင်ဝယ်ပိုက်ကာ သေဆုံး တတ်ကြသည်။

မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ တစ်နေ့မဟုတ်တစ်နေ့ သေရတော့မည်ကို
သေချာနေသော ဆေးရုံပေါ်က လူနာတစ်ဦးပင် အချိန်ကာလအားဖြင့် မကျန်ရှိတော့သည့်
သူ၏ဘ၀အတွက် မျှော်လင့်မှုများရှိနေတတ်သည်။ ထိုသို့ မျှော်လင့်ခြင်းများသည်
ဘ၀အပေါ် တွယ်တာမှုဖြင့် ပတ်သက်ဆက်နွှယ်နေပြီး မိမိဘ၀အပေါ်၊ မိမိမိသားစု
အသိုင်းအ၀ိုင်းအပေါ်၊ မိမိပတ်ဝန်းကျင်အပေါ်၊ မိမိနိုင်ငံအပေါ်၊
မိမိရှင်သန်ရာလူ့အဖွဲ့အစည်းပေါ် တွယ်တာမှုများသည် လူတို့၏ မျှော်လင့်တတ်သော
သဘာဝနှင့် ဆက်စပ်ပတ်သက်မှုမရှိဟု ငြင်း၍မရ၊ လူသည် အသက်ရှင်သန် နေထိုင်သ၍
သူ့အတွက်၊ ဘ၀အတွက် မျှော်လင့်ချက်များဖြင့် ရပ်တည်နေထိုင်လေ့ရှိသည်။
ဆိုလိုသည်မှာ လူသည် တစ်ခုမဟုတ် တစ်ခု မျှော်လင့်နေတတ် ကြပေသည်။
မျော်လင့်ချက်တစ်ခုအား အခြေတည်ပြီးမှ မျှော်လင့်သည့်ပန်းတိုင်သို့
ရောက်အောင်လျှောက်လှမ်း ကြသည်။ သို့သော် မျှော်လင့်ချက်သေသော
ဘ၀များအကြောင်းလည်း ရံဖန်ရံခါကြားရတတ်သည်။

လူတို့၏ မျှော်လင့်ချက် သေဆုံးပါက ဘ၀သေဆုံးသည်ဟု ကြားဖူးသည်။
ဖြစ်နိုင်ပါသည်။ မျှော်လင့်ချက်များ ဆိတ်သုဉ်းသောကာလသည်
ဘ၀တစ်ခုရှင်သန်နေလျှက်မှပင် အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။ သို့သော်
မျှော်လင့်ချက်မဲ့သော ဖြစ်ရပ်များ ကြုံတွေ့ရလေ့ ရှိသည့်အခါမျိုးတွင်
မိမိကိုယ်ကိုယ် ပဲ့ပြင်နိုင်ဖို့လိုပေမည်။ မိမိကိုယ်ကိုယ်
မတူညီသည့်ရှုထောင့်တစ်ခုမှကြည့်၍ Motivate လုပ်နိုင်ရန်လည်း လိုအပ်ပေလိမ့်မည်။
အဆိုပါ မျှော်လင့်ချက်များသည် ယုံကြည်မှုနှင့်လည်းပတ်သက် ဆက်နွှယ်နေတတ်သည်။
မိတ်ဆွေတစ်ဦးက "တစ်ခါတစ်ခါ ဘ၀မှာ မျှော်လင့်ချက်တွေ ပျောက်နေတတ်တယ်။ အဲဒီအခါ
ကိုယ့်ကိုယ်ကိုယ် မနည်းအားတင်းပြီး Motivate ပြန်လုပ်ရတယ်။ အနီးကပ်ဆုံး
တက်ကျမ်းတစ်ခုခု ဖတ်လိုက်တယ်။ ဒါမှမဟုတ် ကိုယ့်ကိုအကောင်းဆုံး motivate
လုပ်ပေးနိုင်တဲ့ ဆရာ တစ်ဦးဦးဆီမှာ သြ၀ါဒသွားပြီး ခံယူလိုက်တယ်။ ဒါမှမဟုတ်ရင်
တကယ့်အာဇာနည် ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ဘ၀ဖြတ်သန်းပုံတွေကို ပြန်ပြီး
လေ့လာလိုက်တယ်။ ဒီလိုနဲ့ motivation ပြန်ရလာပြီး အလုပ်တွေ အများကြီး
ပြန်လုပ်လာနိုင်တယ်။ မျှော်လင့်ချက်တွေ ရှိလာတယ်။ ဘ၀မှာ ရှုံးနိမ့်မှုတွေ
တွေ့ကြုံခံစားရရင်လည်း အဲဒါကို အဆုံးသတ်ပန်းတိုင်လို့ မသတ်မှတ်တော့ဘူး။
အဲဒီအတွက် မနက်ဖြန်များစွာအတွက် အင်အားတွေ ရှိလာတယ်"ဟု ပြောပြခဲ့သည်။

သူပြောသည့်အတိုင်း မျှော်လင့်ချက်ကင်းမဲ့သောဘ၀မျိုး၊ သို့တည်းမဟုတ်
ဘ၀ရဲ့အချိုးအကွေ့တစ်ခုကို ရောက်သည့်အခါတွင် မျှော်လင့်ကင်းမဲ့နေတာမျိုး
ကြုံဖူးသည်။ ဆရာတစ်ဦး ကလည်းပြောဖူးသည်။ ဘ၀တွင် အကောင်းဆုံးကြိုးစားဖို့နှင့်
ရလာသည့် ရလဒ်ကို ကျေနပ်ကြဖို့ ဖြစ်သည်။ သို့သော်
အကောင်းဆုံးကြိုးစားဖို့ဆိုသည်ကို လက်ခံ၍ရသော်လည်း ရလာသော
ဘယ်လိုရလဒ်မျိုးကိုမဆို လက်ခံဖို့ဆိုသည်မှာ အခက်အခဲရှိသည်။ သာမန်လူများ
လက်ခံနိုင်ခဲမည်၊ သို့မဟုတ် အဖြစ်အပျက်ပေါ်တွင်လည်း မူတည်နေပေလိမ့်မည်၊
စွန့်လွှတ်ရမည်က ဘ၀တစ်ခုထဲမဟုတ်၊ အများအတွက်ဆိုရင် ရလာတဲ့ရလဒ်နှင့်
တင်းတိမ်နိုင်ပါမည်လား စဉ်းစားစရာဖြစ်လာသည်။

သို့သော် အများအတွက် သို့မဟုတ် အမှန်တရားအတွက် အဆိပ်တစ်ခွက်ကို
အေးဆေးတည်ငြိမ်စွာ သောက်ပြီး ဘ၀ကိုအဆုံးသတ်ခဲ့သော ဆိုကရေးတီး၏ဖြစ်ရပ်က
အကောင်းဆုံးကြိုးစားပြီး ရလာတဲ့ရလဒ်ကို ကျေနပ်ခဲ့သည်ပဲလား။ We must shape our
destiny လို့ ခံယူထားပေမယ့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်မရှိတဲ့
လူတွေကရော ရလာတဲ့ရလဒ်ကို ဘယ်လိုလက်ခံမှာပါလဲ စဉ်းစားစရာပင်။

ငယ်စဉ်ခါတုန်းက ဖြစ်ရပ်ကလေးတစ်ခုကို သတိရမိသည်။ ဆယ်တန်းမှာ
အမှတ်များများရပေမယ့် ကိုယ်လိုချင်တဲ့လိုင်းကို မ၀င်တော့ စိတ်ပျက်ခဲ့ဖူးသည်။
မျှော်လင့်ချက်မဲ့သလို ခံစားရဖူးသည်။ ထိုစိတ်က လူတစ်ယောက်၏ ဘ၀ကို
ရှင်လျှက်နှင့် သေစေသည်။ ဆရာကပြောဖူးသည် ''ဘ၀မှာအောင်မြင်တဲ့ ဘ၀ကို ရမရဆိုတာ ၁၀
တန်း ဟူသော ပေတံဖြင့် မတိုင်းနဲ့''ဟူသော စကားဖြစ်သည်။

အသက်အရွယ်ရလာတော့ အမှန်တရားတစ်ခုအဖြစ် လက်ခံမိသည်။ ၁၀ တန်းမှာ
ကိုယ်လိုချင်သော လိုင်းကိုမ၀င်တာနဲ့ ထိုကလေးငယ်အတွက် ဘ၀တစ်ခု
သေဆုံးရတော့မည်လား၊ မဖြစ်နိုင်ပါ။ လူသည် အတ္တဖြင့်လူဖြစ် လာသောကြောင့်
မိမိလိုချင်သောအရာများ ရှိနေတတ်ကြသည်။ ထိုအတ္တကို အကောင်းဆုံး ပုံဖော်ဖို့လည်း
ကြိုးစားတတ်ကြသည်။ အမှန်တွင် မိမိလိုချင်သော အရာနောက်ကို သဲကြီးမဲကြီးလိုက်ပြီး
မဖြစ်နိုင်သည့်အရာပေါ်တွင် စိတ်ပျက်နေခြင်းထက်၊ ရရှိ လာသည့် အခြေအနေတွင်
သူတစ်ပါး ကောင်းကျိုးသယ်ပိုးနိုင်ခြင်းဖြင့်လည်း ပိုမို၍ အဓိပ္ပာယ်ပြည့်စုံသော
ဘ၀ကို ဖော်ကျူးနိုင်လိမ့်မည်။ ဆိုလိုသည်မှာ ဘ၀တွင် ထွက်ပေါက်မရှိဘူးဆိုသည်မှာ
မဟုတ်။ ကိုယ်မသိသော ထောင့်တစ်ထောင့်တွင် အခြားထွက်ပေါက် တစ်ခုရှိနေတတ်သည်။
ဘ၀ကတောင်းဆိုလာသည်ကို ပေးရသည်ဟူသော သဘောပင်ဖြစ်ပေလိမ့်မည်။

လူတိုင်း လူတိုင်းတွင် ပန်းတိုင် ရှိကြပေလိမ့်မည်။ သို့သော်
စိတ်ကူးထဲတွင် ပုံဖော်ထားသည့် ပန်းတိုင်ချင်းတော့ တူမည်မထင်။ တချို့ပန်းတိုင်က
ကိုယ်ကျိုးသက်သက် (self center) ဖြစ်သည်။ တချို့ပန်းတိုင်က အတ္တဟိတ၊ ပရဟိတ
မျှတသည်။ တချို့ပန်းတိုင်က ပေးဆပ်ခြင်းသက်သက်ဖြစ်သည်။ မည်သည့်ပန်းတိုင်ကို
ရွေးချယ်ချင်ကြပါသနည်း။ လွတ်လပ်စွာ ရွေးချယ်ခွင့်သည် သူတို့၏ ဘ၀အပေါ်
သတ်မှတ်ထားသော စံနှုန်းများဖြင့် သက်ဆိုင်ပေလိမ့်မည်။ criteria ပေါ် လိုက်ပြီး
ပန်းတိုင် အမျိုးအစား ကွဲလွဲနိုင်ပါသည်။

ထို့အတူ ပန်းတိုင်များ သတ်မှတ်မှုသည် ထားရှိသည့်
မျှော်မှန်းချက်နှင့်လည်း တိုက်ရိုက်ပတ်သက် နေပေလိမ့်မည်။ မျှော်မှန်းချက်
ကြီးမားလေ ရရှိရန်ခက်ခဲလေ ဖြစ်တတ်ပေသည်။ လောကတွင် ခက်ခက်ခဲခဲလုပ်
ယူရသည့်အရာဟူသမျှသည် တန်ဖိုး ကြီးကြီးမားမား ပေးရလေ့ရှိသည်။ စိုင်ကော်လို့
ချုံပေါ်ရောက်ခဲ့သော အောင်မြင်မှုမျိုးလည်း ဘ၀တွင် ရှိတတ်ကြသည်။ သို့သော်
ထိုချုံပေါ်မှ လူသည် အောက်သို့ပြန်မရောက်ရန် အရေးကြီးသည်ဟူသော အသိကြီးစိုး
လာသည့်အခါ နည်းလမ်းမျိုးစုံသုံး၍ ကာကွယ် စောင့်ရှောက်ရတော့မည်။ ထို့အတွက်
ဘ၀တစ်ခုကို ခဲရာခဲဆစ် ပုံဖော်ယူရပေလိမ့်မည်။ အကြောက်တရားသည်
ထိုသူ၏ရင်ကိုလောင်မြိုက်နေသော အစွန်းတရားတစ်ခုလည်း ဖြစ်လာပေမည်။

တချို့က မျှော်လင့်ချက်တစ်ခုဖြင့် ဘ၀ကိုအသက်ရှင်သည်၊
ခက်ခဲကြမ်းတမ်းမှုကိုလည်း သိသိနှင့်ပင် လျှောက်ကြသည်။ စိတ်ပိုင်းဆိုင်ရာ
မြင့်မြတ်မှုကို တည်ဆောက်ရင်း လူတစ်ယောက်အဖြစ် ရပ်တည်ကြသည်။ လောကတွင်
လူနှစ်မျိုးသာ ရှိသည်။ တစ်မျိုးမှာ စိတ်ဝါဒီသမား (spiritualist) ဖြစ်သည်။
တချို့ကား ရုပ်ပိုင်းဆိုင်ရာကြီးကျယ်ခမ်းနားမှုကို ရှာဖွေသော (materialist) များ
ဖြစ်သည်။ ပြောခဲ့သည့်အတိုင်း criteria ပေါ် မူတည်၍ ရွေးချယ်သည့်လမ်းကြောင်း
နှင့် ရပ်တည်ချက်များ ကွဲလွဲနိုင်ပါသည်။

သို့သော် ထိုနှစ်မျိုးနှစ်စားလုံးသော လူများတွင် တူညီစွာရှိနေသော
အရာများမှာ မျှော်လင့်ချက်ဖြင့်ရှင်သန်နေသော စိတ်ဝိညာဉ်များဖြစ်သည်။ သို့သော်
ဘ၀တွင်မျှော်လင့်သည့်အရာများသည် မျှော်လင့်သည့်အတိုင်း ဖြစ်လာခဲသည်။ ထို့အတွက်
မျှော်လင့်ခြင်းများ ဆိတ်သုဉ်းသည့်ကာလများကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် မည်သည့်အရာမှ တစ်သတ်မတ်တည်း မြဲနေသည်တော့မဟုတ်ပါ။ မကောင်းသော၊
လိုလားနှစ်သက်ဖွယ် မရှိသော အနိဋ္ဌာန်ရုံများသည်လည်း ထာဝရမြဲသည့်
တရားမဟုတ်သကဲ့သို့ ကောင်းမွန်သည်ဟု အများလက်ခံထားသော သာယာဖွယ်၊
မက်မောဖွယ်ကောင်းသည့် ပစ္စုပ္ပန်များသည်လည်း ထာဝရတည်မြဲသည့်တရားမဟုတ်ပါ။
တစ်နေ့မှာတော့ ပြောင်းလဲကြဦးမည်။ သို့သော် လောကတွင် အပြောင်းအလဲ
မရှိသည့်တရားတစ်ခုတော့ ရှိပေလိမ့် မည်။ ''ယင်းကား မည်သည့်အခါမျှ
တစ်သမတ်တည်းမမြဲ''ဟူသော တရားဖြစ်သည်။ ထိုတရားနှင့်အတူ မြင့်မြတ်မှန်ကန်မှု၊
ကိုယ်ကျိုးစွန့်အနစ်နာခံ၊ သည်းခံခွင့်လွှတ်မှုတို့ဖြင့် ပြီးပြည့်စုံ
သောအမှန်တရားများသာ အတူယှဉ်တွဲကျန်ရစ်ခဲ့ပေမည်။ ထို့အတွက် လူတို့တွင်
မျှော်လင့်ချက် ဆိတ်သုဉ်းဖွယ်ရာမရှိ။ တစ်နေ့နေ့တွင် မိမိတို့
မျှော်လင့်ချက်များပြန်လည် သက်ဝင်လှုပ်ရှားလာနိုင်မည်။ အရေးကြီးသည်မှာ
ဆရာပြောခဲ့သည့် ၁၀ တန်း အောင်စာရင်းကရမှတ်သည် ဘ၀ကိုအဆုံးအဖြတ်မပေးဟူသော
အသိကိုသာမှတ်ယူနိုင်ရန် အရေးကြီးပါသည်။ တစ်နည်းအားဖြင့် ရလဒ်ထက်
လုပ်ဆောင်ချက်သည်သာလျှင် ပို၍အရေးကြီးသည်ဆိုသည့် သဘောမျိုးလည်း ဖြစ်ပေလိမ့်မည်။

လူသားတိုင်းတွင် အနာဂတ်ရှိသည်၊ မျှော်လင့်ချက်ရှိပါသည်။
တစ်ချိန်တည်းမှာပင် ဆိတ်သုဉ်းသွားသည့် အနာဂတ်နှင့်မျှော်လင့်ချက်ဟူ၍လည်း
ရှိနေတတ်ကြသည်။ ထိုကဲ့သို့ ကာလမျိုးတွင် မိမိကိုယ်ကိုယ်အကောင်းဆုံး
တည့်မတ်နိုင်ရမည်။ မှန်ကန်သော တွေးခေါ်မှုများ လိုအပ်ပေလိမ့်မည်။ တစ်နည်းအားဖြင့်
အကောင်းဆုံး ထွက်ပေါက်ပေးနိုင်ရမည်။ ထိုသို့ မဟုတ်ပါက ဘ၀ဟူသည် ယင်းကဲ့သို့
အချိန်ကာလမျိုးတွင် နေပျော်စရာမရှိ။ အနာဂတ်သည်ေ၀၀ါးနေသောကြောင့်
မျှော်လင့်ချက်များလည်း ဆိတ်သုဉ်းနေတတ်ကြသည်။ သို့သော် အရေးကြီးသည့်အချက်မှာ
လူတို့တွင် မနက်ဖြန်များစွာ ရှိနေကြသည်။ ပြီးခဲ့သည့် အတိတ်ထဲတွင် တစ်ဝဲလည်လည်
ဖြစ်နေစရာမလို၊ ပစ္စုပ္ပန်မှ ငြီးတွားသံများ အနိဋ္ဌာရုံများကိုချည်း
အာရုံစိုက်နေစရာမလို၊ မမြင်ရသော အနာဂတ်ကို ခံစားစိတ်ဖြင့်ေ၀၀ါးနေမည့်အစား
အကောင်းမြင်ဝါဒ(optimism) မွေးပြီး အကောင်းဆုံးရင်ဆိုင်ရန်သာ
နှလုံးသွင်းအပ်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက မျှော်လင့်ချက်များ
ဆိတ်သုဉ်းခဲ့သော် လူသားအားလုံးတို့၏ ဘ၀ကား မွန်းကျပ်မှုအတိဖြင့်
ရပ်တည်ကြရပေလိမ့်မည်။ ထွက်ပေါက်မဲ့နေပေလိမ့်မည်။ ဘ၀သည်
တွယ်ရာမဲ့ဖြစ်နေလိမ့်မည်။ မနက်ဖြန်များစွာအတွက် အားအင်များကုန်ခန်းနေလိမ့်မည်။

Thursday, May 13, 2010

ဆ၇ာနဲ့ကျောင်းသား

ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီး
အတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊

"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်
မေးတာပဲ၊
ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်"
.... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း
မဖြေနိုင်တော့ပါဘူး...

နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်

"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ.
ဖြေလို.ရတဲ့
မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ" ... သူကတော့
မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိ
ဖြေဆိုနိုင်ခဲ့ပါတယ်....

ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်
ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိ
အရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့
စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး "ဒုတိယ ကျောင်းသား"
လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်

(၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး "က"
တစ်လုံးရေးပြပါလို. ခိုင်းပါတယ်။ ကျောင်းသားက
ရေးပြီး ဆရာ့ရှေ.ကို
ထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...ကျောင်းသားက
ရေးပြီး
"စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ.အဖြေကို
သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ
Angle Of Vision လို.ခေါ်တဲ့
ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ"...
ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...ဒါပေမဲ့
ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကို
ပြတာကိုး... ဒီနေရာမှာ
သတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က "က" လို.
မြင်ရအောင် သူက "ယ"
လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ
ရေးလိုက်ပြီး
ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်
အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...
အချို.သော ကိစ္စရပ်တွေမှာ
သူ.ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို.
စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ.ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊
ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း
ကိုယ်မှန်တယ်ဆိုတာကို
သူနားလည် လက်ခံနိုင်လာမှာပါ... အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကို
ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ. ကြည့်ပြီး
ဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်ေ
တာ့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကို
ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...

(၃)
ဆရာက
ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး
အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက ကျောင်းသားကို ဆုံးမဖို.
လက်ယပ်ခေါ်လိုက်တယ်... ဒါပေမယ့်
အဲဒီအချိန်မှာ ကျောင်းသားက
ရပ်နေတာကြာပြီဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင်
ကောင်းမှာပဲလို.
တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး
ထိုင်ချလိုက်ပါတယ်...အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...
ဒါဟာ
misunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် Body
Language
လို.ခေါ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ်
စကားပြောဆက်သွယ်တဲ့
အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်...
အဆိုးဝါးဆုံးကတော့ အထက်က
ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion)
ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့်
သူတစ်ပါးရဲ့စကားကို
တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ အမှားမှား
နားလည်သုံးသပ်မိတာတွေပါပဲ၊ ဘယ်ဘာသာစကားနဲ.ပဲပြောပြော ဘယ်လိုကြောင့်ပဲ
ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ.
ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင်
ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်
ထင်ပါတယ်...

(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး
ဒီလိုပြောပါတယ်...
"မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ"
ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ
ဆရာခိုင်းတဲ့
အတိုင်းလိုက်လုပ်ကြပါတယ်...
အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး...
"အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို. ထပ်ပြောပါတယ်...
ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း
နားထင်ကို
လိုက်ထောက်ကြပါတယ်...ခဏနေမှ သူတို.မှားသွားမှန်း အားလုံးက
သဘောပေါက်လိုက်ကြပါတယ်... "ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ.ရပါလိမ့်မယ်...
တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကို
အရင်ရောက်သွားတဲ့ သဘောပါ...အမြင်အာရုံဟာ အလင်းကို အခြေခံပြီး
အကြားအာရုံကတော့ အသံမှာ အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက်
ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...
ဒီသဘောတရားလေးကို
ကောင်းစွာနားလည်မယ်ဆိုရင် ကိုယ်ပြောမယ့်စကားနဲ.
သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင်
ကိုယ်ပြောမယ့်စကား အရာထင်မှာပါ...
သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို. မာန်ပြီး
မျက်နှာက
ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ...
အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို. ငါ့ကို
ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို. ပြောနေပေမယ့်
မျက်နှာက ငါ့ကို မကောင်းဘူးလို. ပြောလို.ကတော့ အလုပ်ထုတ်ပစ်မယ်
ဆိုတဲ့
ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...
အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ...
လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင်
သူ.ရဲ့မျက်နှာကနေ သူ.ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်...

(၅)
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို.
မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း
ဖြေကြပါတယ်...
"အဖြူရောင်ပါ ..."
ဆရာက White Borad ရဲ့ မျက်နှာပြင်ကို
ထောက်ပြီး ဒါကရော ဘာအရောင်လဲလို.
မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက
အဖြူရောင်ပါလို. ဖြေကြပါတယ်...
"အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White
Board မှာ ကပ်ပြီး
ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ လို. မေးပြန်ပါတယ်"... ကျောင်းသားအားလုံး
ဖြေရန် စွံ.အ သွားပါတော့တယ်...
ဒီအဖြစ်အပျက်လေးမှာ လူတွေ
သတ်မှတ်တဲ့ စံနှုန်းတွေရဲ့
ေ၀၀ါးဆန်းပြားမှုကို
တွေ.မြင်နိုင်ပါတယ်....
လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က
ပိုပြီးချမ်းသာမယ်
စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်း
မရှိသလို အစစ်အမှန်ဆိုတာလည်း
မရှိနိုင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို
ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့
စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့
သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ
တကယ့်အရှိတရား (Being) မှာပဲ
စူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး
မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...

(၆)
ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...
တစ်ကယ်က
"အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး ဖြစ်နိုင်တာလေ"
ကျနော်တို.လည်း လူ.လောကထဲက
ပြသနာရပ် တော်တော်များများမှာ
အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကို
မစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View)
တွေကိုသာ ရုတ်တရက်
စဉ်းစားမိတတ်ကြပါတယ်...ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ.
အခြားလူ
ပေးလာတဲ့ အဖြေတစ်ခုနဲ. ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူ
မှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်... ကိစ္စရပ်တိုင်းမှာ
ဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊ စဉ်းစားပုံ
စဉ်းစားနည်း (The Way Of Thinking) အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်
ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေ
ကို
နားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့်
ဘယ်သူ.ရဲ့ လမ်းကြောင်းက
ပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မြင်နိုင်စွမ်းရှိမှာပါ...

ပြသနာဆိုတဲ့ စကားလုံးနဲ.တတ်နိုင်သမျှ ကင်းဝေးနိုင်ဖို.၊ နောင်တတွေ ခဏခဏ
မရဖို.၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး
နေနိုင်ဖို.
သိမိသမျှ၊ဖတ်မိသမျှ၊ ကျင့်ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...

Saturday, April 17, 2010

အလကာင်္နှင့် ကန်တော့ခြင်း

အမေ့ အပြုံး
နှလုံးချိုကြည် နွေးထွေးသည်။

အမေ့ စကား
သကာ့ပျားနှယ်၊ နားဝ ချိုအိ မွှေးလှသည်။

အမေ့ မေတ္တာ
စမ်းရေဖြာသို့၊ ရင်မှာ ချမ်းမြေ့ အေးမြသည်။

အမေ့ ရင်ခွင်
ခေါင်းမှေးဝင်ကာ၊ ညစဉ်ညစဉ်
တေးသံစဉ်နှင့်၊ ပုံပြင် နားထောင်ခဲ့ဖူးသည်။

နို့ချို တိုက်ကျွေး
အမေ့သွေးနှင့် သားလေးလူလား မြောက်ခဲ့သည်။

သည်ယနေ့ထိ
အမေ့ကျေးဇူး၊ မဆပ်ဖူးသေး
ရင်မှာလေး၍၊ အကြွေးဝန်ပိ
မချိနှလုံး၊ မျက်ရည်ဖုံးကာ
ယူကြုံးမရ၊ ဗျာပါရနှင့်
သောကရစ်နှောင် ငြိရသည်။

သို့သော်လည်းလေ
အမေ ဆုံးမ၊ သြ၀ါဒနှင့်
ဘ၀ပင်လယ်၊ အပြောကျယ်၌
ဘယ်လောကဓံ၊ ရေစုန်ဆန်ဝဲ
ကူးခတ်ဆဲသာ၊ အောင်ပွဲတစ်နေ့ ရလိမ့်မည်။

သြော် ကျေးဇူးရှင် အမေ
မွေးရပ်မြေ၌၊ သာစေ မာစေ
ရွှင်လန်းစေကြောင်း၊ ဆုတောင်းပန်ထွာ
အလကာင်္နှင့် ဆယ်ဖြာရိုကျိုး
လက်စုံမိုး၍၊ ရှိခိုး ကန်တော့လိုက်တကား။


မိုးအောင်နွယ် (မင်းပြား)
၁၉၉၂ခုနှစ် ငွေတာရီ မဂ္ဂဇင်း အမှတ် ၃၈၆ ဒီဇင်ဘာလထုတ်

Sunday, April 11, 2010

သူငယ်ချင်း.... မိန်းမ များယူတော့မယ်ဆိုရင် ဒီ ၃ ယောက်တော့ မစဉ်းစားနဲ့ နော် ....

မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု မိန်းမယူလျှင် မည်သို့
သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။
ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။
ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ
ထို စဉ်းစား သင့်သော မိန်းမများမှာ
၁) ဆရာဝန်မ
၂) ကျောင်းဆရာမ
၃) စာရင်းကိုင်
တို့ဖြစ်ပေသည်။

အကြောင်းမှာ
အမှတ်စဉ် ၁
ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။
ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး
မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ်
မျက်နှာကဲ ကြည့်နေရချေမည်။
သူမ၏ အပြုစုကို ခံချင်လွန်းလှ၍ မူလကျီ သွန်ကျီ လုပ်ကာ ခေါင်းကိုက်သည်ဟုလည်း
မူယာမာယာများ၍ မဖြစ်ပေ။ ခေါင်းကိုက်နေတယ်ကွာ ဇက် ကြောလေး ဆွဲပေးစမ်းပါဟု
သင်ဆိုလျှင် သူမက ခေါင်းကိုက်နေလား..ရော့ ဒီမှာ ပါရာစီတမောလ် သောက် ဟုဆိုကာ
ဆေးကဒ်ကိုသာ ပေးချေ လိမ့် မည်။
သင်တကယ် နေကောင်း၊ မကောင်းကိုလည်း သူမ သိချေမည်။ သင်မာယာများ၍ မရကုန်။ဒီနေ့
လူနာတွေ ပုံနေတာပဲကွာ။ မောလိုက်တာ လွန်ပါ ရော ဟု အစချီကာ အိမ်ပြန်ရောက်လာသော
သူမအား သင်ကပင် ဆီးကြို ဇက်ကြောဆွဲ ပြုစုရချေမည်။

အမှတ်စဉ် ၂ ဖြစ်သော
ကျောင်းဆရာမကို ယူလျှင် ကျောင်းဆရာမတို့မည်သည် အကင်းပါး၏။ အင်မတန် ဆရာလုပ်တတ်၏။
သူမအား သင် ဆရာလုပ် ရန် စိတ်မကူးချေနှင့်။ သူမက သင့်ထက် ပိုသိနေပေမည်။
အရေးကြီးဆုံးမှာကား သင်သည် သူမအား လိမ်ညာ၍ မရခြင်းပင်။
သင်သည် အပေါင်းအသင်းများနှင့် ကာတီဗွီ၊ ကာရာအိုကေများသွားကာ
ညဉ့်နက်အိမ်ပြန်ရောက်လျှင် တံခါးဝမှ ဆီးကြိုသော သူမ၏ မျက်ဝန်းများကို သင်
ရင်ဆိုင်ရသော အခါ ကျောချမ်းအံ့။ သင် မည်သို့ပင် လိမ်ညာစေကာမူ သင့်အား
ကျောင်းသားတစ်ယောက်ကို စာစစ်သလို မျက်လုံးမျိုးနှင့် ကြည့်နေသော သူမ၏
မျက်ဝန်းများကို ဆုံရသော အခါတွင် သင်သည် သူမကို မည်သို့မှ လိမ်လည်၍
မရနိုင်တော့ချေ။

အမှတ်စဉ်၃ ဖြစ်သော
စာရင်းကိုင်အမျိုးသမီးကို ယူလျှင် စာရင်းကိုင်တို့မည်သည် အင်မတန်
စာရင်းဇယားတိကျ၏။ ငွေ တစ်ပြားကိုပင် အကွာမခံ တတ်။
ထိုသို့ဆိုလျှင် သင့်လခ အကုန် သူမထံအပ်ပြီးသော် သူမထံမှ သင် ပြန်လည်ရရှိရန်
လမ်းမမြင်။
သင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် ဘီယာဆိုင်၊ ကေတီဗွီတို့သွားလိုလျှင် သင်
အခက်ကြုံရပေတော့မည်။
ထိုအခါတွင် စာရင်းကိုင်အမျိုးသမီးကို ယူထားမိသော ယောက်ျားများသည်
ပေါ့ကက်မန်းနီး ခေါ် အိမ်သူဇနီးမသိအောင် ငွေပိုလေးများ ထားရချေ တော့မည်။

ထိုဝဋ်ဒုက္ခများ ကင်းဝေးစေရန် အလို့ငှာ ဆရာဝန်မ၊ ကျောင်းဆရာမ၊ စာရင်းကိုင် ထို
၃မျိုးအား အလေးအနက် စဉ်းစားပြီးမှ ယူပါလေ

ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?

ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?> ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?
>
> တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။
>
> "အသင် ဘာကြောင့် ငိုနေရတာလဲ ?"
>
> "ကျွန်တော်မျိုး ရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။
> နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
>
> "ဒါ သင်၏ ပုဆိန်လား ? "
> "မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။
>
> နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။
>
> "ဒါ သင်၏ ပုဆိန်လား ? "
> "ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။
>
> နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။
>
> "ဒါ သင်၏ ပုဆိန်လား ? "
> "ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ ဖြေတယ် ။
>
> နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့  အိမ်ကို ပြန်သွားပါတော့တယ် ။
>
>
>
>
>
>
>
> သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ ရဲ့ ဇနီး နဲ့ အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ့ ရဲ့ မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။
>
> "ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"
>
> " ကျွန်တော်မျိုးရဲ့  မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "
>
> နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး "မိုးဟေကို" နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
>
> "ဒါ သင်၏ မိန်းမ လား ? "
> "ဟာ...ဟုတ်ပါတယ်" အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
> နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
> "မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ "
>
> "အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့  ကျွန်တော် မျိုးက "မိုးဟေကို" ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က "သင်ဇာဝင့်ကျော်" နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက "ဟုတ်ပါတယ်" ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်...ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ် "

Saturday, April 10, 2010

စက်နှေးနေ၇င်လုပ်ကြည့်ပါ

၁) Windows မှာ သိပ်မလိုအပ်တဲ့ လှုပ်ရှားမှုတွေ လျှော့ချပါ....
Start-> Control Panel -> ထဲမှ System ကိုဖွင့်ပါ၊
System Properties -> Advanced Tag-> Performance ရဲ့ Setting ထဲကိုဝင်ပါ၊
Performance options--> Visual Effets --> Customs ကိုရွေး ပြီး
အောက်ဆုံး Effects (၃) ခု ကိုပဲ အမှတ်ခြစ်ပြီး ကျန်တာတွေကို Blank ထားပါ။
ပြီးရင် Apply --> OK နှိပ်ပါ။

(၂) Paging Files တွေ အတွက် Virtual Memory ကိုမြှင့်သုံးဖို့ 
အထက်ပါအဆင့်အတိုင်းပြန်သွားပြီး Performance Options-->Advanced ထဲကိုဝင်ပါ၊
အကန့် သုံးခုရဲ့ အောက်ဆုံးအကန့် Virtual Memory မှာ Change ကိုနှိပ်ပါ၊
Virtual Memory ထဲမှာ လက်ရှိ ၀င်းဒိုး တင်သုံးထားတဲ့ ဟာ(ဒ်)ဒစ် ကိုရွေးပြီးဖြစ်နေမယ်၊
Space Available နှင့် အောက်ဆုံးမှာ ဖော်ပြထားတဲ့ Recommended ပမာဏ အတိုင်း
Initial Size(MB) နှင့် Maximum Size (MB) နေရာတွေမှာ ပြောင်းထည့်ပါ၊
ပြီးရင် Set--> OK ကိုနှိပ်ပြီးပြန်ထွက်ပါ။

(၃) Windows အတက်မြန်ဖို့  မလိုအပ်တဲ့ Services တွေနဲ့  Start Up ပရိုဂရမ်တွေကိုကိုဖြုတ်ချထားဖို့ .
Start-->Run ဘောက်(စ်) ထဲမှာ msconfig လို့ ရိုက်ပြီး Enter ခေါက်ပါ၊
(က)System Configuration Utility ရဲ့ Services ကို ၀င်ပြီး အရင်ဆုံး Hide All Microsoft Services ကိုအမှတ်ခြစ်ပါ၊(Windows ဟာ Microsoft Services တွေနဲ့ တိုက်ရိုက်ပက်သက်နေလို့  မှားမဖြုတ်မိအောင်)
ပြီးရင် အထဲမှာ မလိုအပ်ဘူး ထင်တဲ့ Services တွေကို Blank(uncheck)လုပ်ပါ၊
(ခ) System Configuration Utility ရဲ့ Startup ကို ၀င်ပြီး စက်စဖွင့်ဖွင့် ခြင်းရှိသမျှ Run နေတဲ့ Program
တွေကို Blank (uncheck) လုပ်ပါ၊ (windows တက်ပြီးရင်မှ အသုံးလိုမှ ဖွင့်သုံးတာ ကောင်းပါတယ်)။
(ဥပမာ- skype, Gtalk တို့ လို ပရိုဂရမ်တွေ သုံးချင်တဲ့အချိန်မှ ဖွင့် သုံးတာကောင်းပါတယ်။
နောက်တစ်ခု ကောင်းတာက ဘာမှန်ညာမှန် မသိဘဲ စက်ဖွင့်တာနဲ့  လှုပ်ရှားသောင်းကျန်တဲ့ Spyware
တွေ Trojans တွေ ကာကွယ်ပြီးသား ဖြစ်သလို ဘယ်လိုမှ Uninstall (ဖြုတ်ချလို့ ) မရတဲ့ Spyware
programs တွေ ကိုချုပ်ထားပြီးသား ဖြစ်တယ်။ပြီး မှ programs files ထဲ ကနေ Folder တစ်ခုလုံး Delete
လုပ်လို့ ရတာ)၊
အားလုံးပြီးရင် Apply--> Ok နှိပ်ပြီး Restart လုပ်ပါ။
Windows ပြန်တက်လာလို့  Message ပေါ်လာရင် Don't Show Me Again လုပ်ပြီး OK နှိပ်ပါ။

(၄) ပြန့် ကြဲနေတဲ့ ဖိုင်အပိုင်းအစ တွေကိုပြန်စုစည်ဖို့  Disk Defragment လုပ်ပါ၊
My Computer ကို Right Click နှိပ်ပြီး-->Manage ထဲကိုဝင်ပါ၊
Storage-->Disk Defragment ကိုနှိပ်ပြီး ညာဘက်ခြမ်းထဲက HDD တွေကို တစ်ခုခြင်း
ရွေးပြီး အောက် မှ Analyze အရင်လုပ် ပြီး Disk Defragment လုပ်ပါ၊

(၅) Internet ကိုအသုံးပြုတဲ့ Computer Userတွေ Internet Explorer, Firefox စတဲ့ Web Browser တွေရဲ့
Temporary Files တွေကိုရှင်းဖို့ မေ့နေတတ်ကြတယ်။
Internet Explorer ကိုရှင်းဖို့ 
Start-->Control Pannel--> Internet Options ကိုသွားပါ၊
General ထဲမှ Temporary Internet Files မှ Delete Cookies Delete, Delete Files လုပ်ပါ၊
ပြီးရင်ဘေးက Setting ထဲကိုဝင်ပြီး Amount of Disk space to use ကို 25 MB လောက်ပဲထားပါ၊
OK နှိပ်ပြီး Internet Options ရဲ့ နောက်ဆုံး Tag ဖြစ်တဲ့ Advanced ကိုသွားပါ၊ Steeings အောက်ထဲက
Security နေရာ မှာ Empety Temporary Internet Files Folder when Internet Browser is closed ကို
ရှာပြီး အမှတ်ခြစ်ပါ။(Internet Browser ကိုပိတ်ပြီးတာနဲ့  Temporary Files တွေကိုဖျက်ပြီးဖြစ်အောင်လို့ ပါ)
ပြီးရင် Apply--> OK နှိပ်ပါ။
Firefox အတွက် ကတော့ Tools ရဲ့ အောက်မှ Clear Private Data လုပ်ရင် ရပါပြီ။
အဲဒီ အချက် (၅) ချက်လောက် လုပ်ရင် စက်ရဲ့  Performance ဟာ အလွန်ကောင်းတဲ့အနေအထား ဖြစ်သွားပြီး
သုံးရတာ မြန်ဆန်သွက်လက်နေပါမယ်။

Run ကနေ Regedit လို့ရိုက်... Registry Editor ထဲရောက်ရင် HKEY_CURRENT_USER\Control Panel\Desktopကိုသွားပါ... Desktop ရဲ့ ညာဘက်ခြမ်းမှာ..
Menushowdelay ဆိုတာ..တွေ့ပါလိ့မယ်အဲ့.. အဲ့ကောင်းကို ကလစ်၂ချက်ဆက်နှိပ်လိုက်ပြီး.. ပေါ်လာတဲ့ Value Data ဆိုတဲ့နေရာမှာ 0 လို့ပြောင်းထည့်လိုက်ပါ..

Run =>Regedit
HKEY_LOCAL_MACHINE\SYSTEM\SYSTEM\ControlSet001\Control\Session Manager\Memory Management ပြထားတဲ့လမ်းကြောင်းအတိုင်းသွားလို့ရောက်ပြီဆိုလျှင်
Memory Management ရဲ့ညာဘက်အခြမ်းမှာ
DisablePagingExecutive ဆိုတာကို ကလစ်နှစ်ချက်နှိပ်ပြီး Value Data ကို 1 လို့ပြောပေးလိုက်ပါ..
LargeSystemCache ဒါကိုလည်း ကလစ်နှစ်ချက်နှိပ်ပြီး Value Data ကို 1 လို့ပြောပေးလိုက်ပါ..

ပြီးလျှင် စက်ကို Restart ချပေးလိုက်ပါ

Hard disk ကို Defragment ဘာကြောင့်လုပ်သင့်သလဲ

ကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့
ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။
Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက
Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။
Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါ
သို့သွားပါ ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ပြီးရင်တော့Defragment
ခလုပ်လေးကိုနှိပ်ပြီးလုပ်လိုက်ရုံပါဘဲဒါပေမဲ့
ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement
လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။
Hard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ
အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်
Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။
Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့်
Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း
အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>System Tools>Scan Disk သို့ဝင်
ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။



Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။



System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွား
ပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး

မိမိရဲ့ hard disk ကိုဝန်မပိစေဘဲပေါ့ပေါ့ပါးပါးလေးသုံးကြည့်မယ်

ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ
free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင
် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက
default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ
ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space
များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင်
လွယ်လွယ်လေးပါ။

ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့
လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့

၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)

Friday, April 9, 2010

ပန်းပန်လျက်ပဲ

ညိုပြာပြာ လတာပင်ခြေရင်း

လှိုင်းတက်ရာဗေဒါတက် လှိုင်းသက်ရာဆင်း

ဆင်းရလည်း မသက်သာ

အုန်းရွက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။

အဆင်းနဲ့အလာ ဗေဒါမအတွေး၊

အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး

ဆောင့်ရလည်းမသက်သာ၊

နောက်တချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ

မြုတ်လေပေါ့ ပေါ်မလာ၊ ဗေဒါမ အလှ

တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လည်း မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်က တစ်ရာ နှစ်ရာ၊ ဗေဒါကတစ်ပင်တည်း

အယက်အကန်ခံလို့ ဗေဒါမာန် အံကိုခဲ

ပန်းပန်လျက်ပဲ...။ ။
ဇော်ဂျီ
(ဗေဒါလမ်း(၁၀)။ပန်းပန်လျက်ပဲ)

လွမ်းမီတယ်

"လွမ်းမိတရ်"
အလွမ်းဆိုတာ စိတ်မော
ဖွင့်မပြောနိုင်တာ အမှားလား?
လွမ်းနေရင်းနဲ့ ပျော်မှာလား?
မင်းနဲ့တွေ့တဲ့အချိန်လေးကို သတိယတယ်
မင်းရဲ့ အသံလေးကိုလဲ လွမ်းနေမိတယ်
အချစ်ရယ်....။

လမိုက်ညလေး တစ်ညပေါ့
စိုစွတ်နေတဲ့ မိုးရေတွေကြားမှာ
ချစ်သူနဲ့ တွေ့ဆုံခိုက်မှာ
မမျှော်လင့်တဲ့ တစ်စုံတရာက
ကိုယ့်နှဖူးထပ်ဆီနေရာယူပြီး
ဘယ်အခါမှ မမေ့နိုင်တဲ့
သေရာပါ ဒဏ်ရာကို မင်းပေးသွားပြီ
ချစ်သူရယ်....။ :ok

ပွင့်သောပန်းတိုင်း
မွှေးပါစေ
စမ်းရေတိုင်းလဲ အေးပါစေ....
မင်းရဲ့ တုန့်ပြန်မှု့လဲ
ပျော်ရွှင်ပြီးတော့ ....အေးပါစေ

ရေပြင်ပေါ်မှာ တိုက်ခတ်တိုးဝှေ့လာတဲ့
လေညှင်းလေးဟာ အင်မတန်မှ
စိတ်ကိုရွှင်လန်း စေပါတယ်...
ကိုယ်တို့နှစ်ယောက်လဲ
ကြမ်းတမ်းတဲ့ လောကဓံပေါ်မှာ
ပျော်ရွှင်စွာနဲ့ အတူလျှောက်လှမ်း
ဆို့လား အချစ်ရယ်.....။

ပင်မြင့်ထက်မှာ ပွင့်တဲ့
သဇင်ပန်းဟာ နှင်းကျမှ
ပွင့်ရသလို....
အချစ်ရှိမှ ပြည့်စုံတဲ့ လောကကြီးမှာ
ကိုယ့်ဘ၀လဲ မင်းရှိမှ ပြည့်စုံမယ်
အချစ်ရယ်...။

Wednesday, April 7, 2010

vzoချက်တဲ့သူတွေ သတိထားတတ်စေချင်လို့

ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက် ရာဇ၀တ်ကောင်တွေ သုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား တကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။ ref;မောင်ဒေး ချင်းတွင်းမဂ်မဇင်း

dsmeပုံ၇ိပ်များ






Friday, April 2, 2010

gtalk ပွားနည်းလေး

gtalk icon ပေါ် right click/properties ကိုသွားပါ။ gtalk properties dialog box မှ shortcut ကိုသွားပါ။ Target box မှာ "C:\Program Files\Google\Google Talk\googletalk.exe" /startmen0u/ ဒီ extention လေးနောက်က space/nomutex ရိုက်လိုက်ပါ။ ပြီးရင် ok ပေါ့။ space က ( /nomutex)ပါ။ spacebar ပုတ်ရုံပါဘဲ။
ရပါပြီ ရှိသမျှ account တွေနဲ့ login ၀င်ပြီး chat နိုင်ပါပြီ။

Monday, March 1, 2010

လုပ်သက်ဆုကြေးအာမခံ အလုပ်သမားထံမှဖြတ်၇န်မဟုတ်

Posted by ကိုဝိုင်း (မိုးညှင်း) at 1:06 AM

ကိုဝိုင်း(မိုးညှင်း)

လုပ်သက်ဆုကြေး (퇴직금)

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတိုင်း ထွယ်ဂျစ်ဂွမ့် (퇴직금) ဆိုတာကို သိကြပြီးဖြစ်လိမ့်မယ်လို့ ယူဆပါတယ် ။ အဲသည် ထွယ်ဂျစ်ဂွမ့်/toijikkeum/ဆိုတာကို မီဒီယာတွေမှာ အင်္ဂလိပ်လိုတော့ Legal Retirement Allowance , Severance Allowance ဆိုပြီး ရေးကြပါတယ် ။ နောက်ပြီး အဘိဓါန်တစ်ခုမှာတော့ Redundancy Pay (လိုအပ်သည်ထက် ပိုသော လစာ) ဆိုပြီး သုံးထားတာကို တွေ့ရပါတယ် ။ မြန်မာလို ပြန်ကြတဲ့အခါကျတော့ အရင်က ဆို အငြိမ်းစားလစာဆိုပြီး ပြန်ကြတာတွေလည်း တွေ့ဖူးပါတယ် ။ နောက်ပိုင်းမှာတော့ လုပ်သက်ခံစားခွင့် ၊ လုပ်သက်ခံစားငွေဆိုပြီး သုံးလာကြပါတယ် ။ အငြိမ်းစားလစာ (Pension: 연금) မဟုတ်တာတော့ သေခြာပါတယ် ။

နောက်ပြီး လုပ်သက်ခံစားခွင့် ဆိုပြန်တော့လည်း ခွင့်ရက် (Leave) နှင့် မှားနိုင်စရာ ရှိပြန်ပါတယ် ။ လုပ်သက်ခံစားငွေ ကတော့အမှားအယွင်းမရှိ သုံးလိုက သုံးနိုင်တဲ့ ဝေါဟာရတစ်ခုလို့ သဘောရပါတယ် ။ ကျနော်ကတော့ လုပ်သက်ဆုကြေးဆိုတဲ့ ဝေါဟာရကို အကြိုက်ဆုံးပါ ။ မြန်မာပြည်မှာလည်း ဝန်ထမ်းလောကမှာ တရားဝင်သုံးတဲ့ ဝေါဟာရပါ ။ အငြိမ်းစားလစာ ခံစားခွင့် မရမှီ နှုတ်ထွက်ရတဲ့အခါမျိုးမှာ လုပ်သက်ကို နောက်ဆုံးထုတ်လစာနှင့် မြှောက်ပြီး သတ်မှတ် ရာခိုင်နှုန်းအရ တစ်လုံးတစ်ခဲတည်း ချီးမြှင့်တဲ့ငွေပါ ။ အင်္ဂလိပ်လိုတော့ Gratuity လို့ ခေါ်ပါတယ် ။ အခု ကိုရီးယားမှာ ပြောနေကြတဲ့ 퇴직금 ဆိုတာနှင့် သဘောသဘာဝ တွက်ချက်ပုံက အစ တော်တော်လေး နီးနီးစပ်စပ်ရှိလို့ ကျနော်ကတော့ ထွယ်ဂျစ်ဂွမ့်ဆိုတဲ့ ကိုရီးယားဝေါဟာရကို လုပ်သက်ဆုကြေးဆိုပြီး သုံးစွဲသွားပါ့မယ် ။

အီးပီလုပ်သားများနှင့် လုပ်သက်ဆုကြေး
အီးပီလုပ်သားများဟာ အလုပ်စံချိန်စံညွှန်းဥပဒေ (the Labor Standards Act) အရ လုပ်သက်ဆုကြေး ကို ခံစားခွင့် ရရှိကြပါတယ် ။ စက်ရုံ အလုပ်ရုံတစ်ခုမှာ အနည်းဆုံး ၁ နှစ် ဆက်တိုက် အလုပ်လုပ်ခဲ့တယ် ဆိုလျင် ၊ ၁လစာ ကို အပိုဆောင်းပြီး ဆုကြေးအဖြစ် ခံစားခွင့်ရှိပါတယ် ။ ၁၂လ အလုပ်လုပ်ပြီး ၁၃ လစာ လခရတဲ့ သဘောပါ ။ ခံစားခွင့်ရမယ့် ဆုကြေးကတော့ ၊ နောက်ဆုံးထုတ်လစာ ၃လစာ (ရက် ၉၀ စာ)ရဲ့ ပျမ်းမျှလစာကို လုပ်သက် (နှစ်မပြည့်လျင် အစွန်းထွက် ရက်လ တို့ကို နှစ်ဖွဲ့ပြီး) နှင့် မြှောက်ပြီးရတဲ့ အဖြေပါ ။သို့ပေမယ့် ကိုရီးယားအလုပ်ရှင်တော်တော်များများဟာ နိုင်ငံခြားသား အလုပ်သမားများကို လုပ်သက်ဆုကြေး မပေးချင်ကြပါဘူး ။ တစ်ချို့လုပ်ငန်းရှင်တွေကတော့ လစာထဲမှာ ပေါင်းထည့်ပြီး တွက်ပေးကြတာတွေလည်း ရှိခဲ့ပါတယ် ။ အဲသည်လို မလုပ်ရဘူးလို့ သက်ဆိုင်ရာက ညွှန်ကြားထားပြီးပါပြီ ။

အာမခံအမည်နာမ မရှင်းမရှင်း

အခု အီးပီလုပ်သားများကိုတော့ လုပ်သက်ဆုကြေးနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းပြီး အကာအကွယ် ပေးထားတာပါ ။ အဲသည် ဥပဒေပြဋ္ဌာန်းချက်အရ အီးပီအလုပ်သမားအသုံးပြုတဲ့လုပ်ငန်းရှင်တိုင်းဟာ လုပ်သက်ဆုကြေးအာမခံကို ထားကြရပါတယ် ။ သို့ပေမယ့် ကျနော့်အထင် အဲသည် ဥပဒေဟာ မရှင်းမရှင်း ဖြစ်နေတာကိုတွေ့ရပါတယ် ။ အာမခံရဲ့ အမည်ခေါ်တာကအစ ခပ်ရှုပ်ရှုပ်ပါ ။ ကိုရီးယား လိုတော့출국만기보험တဲ့ ၊ အင်္ဂလိပ်လိုတော့ Departure Guaranty Insurance တဲ့ ။ ကိုရီးယားအခေါ်အဝေါ်ကို

မြန်မာလို ဘာသာပြန်ကြည့်ကြရအောင် -

- 출국: Departure: တိုင်းပြည်မှထွက်ခွါခြင်း

- 만기: Expiration of term: သက်တမ်းကုန်ဆုံးခြင်း

- 보험: Insurance: အာမခံ ။

အားလုံးကို ပေါင်းလိုက်လျင် “ တိုင်းပြည်မှ ထွက်ခွါရန် သက်တမ်းကုန်ဆုံးခြင်းအာမခံ” ဆိုတဲ့အဓိပ္ပါယ်ကို ရပါတယ် ။ ကျနော့်အလိုအရ ပြောရရင်တော့ လုပ်သက် ဆုကြေးအာမခံ (퇴직금보험) ဆိုလျင် ပိုပြီး ရှင်းရှင်းလင်းလင်း ထင်သာ မြင်သာ ရှိလိမ့်မယ်လို့ ထင်မြင် ယူဆမိပါတယ် ။ ဒီ အာမခံကြေးကိစ္စ ကျနော်တို့ မြန်မာတွေသာ မရှင်းမရှင်းဖြစ်နေကြတာမဟုတ်ပါ ။ ကိုရီးယားတွေ ကိုယ်တိုင်က မရှင်းမရှင်း ဖြစ်နေကြတာပါ ။ ကိုရီးယားလူ့ အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနကလည်း မနေရသလို ၊ အလုပ်သမားရုံး ၊ နိုင်ငံခြားသားအလုပ်သမားအကူအညီဆင်တာ စသည်စသည် အားလုံး အလုပ်ရှုပ်ကုန်ကြရတာပါ ။ ဘယ်လောက်ထိ မရှင်းမရှင်း ဖြစ်နေကြသလဲ ဆိုတာ သိချင်ရင် 출국만기보험ဆိုတာကို အင်တာနက် Search မှာရိုက်ပြီး ရှာကြည့်ပါ ။ အဖြေထွက်လာပါလိမ့်မယ် ။

လုပ်သက်ဆုကြေးအာမခံ (출국만기보험: Departure Guaranty Insurance)

အလုပ်သမား ၅ ဦးနှင့်အထက် ရှိတဲ့ အလုပ်ရုံ စက်ရုံများအတွက် အလုပ်ရှင်က ထားရှိရတဲ့ အာမခံ ဖြစ်ပါတယ် ။ လစဉ်ဖျမ်းမျှလစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို ပေးသွင်းရမှာပါ ။ အဲသည် အာမခံကို မထားလျင် ဝမ် သန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ အဲသည် အလုပ်ရုံမှာ အနည်းဆုံး လုပ်သက် ၁ နှစ် ဆက်တိုက် အလုပ်လုပ်ခဲ့တဲ့ အီးပီအလုပ်သမား တစ်ဦးဦးဟာ အဲသည် အလုပ်ရုံမှ အနားယူ (ထွက် ၊ ပြောင်း ၊ ပြန်) တဲ့ အခါ မိမိလုပ်ခဲ့သည့် လစာ ၁ လစာ ( အကြမ်းဖျင်း) ကို လုပ်သက်ဆုကြေး (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ အလုပ်ရှင်က မပေးလျင် အာမခံ ကုမ္ပဏီသို့ တောင်းခံ လျှောက်ထား ရယူနိုင်ပါတယ် ။ ၁-နှစ်မပြည့်ဘဲ အလုပ်ရုံမှ ထွက်လျင် (ပြေးလျင်) သို့မဟုတ် ပြောင်းလျင် အာမခံထားပေးသူ (အလုပ်ရှင်)က ပြန်လည် ထုတ်ယူ နိုင်ပါတယ် ။ မိမိ အမှန်တကယ်ရရှိနိုင်သော လုပ်သက်ဆုကြေးငွေ ပမာဏ ဟာ ၊ အာမခံကမ္ပဏီမှာ ပေးသွင်းထားတဲ့ အာမခံကြေးထက် များနေမှာပါ ။ အဲဒီ အခြေအနေမှာ လုပ်ငန်းရှင်ဟာ အလုပ်သမားသို့ ခြားနားငွေကို ထုတ်ပေးရမယ်လို့ “ နိုင်ငံခြားသား အလုပ်သမားငှားရမ်းခြင်း အစရှိသည်တို့နှင့် ပတ်သက်သည့် နည်းဥပဒေ ” ပုဒ်မ၂၁ ၊ (ပြည်ထွက် ကာလကုန်ဆုံးအာမခံ ၊ အပ်ငွေ) ပုဒ်မခွဲ ၃ (외국인근로자의 고용 등에 관한 법률 시행령 제21조(출국만기보험.신탁) 3항' ) မှာ ပြဋ္ဌာန်းထားပါတယ် ။

လက်တွေ့ပြဿနာများ

လုပ်သက်ဆုကြေးအာမခံကိစ္စနှင့်ပတ်သက်ပြီး ၊ မြန်မာအီးပီ လုပ်သားများ လက်တွေ့ ကြုံနေကြရတဲ့ ပြဿနာရှိပါတယ် ။ အဲသည် လုပ်သက်ဆုကြေးအာမခံကြေး(출국만기보험) အဖြတ်ခံနေရတဲ့ကိစ္စပါ ။ လုပ်ငန်းရှင်က မသိလို့လည်းဖြစ်နိုင်သလို ၊ သိလျက်နှင့် မတရားလူလည်လုပ်တာလည်းဖြစ်နိုင်ပါတယ် ။ ဘယ်ဟာအမှန် ဆိုတာကတော့ ကာယကံရှင်များသာ သိကြပါလိမ့်မယ် ။ ဘာပဲဖြစ်ဖြစ် အခု လုပ်သက်ဆုကြေး အကြောင်း ဂဃနဏ သိကြရပြီမို့ ၊ ကျနော့်ရဲ့ မိတ်ဆွေ တစ်ယောက်လို အဖြတ်ခံထားရတဲ့ ပုဂ္ဂိုလ်များရှိခဲ့မယ် ဆိုရင်ဖြင့် ၊ အဲဒီ ဖြတ်ထားငွေများပြန်လည်ရရှိရေး ဆောင်ရွက်တော်မူကြပါလို့ အကြံပြုလိုက်ပါတယ် ။ အဲသည် မိတ်ဆွေရဲ့ ပြောပြချက်အရတော့ သူရဲ့ စက်ရုံမှာ အီးပီ ရွှေခံများလည်း ရှိပြီး ၊ အခြားနိုင်ငံခြားသားများလည်း ရှိပါသတဲ့ ။ သည် ဖြတ်ငွေအကြောင်း ရှင်းပြပေးဖို့ စီနီယာကိုကိုရွှေခံကို ပြောတော့ လျှာရှည်မနေနဲ့ ၊ ပြောလို့လည်းမထူးဘူး ။ သူများတွေလည်း ဒီလိုဘဲ အဖြတ်ခံနေရတာဘဲ လို့ ရှင်းပြသတဲ့ ။ သူဌေးမင်းကို မေးပြန်တော့ ပြန်တဲ့အခါ ပြန်ရမယ့် ဟာဘဲ လို့ ပြောသတဲ့ဗျ ။

သူဌေးမင်းခင်ဗျာ ။ လုပ်သက်ဆုကြေးငွေကို ကိုယ့်ဟာကို ပြန်ပေးနေရတဲ့ သဘောလို ဖြစ်နေပါတယ် ။

ပြောလို့ မရလျင် ဒီစာကိုပြပါ

မှတ်သားစရာ ကတော့ “ လုပ်သက်ဆုကြေးအာမခံ ၊ အလုပ်သမားထံမှ ဖြတ်ရန်မဟုတ်” တဲ့ခင်ဗျ ။ ဒီတော့ လုပ်သက်ဆုကြေးအာမခံကို လစာထဲက မဖြတ်ဖို့ ပြောကြရမှာပါ ။ ကိုရီးယားသူဌေးမင်းများကို ပြောမရလျင်ဖြင့် ၊ ဒီစာကလေးပြလိုက်လျင် အမှန်ကို သိနိုင်လောက်တယ်လို့ ထင်မိကြောင်းပါခင်ဗျာ ။

1. 외국인노동자가 계약기간 만료 후 퇴직금을 수령할 때, 대부분의 외국인노동자들이 귀사에 출국만기보험을 신청해야 하는 것을 모르고 있습니다. 또한 신청서 양식이 한글로 되어있으므로 외국인노동자 스스로 출국만기보험을 신청하는 것이 어려우므로 출국만기보험금 신청방법에 대하여 재고하여 주시기 바랍니다.


답변 - 본 제도는 기본 한국어교육을 이수한 외국인 근로자들을 대상으로 하므로 신청서 양식은 기본적으로 한글로 되어있습니다. 그런데 당사는 신청서가 아니더라도, 고용지원센터에서 발급한 출국예정사실확인서(재입국취업활동확인서) 및 고용변동확인서 등을 신청서로 간주하여 받고 있습니다. 이를 활용하시면 노동부에서 요구하는 바와 같이 사전 고용변동 신고 후에 보험금 신청이 가능하므로, 이를 널리 홍보하여 주시기 바랍니다.


2. 출국만기보험은 1년 이상 근무 후 외국인노동자가 직접 수령했을 경우 수령액은 퇴직금의 약 70%인 경우가 대부분입니다. 하지만 많은 사용자는 귀사에서 지급하는 출국만기보험으로 퇴직금을 정산했다고 생각합니다. 출국만기보험 수령 후 사용자에게 퇴직금 정산을 요청하는 상담이 계속 증가하고 있으므로 보험금신청서와 사용자안내문에 ‘근로자퇴직급여보장법’에 의하여 출국만기보험금 수령 후 퇴직금을 정산하여야 함을 안내하여 주시기를 제안합니다.


답변 - 본 보험은 '외국인근로자의고용등에관한법률'에 의하여 법이 정한 대로 운영되는 보험입니다. 향후 근로자 및 사용자들의 오해를 줄이기 위하여 보험금 신청서 양식에 '근퇴법'에 의하여 출국만기보험 수령 후 퇴직금을 정산하여야 함을 안내하는 문구 추가를 적극적으로 검토하도록 하겠습니다.

******

1.고용허가제 4대 보험 중 퇴직금을 대신 하여 지급하는 출국만기보험은 사업주가 퇴직금의 일시지급에 따른사용자부담을 완화 시키는데 목적이 있으며 상시 근로자 5인 이상 사업장에서는 받드시 가입하여야 하며, 또한 취업활동기간이 1년 이상 남은 외국인근로자를 고용한 사업장이 해당 되겠읍니다.

2.실제 퇴직금과 보험회사에서 지급한 금액이 다를수 있읍니다.

3.그이유는 사업주가 고용허가서에 기록된 월 평균 임금에서 8.3%을 매월 납부하고 근로자는 실제 그 이상 급여를 지급받고 있기 때문에 다를수 있으며, 실제 이런 경우가 많이 발생되고 있읍니다.

4.이문제가 발생되면 ' 외국인근로자의 고용 등에 관한 법률 시행령 제21조(출국만기보험.신탁) 3항'에 근거 근로자퇴직급여보장법 제8조 1항 사용자는 계속근로기간 1년에 대하여 30일분 이상의 평균임금을 퇴직금으로 퇴직하는 근로자에게 지급할 수 있는 제도를 설정하여야 한다. 이 규정에 의한 퇴직금의 액보다 적을 경우에는 그 차액을 외국인 근로자에게 지급하여야 한다. 라고 명시 되어 있읍니다.

5.그러나 일부 사업장에서 보험회사가 지급하면 퇴직금을 전액 지급하는걸로 생각하신 사업주께서 있으신것 같읍니다. 근로자가 퇴사를 한다면 사측에서 퇴직금을 계산해보고 보험회사에서 지급한 금액이 실 퇴직금에 미달하여 차액이 생길 경우 그 차액 만큼 근로자에게 지급하여야 한다고 사료 됩니다.

일단, 사업주와 대화를 하시고 해결되지 않는다면 사업장 관할 노동부 근로감독과에 진정서를 작성 제출하시면 됩니다.

법적 근거 : 외국인근로자의 고용 등에 관한 법률 시행령 제21조(출국만기보험.신탁) 3항'

မြန်မာ EPS လုပ်သားတစ်ဥိး ၇ုတ်တစ်၇က် ကွယ်လွန်

Posted by ကိုဝိုင်း (မိုးညှင်း) at 11:45 AM
အင်ချောန် ၊ ဖေဖော်ဝါရီ ၂၈ ။
ယနေ့ နံနက် ဝေလီဝေလင်းအချိန်တွင် မြန်မာတစ်ဦး ၊ အိမ်ခေါင်မိုးအထပ်ရှိ အလုပ်သမားတန်းလျားဆောင်မှ ရုတ်တရက်ပြုတ်ကျကွယ်လွန်သွားကြောင်း သိရသည်။ အဆိုပါ သေဆုံးသူမှာ ကိုအေးမင်းထွန်း(၂၇-နှစ်)ဆိုသူ ဖြစ်ပြီး ၊ လွန်ခဲ့သော အောက်တိုဘာ ၂၆ ရက်နေ့ကမှ တောင်ကိုရီးယားသို့ အီးပီစနစ်ဖြင့် ရောက်ရှိလာသူဖြစ်ကြောင်း ၊ ရေးမြို့နယ် လမိုင်းဇာတိ မွန်တိုင်းရင်းသားဖြစ်ကြောင်း ၊ ၄င်းကို ခင်မင်သူများကမူ အိုးရှင်းဟုလည်း ခေါ်ကြကြောင်း သိရပါသည် ။





၎င်းသည် အွိဂျောင်ဘူဒေသ(Uijeongbu) ဖိုချောန်မြို့ ၊ ဂါဆန်ကျေးရွာ(P'ocheon Shi, Gasab Myeong)တွင် အီးပီဗီဇာဖြင့် တရားဝင်အလုပ်လုပ်နေသူဖြစ်ပြီး ၊ ပိတ်ရက်ကာလတွင် ဂွါန်ဂျူးလေး (Gyeonggi Do, Gwangju Shi) ရှိမိတ်ဆွေထံသို့ အလည်လာရောက်လာစဉ် ထိုကဲ့သို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ယမန်နေ့ည ၁၂ နာရီခန့်က အခင်းဖြစ်ပွါးရာသို့ရောက်ရှိလာကြောင်း ၊ မိတ်ဆွေများနှင့်အတူ အိပ်စက်နေရာမှ နံနက် ၄နာရီခွဲခန့်တွင် အပေါ့အပါးသွားရန် ထသွားသည်ဟုဆိုကြောင်း ၊ အိပ်တန်းလျားအောက်ထပ်တွင် ၄င်းပြုတ်ကျ သေဆုံးနေသည်ကို နံနက် ၈နာရီခွဲခန့်ရောက်မှ အတူအိပ်နေကြသည့်မိတ်ဆွေများက တွေ့ကြသည်ဟုဆိုပါသည် ။



အဆိုပါ အိပ်ဆောင်တန်းလျားသည် ကိုရီးယားဘာသာဖြင့် အုတ်ဆန် (Oksang) ဟုခေါ်သည့် စက်ရုံအဆောက်အဦး အပေါ်ဆုံးခေါင်မိုးအထပ်တွင် လူနေခန်းအဖြစ် ဖန်တီးထားသည့် နေရာဖြစ်ကြောင်း ၊ ထိုအပေါ်ဆုံးထပ်၏ ဝရန်တာ လက်ရန်းမှာ ၊ ယခင် များမကြာသေးမီက တစ်ကြိမ်ပြုတ်ကျသွားသဖြင့် ပြန်လည်တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယခု ကိုအေးမင်းထွန်းမှာ ထိုခနော်ခနဲ့ ဝရန်တာနှင့်အတူ ပြုတ်ကျကွယ်လွန်သွားခြင်းဖြစ်သည်ဟုဆိုပါသည် ။ ယခုအခါ ကျန်ရစ်သူမိတ်ဆွေများနှင့် ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းက ကိုအေးမင်းထွန်း၏ ဈာပနကိစ္စ ၊ သေမှုသေခင်းကိစ္စနှင့် အရေးပေါ်အသုံးစရိတ်အာမခံကြေးများရရှိရေးကိစ္စစသည့် ပြုဖွယ်ကိစ္စတို့ကို အပူတပြင်းလုပ်ဆောင်နေကြသည်ဟု ဆိုပါသည် ။

ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားအများစုတို့မှာ ထိုကဲ့သို့ အဆောက်အဦး အပေါ်ဆုံးထပ် ၊ စက်ရုံအကြို အကြားနေရာများတွင် ယာယီလူနေခန်းအဖြစ် ဖွဲ့စည်း၍ လည်းကောင်း ၊ စက်ရုံဝင်း သို့မဟုတ် လမ်းဘေး မြေနေရာလွတ်များတွင် ကွန်တိန်နာခေါ် ကုန်သေတ္တာများကို လူနေ အိပ်ဆောင်အဖြစ် ဖန်တီး၍ လည်းကောင်း ဆင်းရဲ ချို့တဲ့စွာ နေကြရကြောင်း ၊ ယခင် နိုင်ငံခြားသားလုပ်သားများ နေစရာနှင့် စားစရာများ ထောက်ပံ့ရေးဆိုင်ရာညွှန်ကြားချက်များတွင်မူ လူနေရန်မသင့်သောနေရာများတွင် နေစေခြင်းမပြုရန် ညွှန်ကြားထားသည်ဟု ဆိုပါသည် ။

Wednesday, February 17, 2010

အေ၇းပါတဲ့ဘ၀၇ဲ့အသေးအဖွဲလေးတွေ

ညက ကျနော်အိမ်ပြန်ရောက်တော့ ကျနော့်ဇနီးက ညစာအတွက်ပြင်ဆင်နေခဲ့တယ်... ကျနော် သူ့လက်ကို ကိုင်ပြီး မင်းကို ပြောစရာရှိတယ်လို့ ပြောလိုက်တယ်... သူမ ထိုင်ပြီး ညစာကို တိတ်ဆိတ်စွာပဲ စားနေခဲ့တယ်... သူမမျက်ဝန်းထဲက နာကျင်မှုတွေ မြင်လေမလားလို့ ကျနော် ရှာနေမိနေတယ်...

ရုတ်တရက် ကျနော် ဘယ်လိုစပြောရမယ်ဆိုတာ မသိတော့ဘူးဖြစ်နေတယ်... ဒါပေမဲ့ ကျနော် ဘာကို စဉ်းစားနေတယ်ဆိုတာတော့ သူမကို အသိပေးကို ပေးရမယ်... "မင်းကို ကွာရှင်းချင်တယ်" ကျနော် တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်... ကျနော် စကားလုံးကြောင့် သူမစိတ်ဆိုးတဲ့ ပုံစံမပြပဲ ကျနော် ကို 'ဘာကြောင့်လဲ" လို့ အေးအေးဆေးဆေးပဲ သူမ ပြန်မေးတယ်... သူမမေးခွန်းကို ကျနော် မဖြေပဲ ရှောင်လွှဲနေလိုက်တယ်... အဲလိုလုပ်မှ သူမဒေါသထွက်လာတယ်... လက်ထဲကိုင်ထားတဲ့ ဇွန်း ခရင်းတွေ လွှတ်ပစ်ပြီး "ရှင် ယောက်ျားမဟုတ်ဘူး" လို့ ကျနော်ကို ပြန်အော်တယ်...

အဲဒီညက ကျနော်တို့ နှစ်ယောက် စကားမပြောဖြစ်ကျတော့ဘူး... သူမကတော့ ငိုကြွေးနေခဲ့တယ်... ကျနော်တို့ အိမ်ထောင်ရေးမှာ ဘာများဖြစ်ခဲ့လို့လဲလို့ သူမ အဖြေရှာနေတယ် ဆိုတာကို ကျနော်သိပါတယ်... သူမ ကျေနပ်လောက်တဲ့ အဖြေ ကျနော် ပေးဖို့ ခက်ခဲနေတယ်... မိုး လို့ ခေါ်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်အပေါ် ကျနော် နှလုံးသားတွေ တိမ်းညွတ်နေခဲ့ပြီးလေ... သူမကို ဘယ်လိုမှ ချစ်လို့ မရတော့ဘူး... အဲဒီအစား သူမကို သနားခြင်းတွေ သာရှိတော့တယ်...

ကျနော် ကိုယ့်အပြစ်ကိုသိနေတဲ့အတွက် ကျနော်တို့ရဲ့ အိမ်ရယ် ကျနော် လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ၃၀ ရာခိုင်နှုန်းရယ် ကားရယ် ကို သူမ ပိုင်ဆိုင်မှုအဖြစ် ကွာရှင်းစာချုပ်ထဲ ထည့်ပေးခဲ့တယ်... သူမက အဲဒီစာချုပ်ကို တချက် ကြည့်ပြီး အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်... ကျနော်နဲ့ ဆယ်နှစ်လုံးလုံးအတူရှိနေခဲ့တဲ့ မိန်းမတယောက်ဟာ လုံးဝ သူစိမ်းတယောက်လိုပါပဲ... သူမရဲ့ ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အင်အားတွေ ကျနော် စိတ်မကောင်းဖြစ်ပေမဲ့... ကျနော် နောက်မဆုတ်နိုင်တော့ပါဘူး... မိုးကို နင့်နင့်နဲနဲ ချစ်နေခဲ့ပြီးလေ...

နောက်ဆုံးတော့ ကျနော့်ရှေ့မှာ သူမ သည်းထန်စွာ ငိုကြွေးပါတော့တယ်.. ကျနော် မျှော်လင့်သလိုပါပဲ... ကျနော်အတွက်တော့ သူမရဲ့ငိုကြွေးမှုဟာ စိတ်သက်သာရာဖြစ်စေခဲ့ပါတယ်.. ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး ရှိနေခဲ့တဲ့ ကွာရှင်းဖို့ စိတ်ကူးဟာ ပိုပြီး ခိုင်မာ ရှင်းလင်းလာခဲ့တယ်...


နောက်နေ့ ကျနော် အိမ်ကို တော်တော်နောက်ကျပြန်ရောက်တယ်... သူမကတော့ စားပွဲပေါ်မှာ တခုခု ရေးနေတာတွေ့တယ်... ညစာမစားတော့ပဲ အိပ်ရာထဲ ထိုးဝင်ပြီ ခဏမှာပဲ အိပ်မောကျသွားတော့တယ်... ဘာလို့လဲ ဆိုတော့ တညနေလုံး မိုးနဲ့ သွားလာပျော်ရွှင်ခဲ့တာ ပင်ပန်းနေတယ်လေ... ကျနော် တရေးနိုးတော့ သူမကတော့ စားပွဲပေါ်မှာ စာရေးနေတုန်းပါပဲ... သူမကို ဂရုစိုက်မနေတော့ဘဲ တဖက်လှည့်ပြီး ပြန်အိပ်လိုက်တော့တယ်...


မနက်လင်းတော့ သူမက သူမဖက်က ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပြောလာတယ်... ကျနော်ဆီက ပိုင်ဆိုင်မှုတွေ ဘာတခုမှ မလိုဘူးတဲ့... ဒါပေမဲ့ တစ်လကြိုတင် အကြောင်းကြားပြီး မှ ကွာရှင်းရမယ်လို့ ဆိုတယ်... အဲဒီတလမှာ ကျနော်တို့ အတူတူ တတ်နိုင်သလောက် သာမန်လိုပဲ နေထိုင်ကြရမယ်လို့ ဆိုပါတယ်... သူမရဲ့ အကြောင်းပြချက်ကတော့ ရှင်းပါတယ်... ကျနော်တို့ နှစ်ယောက်ရဲ့ ရင်သွေး .. သား ရဲ့ စာမေးပွဲ ဟာ တလလောက်ပဲ လိုတဲ့အတွက်ပါတဲ့... သားကို စာမေးပွဲမတိုင်ခင် ကျနော်တို့ နှစ်ယောက်ရဲ့အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူးတဲ့....


ဒါကတော့ ကျနော် အတွက် လက်မခံနိုင်စရာ မရှိပါဘူး... ဒါပေမဲ့ သူမမှာ နောက်ထပ်တောင်းဆိုမှုတခု ထပ်ရှိပါသေးတယ်.. ကျနော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးက ကျနော် သူမကို အိပ်ခန်းထဲ ပွေ့ချီပြီး ခေါ်ထုတ်ခဲ့ ခေါ်သွင်းခဲ့တာကို ပြန်ပြောပြီး... ဒီကွာရှင်းဖို့ စောင့်နေတဲ့ တစ်လအချိန်အတွင်းမှာ မနက်ခင်းတိုင်း သူမကို ကျနော်တို့ရဲ့ အိပ်ခန်းထဲကနေ အိမ်ရှေ့တံခါးထိ ပွေ့ချီပြီး ခေါ်သွားဖို့ တောင်းဆိုတယ်... သူမတကယ်ကို ရူးသွပ်နေပြီး လို့ ကျနော်တွေးလိုက်မိပါတယ်...


ဘာပဲဖြစ်ဖြစ်.. ကျနော်တို့ နှစ်ယောက်ရဲ့နောက်ဆုံးနေ့ရက်တွေ ကို ခံနိုင်ရည်ရှိရအောင် သူမရဲ့ ရူးကြောင်ကြောင်တောင်းဆိုမှုကို ကျနော်လက်ခံလိုက်ပါတယ်...

ကျနော် ကျနော့်မိန်းမရဲ့ ကွာရှင်းခွင့်တောင်းဆိုချက်တွေကို မိုး ကို ပြောပြတော့... ရယ်မောပြီး တကယ်ကို ဟာသပဲလို့ ပြောပါသေးတယ်... သူမဘယ်လို နည်းလမ်းတွေ သုံးသုံး.. သူမကတော့ ကွာရှင်းမှုကို ရင်ဆိုင်ရမှာပဲ လို့ နှာခေါင်းလေးရှုံ့ပြီး ပြောသေးတယ်.. ကျနော် သူမကို ကွာရှင်းမယ်လို့ ထုတ်ပြောခဲ့တဲ့နေ့ စပြီး ကျနော် နဲ့ သူမ မထိမတွေ့ဖြစ်ကျတော့ဘူး... အဲဒါကြောင့် ပထမဆုံးနေ့ သူမကို အခန်းထဲက ပွေ့ချီ ပြီး ခေါ်ထုတ်ခဲ့တဲ့အခါ ကျနော်တို့ နှစ်ယောက် ကချော်ကချွတ် ဖြစ်နေပါတယ်.. သားလေးက ကျနော်တို့ အနောက်က လက်ခုပ်တီးပြီး "ဖေဖေ မေမေ့ကို ဖက်ထားတယ်" လို့ ပြောရင်း ကျနော်တို့ အနောက်က လက်ခုပ်တီးနေပါတယ်... သားလေးရဲ့စကားလုံးတွေက ကျနော့်စိတ်ကို နာကျင်စေပါတယ်.. အိပ်ခန်းထဲကနေ.. ဧည့်ခန်းထဲ..နောက် အိမ်ရှေ့တံခါးထိ သူမကို ကျနော် လက်တွေနဲ့ ပွေ့ပြီး လျှောက်လာပါတယ်.. သူမက မျက်လုံးတွေ မှိတ်ထားကာ ကျနော်ကို ကွာရှင်းမဲ့အကြောင်း သားလေးကို အသိမပေးဖို့ တိုးတိုးလေး ပြောပါတယ်.. ကျနော် စိတ်အနှောက်အယှက်ဖြစ်ဖြစ်နဲ့ပဲ ခေါင်းညိတ်လိုက်တယ်...


သူမကို အိမ်ရှေ့တံခါးဝမှ ချပေးလိုက်တယ်... သူမလည်း အလုပ်သွားဖို့ ကားဂိတ်ကို ထွက်သွားတယ်.. ကျနော်လည်း ရုံးကို သွားပါတယ်...


ဒုတိယနေ့ကျတော့ ကျနော်တို့နှစ်ယောက်အဖို့ ပိုပြီး လွယ်ကူလာပါတယ်... ကျနော်ရင်ဘတ်ကို သူမက မှီထားပါတယ်.. သူမရဲ့ အင်္ကျီက ရနံ့တောင် ကျနော် ရနေမိပါတယ်.. ကျနော် ဒီအမျိုးသမီးကို သေသေချာချာ မကြည့်ခဲ့မိတာ တော်တော်ကြာပြီးလို့ သတိထားမိလိုက်ပါတယ်... သူမဟာ ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့ဘူး ဆိုတာ သတိထားမိတယ်.. သူမမျက်နှာပေါ်မှာလဲ အရေးအကြောင်းလေးတွေတွေ့ရတယ်.. ဆံပင်တချို့လည်း ဖြူစပြုနေပါတယ်... ကျနော်တို့ အိမ်ထောင်ရေးက သူမဆီက အားလုံးရယူသွားခဲ့ပြီးလေ... အဲဒီတခဏမှာ ကျနော် သူမအပေါ် ဘာတွေ လုပ်ခဲ့မိပါလိမ့်လို့ တွေးနေမိပါတယ်....

နောက်တနေ့ကျပြန်တော့... ကျနော် သူမကို ပွေ့ချီလိုက်တဲ့အခါ ရင်နှီးကျွမ်းဝင်တဲ့ခံစားချက်တခု ပြန်ရလိုက်သလို ကျနော် ခံစားလိုက်ရပါတယ်.. ဒီအမျိုးသမီးဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ဘ၀ ကို ကျနော်ကို ပေးခဲ့တယ်... နောက်ထပ် တနေ့ပြီး တနေ့ ကျနော်တို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ ပိုလာခဲ့တယ်.. မိုး ကိုတော့ ဒီအကြောင်းတွေ မပြောပြဖြစ်ခဲ့ဘူး... တလဆိုတဲ့ အချိန် ကုန်ဆုံးလာတာနဲ့ အမျှ သူမကို ပွေ့ချီ ရတာဟာ ပိုလို့ လွယ်ကူလာခဲ့တယ်... နေ့တိုင်း အလေးမသလို ဖြစ်နေတော့ ကျနော် ပို ပြီး အားတောင့်လာတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...

တမနက်တော့ သူမဟာ ဘာဝတ်ရင်ကောင်းမလဲ ဆိုတာ ရွေးနေပါတယ်... တော်တော်များများ ရွေးဝတ်ကြည့်ပြီးတဲ့အထိ စိတ်တိုင်းကျ ရှာမရဘူးဖြစ်နေတယ်... ကျမအင်္ကျီတွေ အားလုံး ကြီးကုန်ပြီ လို့ သက်ပြင်းလေး ချပြီး ဆိုပါတယ်.. ရုတ်တရက် ကျနော် သတိထားမိသွားတယ်.. သူမ တော်တော်လေး ပိန်သွားတာပဲ... ဒါကြောင့် ကျနော် သူမကို လွယ်လွယ်ကူကူ ပွေ့ချီနိုင်တာပေါ့... ကျနော် စိတ်ထိခိုက်သွားတယ်... သူမဟာ နာကျင်မှု ခံစားချက်တွေ ကို သူမနှလုံးသားထဲ မြုပ်နှံထားတာပဲလို့ တွေးမိတယ်...

သတိလက်လွတ်နဲ့ ကျနော် သူမခေါင်းလေးကို သပ်လိုက်ပါတယ်.. အဲဒီအချိန် သား ရောက်လာပြီး... ဖေဖေ.. မေမေ့ကို ချီဖို့ အချိန်ရောက်ပြီး လို့ လှမ်းပြောတယ်... သားလေးအတွက်တော့ သူ့အဖေက သူ့အမေကို ပွေ့ချီသွားတာဟာ သူ့ဘ၀ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေပါပြီး... ကျနော့်ဇနီးက သားကို လက်ယပ်ခေါ်လိုက်ပြီး ခပ်ကျပ်ကျပ်ဖက်ထားလိုက်တယ်.. နောက်ဆုံးအချိန်လေးမှာ ကျနော်စိတ်တွေ ပြောင်းလဲသွားမှာ ကြောက်လို့ ကျနော် တဖက်ကို မျက်နှာလွှဲလိုက်ပါတယ်.. ပြီးတဲ့အခါ.. ကျနော် သူမကို လက်ထဲပွေ့ပြီး အိပ်ခန်းထဲကနေ ဧည့်ခန်းကို ကျော်ကာ အိမ်ရှေ့ထိ ခေါ်ခဲ့တယ်... သူမက ကျနော့်လည်ပင်းကို အသာအယာ သိုင်းထားတယ်... ကျနော်က သူမရဲ့ကိုယ်လေး ကို ခပ်ကျပ်ကျပ် ဖက်ထားတယ်... ကျနော်တို့ မင်္ဂလာဦးတုန်းက လို ပေါ့...


ဒါပေမဲ့... သူမရဲ့ကိုယ်လုံးပေါ့ပေါ့လေးက ကျနော်ကို စိတ်မကောင်းဖြစ်စေခဲ့တယ်... နောက်ဆုံးနေ့မှာတော့ သူမကို ကျနော့်လက်တွေနဲ့ ပွေ့ထားပေမဲ့.. ခြေတလှမ်းရွေ့ဖို့ ခက်ခဲနေခဲ့တယ်.. သားလေးလည်း ကျောင်းသွားပြီး... သူမကို ခပ်ကျပ်ကျပ် ပွေ့ထားပြီး တို့နှစ်ယောက်ကြားမှာ ရင်နှီးကျွမ်းဝင်မှုတွေ ပျောက်ဆုံးနေတာ ကို သတိမထားမိဘူးလို့ ကျနော် ပြောလိုက်တယ်...
ကျနော် ရုံးကို ကားမောင်းသွားတယ်.. တံခါးတောင်ပြန်မပိတ်ပဲ ကားပေါ်က ဆင်းလိုက်တယ်... နည်းနည်းလေး နှောင့်နှေးသွားရင် စိတ်တွေ ပြောင်းလဲသွားမှာကို ကျနော် ကြောက်နေမိတယ်.. ကျနော် ရုံးပေါ်ကို တက်သွားတယ်.. မိုး က တံခါးလာဖွင့်ပေးတယ်... မိုး... ကျနော် စိတ်မကောင်းပါဘူး... ကျနော် မကွာရှင်းချင်တော့ဘူး လို့ ပြောလိုက်ပါတယ်...

သူမက အံသြစွာနဲ့ ကျနော်ကို ကြည့်တယ်.. ကျနော် နဖူးကို စမ်းကြည့်ပြီး ရှင်နေကောင်းရဲ့လား မေးတယ်... ကျနော် သူ့လက်ကို ဖယ်လိုက်ပြီး... စိတ်မကောင်းပါဘူး မိုး... ကျနော် မကွာရှင်းတော့ဘူး... ကျနော်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းလိမ့်မယ်.. ဘာလို့လဲဆိုတော့ ကျနော်နဲ့ သူ ... ဘ၀ရဲ့အသေးစိတ်လေးတွေကို တန်ဖိုးမထားမိခဲ့လို့ပဲ... တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်ကျတော့လို့ မဟုတ်ဘူး... ခု ကျနော် သိလိုက်ပြီး... မင်္ဂလာဦးတုန်းက သူမကို ပွေ့ချီပြီး အိမ်ခေါ်လာတဲ့အချိန်ကစလို့.. သေခြင်းတရားက ကျနော်တို့ နှစ်ယောက်ကို မခွဲခင် အချိန်ထိ ကျနော် သူမကို ထွေးပွေ့သွားရမယ်...


မိုး ရုတ်တရက်အိပ်ရာလန့်နိုးသလို ဖြစ်သွားတယ်.. ကျနော့် ပါးကို ခပ်ပြင်းပြင်းရိုက်ပြီး တံခါးဆောင့်ဖွင့်ကာ ငိုကြွေးနေပါတယ်.. ကျနော် ရုံးအောက်ဆင်းလာပြီး ကားမောင်းထွက်လာခဲ့တယ်.. လမ်းမှာတွေ့တဲ့ ပန်းအရောင်းဆိုင်မှာ ကျနော် ဇနီးအတွက် ပန်းတစည်း ၀င်မှာတယ်... အရောင်းစာရေးမလေးက ကတ်ပေါ်မှာ စာရေးခိုင်းတော့.. ကျနော် ပြုံးပြီး ရေးလိုက်ပါတယ်...

'I'll carry you out every morning until death do us apart'
ကျနော်တို့ ဘ၀တွေရဲ့ အသေးအဖွဲလေးတွေက ဆက်ဆံရေး တခု မှာ အရေးကြီးပါတယ်... အိမ်တွေ၊ ကားတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘဏ်စာရင်းတွေ မဟုတ်ပါဘူး... အဲဒါတွေက ပျော်ရွှင်စေတဲ့ ပတ်ဝန်ကျင်းတခု ဖန်တီးနိုင်ပေမဲ့ ပျော်ရွှင်မူကို တော့ မဖန်တီးပေးနိုင်ပါဘူး... ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ပေးပါ... ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ပေးမဲ့ အသေးအဖွဲလေးတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လုပ်ပေးပါ... တကယ်ပျော်ရွှင်တဲ့ ဘ၀လေးတခု ဖြစ်မှာပါ...