Thursday, December 10, 2009

system restore ကိုကောင်းမွန်အောင်ပြင်ဆင်ခြင်း

Windows XP နဲ့ Vista တို့မှာ System Restore ဟာ Registry နဲ့ အရေးကြီး
system ဖိုင်တွေကို မကြာခဏ အလိုအလျောက် backup လုပ်ပေးနေပါတယ်။
ဒါပေမဲ့ အမျိုးမျိုးသော အခြေအနေတွေကြောင့် System store ဟာ
backup (restore point) တွေဖန်တီးပေးခြင်းကနေ တားဆီးနေခြင်းခံနေရတတ်ပါတယ်။
ဒီအရာတွေကတော့


Drive နေရာနည်းခြင်း
Restore point တစ်ခုဖန်တီးဖို့အတွက် system drive၊ ဒါမှမဟုတ် partition
(များသောအားဖြင့် C:drive)မှာ နေရာလွတ် အနည်းဆုံး 200MB လောက်ရှိနေရပါမယ်။
အဲဒီနေရာလွတ်မရနိုင်တဲ့အခါ ပီစီဟာ restore point တွေဖန်တီးခြင်းက ရပ်တန့်သွားပြီး
ရှိပြီးသား point တွေကို delete လုပ်သွားတတ်ပါတယ်။

Task Scheduler မရှိခြင်း
System Restore ဟာနေ့စဉ်နေ့တိုင်း restore point တွေအလိုအလျောက်
ဖန်တီးပေးနိုင်ဖို့အတွက် Windows ရဲ့ Task Scheduler ကိုအသုံးပြုပါတယ်။
Task Scheduler active ဖြစ်နေရဲ့လားဆိုတာ သေချာအောင်
Start > Run (Vista မှာ Start) ရွေးချယ်ပြီး services.msc လို့ရိုက်သွင်းကာ
ခေါက်လိုက်ပါ။ Task Scheduler ရှိရာနေရာကို scroll လုပ်သွားပြီး
right ကလစ်လုပ်ကာ Properties ရွေးချယ်ပါ။ တကယ်လို့ “Service status”
ကို “Started” မှာ set လုပ်ပေးမထားဘူးဆိုရင် Start button ကိုကလစ်လုပ်ပေးလိုက်ပါ။
OK ကိုကလစ်မလုပ်မီမှာ “Startup type” ဟာ “Automatic” မှာရှိနေရဲ့လားဆိုတာ သေချာစွာစစ်ဆေးကြည့်ရှုပါ။

OS အလုပ်များနေခြင်း
System Restore ဟာပီစီဖွင့်ထားပြီး အားလပ် (idle) နေမှသာ restore point တွေကို
အလိုအလျောက်ဖန်တီးပေး ပါမယ်။ တကယ်လို့ ပီစီကိုအမြဲတမ်းပိတ်ထားမယ်၊
hibernate ဖြစ်နေမယ်၊ ဒါမှမဟုတ် run လုပ်နေမယ်ဆိုရင် အလိုအလျောက်
restore point တွေတစ်ခုမှ ရရှိမှာမဟုတ်ပါဘူး။
System Restore ပုံမှန်အလုပ်လုပ်နေတဲ့အခါမျိုးမှာတောင် restore point တွေဟာ
Complete backup တွေမဟုတ်ပါဘူး။ Restore point တစ်ခုချင်းစီဟာ သူရှေ့က
restore point နောက်ပိုင်းအပြောင်းအလဲတွေကိုသာ သိမ်းထားပြီး System Restore
ဟာ hard drive ပေါ်က restore point အားလုံးကို အသုံးပြုဖို့လိုအပ်ပါတယ်။
အကြောင်းတစ်ခုခုကြောင့် restore point တစ်ခုပျက်စီးသွားတယ်ဆိုရင် point
အားလုံးအသုံးမ၀င်တော့ပါဘူး။
တကယ်လို့ Restore point တွေဟာ အလုပ်လုပ်မပေးနိုင်တော့ဘူးဆိုရင်
အားလုံးကို remove လုပ်ပြီးအစကနေ ပြန်စရပါမယ်။ ဒီလိုလုပ်ဖို့အတွက်
System restore ကို Off လုပ်လိုက်ပြီးပြန် on လုပ်ပေးရပါမယ်။
Windows XP မှာ Start. Run ရွေးချယ်ပြီး sysdm.cpl ရိုက်သွင်းကာ
ခေါက်ပါ။ System Properties dialog box ထဲက
System Restore tab ကိုကလစ်လုပ်ပါ။ Turn off System Restore
ကို check လုပ်ပြီး Apply ကိုကလစ်လုပ်ပါ။ ပြီးရင် Turnoff System Restore
ကို check လုပ်ပေးပြီး OK ကိုကလစ်လုပ်လိုက်ပါ။ Vista မှာ Start ကို
ကလစ်လုပ်ပြီး sysdm.cpl ရိုက်သွင်းကာ ခေါက်လိုက်ပါ။
(ဒါမှမဟုတ် Program စာရင်းထဲကနေ System Restore ကိုရွေးချယ်ပါ။)
System Protection tab ကိုကလစ်လုပ် (ဒါမှမဟုတ် open System Protection ကိုရွေး)
ပြီး Local Disk (C:) ကို Un-check လုပ်ပေးပါ။ (အဲဒီ option ရဲ့ နာမည်အတိအကျဟာ
အမျိုးမျိုးဖြစ်နိုင်ပေမယ့် အဆုံးပိုင်းမှာတော့ “(System)” ဆိုတာ ပါရှိနေနိုင်ပါတယ်။
အဲဒီ Option ပေါ်ထွက်လာဖို့စက္ကန့်အနည်းငယ် စောင့်ဆိုင်းဖို့ လိုပါမယ်။)
System Protection pop-up ထဲက Turn System Restore Off ကိုရွေးချယ်ပြီး
Apply ကိုကလစ်ပါ။ Local Disk (C:) ကို check ပြန်လုပ်ပြီး OK ကိုကလစ်လုပ်ပါ။

No comments:

Post a Comment