Friday, July 9, 2010

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

ပြာလဲ့လဲ့နှင်းမှုန်ကြားထဲက အ၀ါရောင်မြစ်ပြင်တစ်ခု

တစ်ခါတစ်ရံ မင်းမရှိတဲ့ရာသီမှာ
ငါဆိုတဲ့ မြို့ပြသားကောင်ဟာ
ပြိုင်ဘက်မပါတဲ့ နေ့စွဲတွေကိုငေးမောဆဲ
ထိုရာသီ...
ဘာမှန်းမသိဘဲ ကာလာတစ်ခုလျှံကျ
အ၀ါရောင်.....

ဒေးကားလည်းပြောခဲ့တာပဲ၊
က၀ါဘာတရဲ့ မှဲ့အကြောင်း ငါမစဉ်းစားတော့ဘူး။
အ၀ါရောင်ကာလရဲ့ ပြဌာန်းချက်ထဲ
ချစ်သူ...နင်မပါပေမယ့် ငါဆိုတဲ့နေ့စွဲက
အ၀ါရောင်မြစ်ပြင်ထဲ ခုန်ခုန်ချနေရ
နင်မသိပေမယ့် သိနေတယ်လေ။

နှင်းငွေ့တွေကို ငွေ့ရည်ဖွဲ့ကာ စားသုံးဖို့
ပါမစ်ကျခွင့်မရှိသေးတဲ့ ငါဆိုတဲ့ကာလာဟာ
တိုက်တိုက်ဆိုင်ဆိုင်ပဲ...
ပြာလဲ့လဲ့နှင်းမှုန်ကြားထဲမှာ အ၀ါရောင်၊
အ၀ါရောင်၊ အ၀ါရောင်၊ အ၀ါရောင်၊
်အ.....၀ါ.....ရောင်

ငါဆိုတာ ခြေတစ်ဖတ်ကျိုးနေတဲ့
ပြိုင်းမြင်းတစ်ကောင်လို.....
မောဟတစ်ခု မြစ်ပြင်ထဲ စီးမျောရင်း........

No comments:

Post a Comment