Monday, December 7, 2009

ဆောင်းနှင်းပုံပြင်

ဒိနှစ် ကိုး၇ိးယား ဆောင်း၇ာသိက
ငါ့ရင်ကိုပူလောင်စေမယ်ဆိုတာ
မထင်ထားခဲ့ပါဘူး
စိတ်ကူးနဲ့ ရူး
သီချင်းလေးနဲ့နှုတ်ဆက်
ငါ့ရင်ဘက်ထဲ
ဒဏ်ရာတွေကျန်အောင်
ဆောင်းရာသီရဲ့တစ်ညက
နွေခေါင်ခေါင်လိုပူလောင်နေခဲ့တယ်
.......လို့ တိုးတိုးလေးခေါ်ခဲ့ဖူးတဲ့
...... ....ရင်မှာ
သိပ်ချစ်တယ်........ဆိုတဲ့
စကားလေးလဲရင်ထဲမှာ
မဆုံနိုင်တဲ့ဘ၀က
တကယ်ဆို........
အစကတည်းကမဆုံခဲ့သင့်ဘူးလေ
တမြေ့မြေ့ကျွမ်းလောင်နေတဲ့ရင်ကို
နှင်းစက်လေးတွေနဲ့
မငြိမ်းသက်နိုင်ခဲ့ဘူးလေ
......ဆိုနေကျ "ချစ်သူပျို"
သီချင်းလေးထဲကလိုပေါ့
တစ် ယောက်တည်းပါ
မင်းတစ်ယောက်တည်းငါချစ်တာ
ခုဆိုရင်..........
...........့်ရင်တစ်ခုလုံးကွဲအက်
တိတ်တဆိတ်သတိရနေမယ်ဆိုတာသိပါတယ်
ဝန်မခံခဲ့သူတွက်
ရင်ကွဲခြင်းလက်ဆောင်
အမှတ်တရ ပေးအပ်ခဲ့တာပေါ့
ဆုတောင်းပေးပါတယ်
ချစ်သူတိုင်း ပျော်ရွှင်ကြပါစေ

တစ်ချိန်က
ထိလ်ာချစ်သူ

No comments:

Post a Comment