Thursday, December 10, 2009

အွန်လိုင်း ဆုံတွေမှု လေးပါ

******************************************************************************************************
ပစ္စုပ္ပန်. . .


အတိတ်. . .

သုံးနေကျ PLATONIC CYBER NET အတွင်းသို့ တံခါးကိုဖွင့်၍ ၀င်လာခဲ့သည်။ ဆိုင်အတွင်းတွင် အသုံးပြုသူ နှစ်ဦးသာရှိနေသည်။ စက်တစ်လုံးတွင် ၀င်ထိုင်ပြီး မန်ဘာအကောင့်ကိုရိုက်ထည့်လိုက်သည်။ စက်ပွင့်သွား၍ G-talk ကို
အဖွင့်ဝယ် အကောင့်လေးတစ်ခုကအလိုလျောက် ပွင့်လာသည်။ “အင်း. . . remember password ကို ကလစ်လုပ်သွားပီ”
အတွေးနှင့်ပြုံးရင်း အကောင့်လေးကိုကြည့်မိသောအခါ nick name လေးက သူ့ကိုဖမ်းစားသွားသည်။“roseofaden ဆိုပါလား” လူငယ်ပီပီ နောက်ချင်စိတ်လေးက၀င်လာသောကြောင့် သူ့အကောင့်ကို ထိုအကောင့်ထဲတွင်အဒ်ပြီး sign out
လုပ်ကာ remember password ကိုပါဖြုတ်ပေးထားလိုက်သည်။

နောက်တစ်နေ့ အွန်လိုင်းပေါ်သို့အရောက်ဝယ် roseofaden ဆိုသောnick ကလေးက မီးစိမ်းလေးပြနေသည်။ သူ့လက်တွေ keyboard လေးပေါ်တွင် လှုပ်ရှားသွားကြသည်. . . . . .
thetnaing : ဟိုင်း
roseofaden : ဟုတ် ဘယ်သူလဲမသိဘူး
ကျမအကောင့်ထဲမှာခုမှတွေ့ဖူးတယ်
ကျမအဒ်မထားမိဘူးထင်ပါတယ်
thetnaing : ဟုတ်ပါတယ်
မနေ့ကဆိုင်မှာသုံးပြီးအကောင့်ပွင့်နေလို့ကျနော်ဝင်အဒ်လိုက်တာ
နောက်ချင်လို့ပါ
စိတ်တော့မဆိုးပါဘူးနော်
roseofaden : ဟုတ်ရပါတယ်
မဆိုးပါဘူး
thetnaing : ခင်ဗျားကမိန်းကလေးလား
roseofaden :ဟုတ်
thetnaing : G-talk သုံးတာသိပ်မကြာသေးဘူးထင်တယ်
roseofaden :ဟုတ်
thetnaing : ကျနော်ခင်ဗျားအကောင့်ထဲဝင်အဒ်လိုက်တာစိတ်မဆိုးပါနဲ့နော်
roseofaden :ဟုတ်
thetnaing : နောက်ချင်ရုံသက်သက်ပါ
roseofaden :ဟုတ်
thetnaing : ဟုတ်ပဲပြောတတ်လို့လားဟင်
roseofaden :ရှန်
thetnaing : အဲဒါပဲပြောနေလို့လေ
roseofaden :အော်ဘာပြောရမလဲမသိလို့ပါ ဆောရီးနော်
thetnaing : ဟုတ်
roseofaden : ကျမကခုမှစသုံးတာဆိုတော့သိပ်မချတ်တတ်ဘူးလေ
thetnaing : ဟုတ်
roseofaden :ခစ် ခစ်
ရှင်ကနောက်တတ်သားပဲ
thetnaing : ဟုတ်
roseofaden :ခစ် ခစ်

G-talk မှာချတ်ရင်းနှင့်ပင် သူတို့နှစ်ဦးကြားမှ ရင်းနှီးမှုက ပိုမိုခိုင်မာလာခဲ့သည်။ on line တက်တိုင်းလည်း သူမရဲ့
nick လေးကို အပြေးအလွှား ရှာမိသည်။ သူမ nick လေးကို ကျနော်က ဧဒင်ရဲ့နှင်းဆီဟု rename ပြန်ပေးထားသည်။
အချိန်တွေကြာလာသည်နှင့်အမျှ တစ်ယောက်ကိုတစ်ယောက်နားလည်လာကြသည်။ သူမသည် အသက် ၂၂ နှစ်အရွယ်
E မေဂျာနှင့် ကျောင်းပြီးထားသော ကောင်မလေးတစ်ယောက်ဆိုတာ သူသိခဲ့ရသည်။ သူမအမည်လေးက “နှင်းဆီဝါ”တဲ့
လေ. . . သို့ပေမယ့် အပြင်မှာတွေ့ဖို့ချိန်းလျင်လည်း လက်မခံ၊ ဖုန်းဆက်မည်ဆိုတော့လည်းညင်းသည်။ vzo
ပြောမည်ဆိုလျင်လည်း အကြောင်းအမျိုးမျိုးပြ၍ ရှောင်တတ်သော သူမကို သူ မကျေမနပ်ဖြစ်လာမိသည်။
တစ်ရက်တော့. . .
thetnaing : ဟဲ့နှင်းဆီ
ဧဒင်ရဲ့နှင်းဆီ : ရှန်
thetnaing : နင်ကငါ့ကိုတကယ်မခင်ပါဘူးဟာ
ဧဒင်ရဲ့နှင်းဆီ : ဘာလို့လည်းဟ
thetnaing : ငါကအပြင်မှာတွေ့မယ်ဆိုတော့လည်းနင်ကညင်းတယ်
ဖုန်းလည်းအဆက်မခံဘူး
vzoတောင်မပြောဘူး
အဲဒါငါ့ကိုမခင်လို့ပေါ့ဟ
ဧဒင်ရဲ့နှင်းဆီ : မဟုတ်ပါဘူးဟာ
thetnaing : မရဘူး
မနင်ဖြန်မနက်10နာရီမှာငါလှည်းတန်းကiceberryမှာစောင့်နေမယ်စားပွဲပေါ်မှာနှင်းဆီနီတစ်ပွင့်ထင်ထားမယ်နင်လည်း
နှင်းဆီနီတစ်ပွင့်ယူလာခဲ့နင်မလာမချင်းငါစောင့်မယ်ဒါပဲအောက်ပီတာ့တာ
ဧဒင်ရဲ့နှင်းဆီ : ဟဲ့ ဟဲ့

သူအမြန် sign out လုပ်ပြီးထွက်လာခဲ့သည်။ မနက်ဖြန်ကို ရင်ခုန်လှိုက်မောစွာ စောင့်မျှော်ရဦးမည်လေ. . . .

အဲဒီညက ကျနော်အိပ်လို့မပျော်ခဲ့။ သူ့ကိုသူ ပြန်မေးကြည့်နေမိသည်။ သူ နှင်းဆီကိုချစ်နေပြီ။သေချာပါသည်။သူ သူမ
လေးကိုနင့်နင့်နဲနဲချစ်နေမိခဲ့ပြီ။ “ရှန်”ဆိုသော အာမေဋိတ်သံလေးတွေ “ခစ် ခစ်”ဟု ရယ်ပြတတ်ပုံလေးတွေက ကျနော့်နှ
လုံးသားကို ဖမ်းစားခဲ့လေပြီ။

နံနက်မိုးလင်းသည်နှင့် သူေ၇မိုးချိုးပြင်ဆင်ကာထွက်လာခဲ့သည်။ ချိန်းထားရာနေရာသို့ ၉း၀၀ခန့်ကတည်းက ရောက်နေနှင့်သည်။ ကော်ဖီတစ်ခွက်သောက်ရင်း အသင့်ယူလာသော နှင်းဆီပန်းနီနီလေးကို စားပွဲပေါ်တွင် တင်ထား
လိုက်သည်။ စက္ကန့်တို့၏ ခြေလှမ်းတွေကပဲ နှေးကွေးလွန်းနေသည်လားမသိ အချန်တွေက ကုန်ခဲလွန်းလှသည်။
၉း၁၅-အင်း စောပါသေးတယ်
၉း၃၀ -အင်း နာရီဝက်ပဲလိုတော့တယ်
၉း၄၅-နီးလာပြီ လာတော့မယ်
၁၀း၀၀-ဟုတ်ပြီ ခဏနေရောက်လာတော့မယ်
၁၀း၁၅-နည်းနည်းနောက်ကျတာနေမှာပါ
၁၀း၃၀-လမ်းမှာကားပိတ်နေလားမသိဘူး
၁၀း၄၅-သွားပြီ အားလုံးသွားပြီ ရင်ခုန်သံတွေနဲ့တည်ဆောက်ခဲ့သမျှ တခဏလေးအတွင်းမှာ ပျိုပျက်သွားရပြီ ခေါင်းငိုက်
စိုက်ကာ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းတစ်ရှိုက်ကို မောင်းထုတ်လိုက်စဉ်. . .

သူ့အမြင်မှာ ခြေထောက်လှလှလေးနှစ်စုံဝင်လာသည်။ မမျှော်လင့်ရဲသော၊ မျှော်လင့်မိသောစိတ်နှင့် ခေါင်းကိုမော့ အကြည့်မှာ ကျနော်ထိုင်နေသောစားပွဲရှေ့မှာ လာရပ်သော ကောင်မလေးနှစ်ယောက် တစ်ယောက်က ရင်ဘတ်တွင် နှင်းဆီနီနီလေးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။ ပခုံးပေါ်ဝဲကျနေသောဆံနွယ်များကို မဟော်ဂနီရောင် လိမ်းခြယ်၍ ခေတ်
ဆန်ဆန်ပြုပြင်ထားသော ခပ်လှလှ ဆေးဆိုးပန်းရိုက်မျက်နှာလေး. . . ဒါနှင်းဆီတဲ့လား။ မဖြစ်နိုင် ၊ နှင်းဆီကို သူသိသည်
သူ့စိတ်ကသိသည်။ သူ့နှလုံးသားက သိသည်။ သူတွေဝေနေစဉ်မှာပင်. . .
“ရှင်က ကိုသက်နိုင်လား”
“ဟုတ်ပါတယ် ခင်ဗျားကနှင်းဆီလား”
“ဟုတ်ပါတယ်”
“မဟုတ်ဘူး . . . မဖြစ်နိုင်ဘူး”
“ရှင် ဘာကြောင့်လဲ”
“အဲဒါကြောင့်ပဲ ”
“ရှင်”
“ဟုတ်တယ် အဲဒါကြောင့်ပဲ နှင်းဆီက “ရှင်”လို့မပြောဘူး “ရှန”်လို့ပဲပြောတယ်။ နောက်ပြီးတော့ နှင်းဆီကို ကျနော်တစ်ခါမှ
မမြင်ဖူးပေမယ့် အသံလေးတောင်မကြားဖူးပေမယ့် သူ့ကို ကျနော့်နှလုံးသားကသိတယ် ။ နှင်းဆီဘယ်မှာလဲ။”

ကောင်မလေးနှစ်ယောက်ထံမှ သက်ပြင်းချသံက ပြိုင်တူထွက်ပေါ်လာသည်။
“ကျမတို့က နှင်းဆီရဲ့သူငယ်ချင်းတွေပါ။ သူက အကူအညီတောင်းလို့ သူ့ကိုယ်စားလာပေးတာ။ ဟောဟိုကားဂိတ်က
မှတ်တိုင်လေးနောက်မှာ သူရှိနေတယ်။ ရှင်ပြန်သွားမလားလို့ စောင့်ကြည့်နေတာ။ ရှင်ကမပြန်လို့လာခဲ့ရတာပါ”

သူဘာကိုမှမသိတော့။ ဘာကိုမှမမြင်တော့။ ဘာကိုမှမကြားတော့။စားပွဲပေါ်မှ နှင်းဆီနီနီလေးကိုဆွဲယူကာ ကားဂိတ်လေးရှိရာသို့ ဦးတည်၍ ပြေးသွားမိသည်။ ကားဂိတ်လေးရဲ့နောက်တွင် ခေါင်းငိုက်စိုက်ချ၍ရပ်နေသော ကောင်
မလေးတစ်ယောက်။ ကျောလယ်ထိရှည်လျားသော ဆံနွယ်များ၏ဖုံးကွယ်မှုကြောင့် သူမမျက်နှာကိုသေချာမမြင်ရ။
လက်ထဲတွင်လည်း နှင်းဆီနီလေးတစ်ပွင့်ကို ကိုင်ထားသည်။ သေချာပါသည် ။ ဒါ. . . ဧဒင်ရဲ့နှင်းဆီ။ သူ့ရဲ့နှင်းဆီ။
“နှင်းဆီ”
သူမမျက်နှာလေးမော့အလာမှ မျက်ဝန်းမှမိုးတို့ကရွာရန် ဟန်ပြင်နေကြလေပြီ။
“နှင်းဆီ နင်ဘာလို့ငိုနေတာလဲဟင်”
“သူက စကားမပြောတတ်ဘူးရှင့်”
အော်. . . ဒဏ်ရာများနှင့်နှင်းဆီမလေးကိုး။ သူမသည် သူမသူငယ်ချင်း နှင်းဆီအတုလေးလောက်မလှပါ။ ထို့အပြင် ပွင့်လွှာမှာ ဒဏ်ရာတွေနှင့်နှင်းဆီလေး။ သူမြတ်နိုးသောနှင်းဆီလေး. . . .
သူမ၏လက်ဖ၀ါးလေးကိုညင်သာစွာအုပ်ကိုင်လိုက်သည်
“နှင်းဆီ”
နှင်းဆီနီနီလေးနှစ်ပွင့်ကား လက်ဖ၀ါးလေးနှစ်ဘက်ထွင်ပေါင်းစည်းမိသွားကြလေပြီ
*******************************************************************************************************
ပစ္စုပ္ပန်. . .

PLATONIC CYBER NET လေးအတွင်းရှိ ကွန်ပျူတာတစ်လုံးရှေ့၌ ထိုင်နေကြသော စုံတွဲလေးတစ်တွဲ. . .
နှစ်ဦးစလုံးထံမှ စကားသံဟူ၍ လုံးဝမကြားရ. . . မော်နီတာလေးပေါ်တွင် စာကြောင်းလေးများ တစ်ယောက်တစ်လှည့်
ရိုက်ထည့်နေကြသည်။ တစ်ခါတစ်ခါ ကြည်ကြည်နူးနူးရယ်မောလိုက်သော အသဲလေးများမှအပ စကားသံဟူ၍ လုံးဝ
မကြားရပါ။
**************************************************************************************************** ပြန်လည်ဖော်ပြချင်းသာ သူငယ်ချင်းတစ်ယောက်ေ၇းသော စာလေးပါ ကြိုက်လွန်းလို့

No comments:

Post a Comment