Monday, January 11, 2010

ဘ၀၇ဲ့လိုအင်

အတွေးအမှောင် ညသန်းခေါင်မှာ
စိတ်၏ရမ္မက် အဆိပ်တက်လို့
လူးလွန့်လှုပ်ရှား သောကများလဲ
တိတ်ဆိတ်ခြင်းမှာ ခရီးဆက်ကြပြီ။။။။။။။။

နံနက်မိုးသောက် အလင်းရောက်လို့
ဘ၀အတွေး စိတ်မအေးလည်း
ဝမ်းရေးအတွက် ငါရှေ့ဆက်ဖို့
လက်တွေ့ခရီးမှာ မျောရပြန်ပြီ။။။

အလင်းနဲ့အမှောင် နေ့တစ်နေ့လည်ပတ်
တစ်ရက်ထက်တစ်ရက် ငါရှေ့ဆက်လို့
သံသရာရထား ဘယ်ထိသွားမလဲ
နိဂုံးဘ၀ အဆုံးသတ်ဖို့
ငါရှေ့ဆက်လို့ထွက်ခဲ့မယ်။။။။

ဘ၀အမော ဖြေပျောက်စေဖို့
မင်းရင်ခွင်မှာ ချွေးသိပ်ခိုကာ
ကြင်နာတရား ချစ်ခြင်းများဖြင့်
ချော့မြူပေးပါ မိန်းကလေးရယ်။။။။

No comments:

Post a Comment