Friday, January 1, 2010

slideshowလေးတစ်ခုပြုလုပ်၇အောင်

ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးမှာ Slide Show Effect ကိုတင်ချင်တယ်ဆိုရင် အောက်ကပေးထားတဲ့ Website မှာသွားရောက်ဖန်တီးလို့ရပါတယ်။
ဝဗ်ဆိုဒ်လိပ်စာက www.photobucket.com ပါ။ အရင်ဆုံးအဲဒီမှာ ရီဂျစ်စတာလုပ်ပါ။ ပြီးရင် Sign Up လုပ်ပြီးဝင်လိုက်ပါ။ ပြီးတာနဲ့ ကိုယ် Slideshow အဖြစ်ဖန်တီးချင်တဲ့ ပုံတွေကို Choose upload file ကနေပြီး Upload ပြုလုပ်ပါ။ အဲဒီမှာကိုယ်ရဲ့ Profile ထဲကို Upload ပုံတွေရောက်သွားပါလိမ့်မယ်။ ပြီးရင်အပေါ်နားက Menu Button တွေထဲမှာ SlideShow ဆိုတဲ့ Button ကိုနှိပ်ပါ။ အဲဒီအခါကျရင် Slideshow ပြုလုပ်ပုံအဆင့်ဆင့်ကို ပြပေးပါလိမ့်မယ်။ အရင်ဆုံး မိမိပုံတွေကို Click နှိပ်ပြီးရွေးပါ။ ပြီးရင် Slideshow Templete တွေကိုရွေးပါ။ ပြီးရင် Save လုပ်လိုက်ပါ။ အဲဒီအခါကျရင် သင့်ရဲ့ profile မှာ သင့်ဖန်တီးထားတဲ့ Slideshow လေးကရောက်နေပါလိမ့်မယ်။ အဲဒီအပေါ် Mouse Arrow လေးတင်လိုက်တာနဲ့ သင့်ဘလော့ဂ်မှာတင်ဖို့အတွက် html Code ကိုပေးပါလိမ့်မယ်။ အဲဒီကနေ Copy ကူးပြီးမိမိရဲ့ဘလော့ဂ်မှာ Paste လုပ်လိုက်မယ်ဆိုရင် ကိုယ်တင်ချင်တဲ့ Slide Show လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်။

1 comment: