Friday, December 4, 2009

ဆည်းဆာအလှ၇ဲ့နောက်ခံသမိုင်း

နေ၀င်ချိန်ဆည်းဆာအလှတောင် ငါ့အတွက်ဘာမှမထူးတော့ဘူးချစ်သူ
မင်းနဲ့ ကိုအတူကြည့်ခဲ့ကြတဲ့ဆည်းဆာအလှကခုကျတော့အကျည်းတန်နေလေ၇ဲ့ 
ငှက်ကလေးတွေဖြတ်သန်းသွားတဲ့အခါငါတို့ တွေပျော်ခဲ့ကြတာမှတ်မိသေးလား
နီညိုညိုနေေ၇ာင်အောက်ကငှက်လေးတွေလေ ခုလဲပျံနေကြဆဲပါပဲ
ဒါပေမယ့်အနားမှာမင်းမ၇ှိတဲ့ငါကဘာကိုမြင်မြင်မပြုံး၇ွှင်နိုင်တော့ဘူးချစ်သူ
ဆည်းဆာအောက်မှာလေညှင်းလေတွေကတိုက်နေဆဲမြူးနေဆဲပါပဲချစ်သူ
ဒီဆည်းဆာအချိန်မှာမပျော်၇ွှင်နိုင်တော့တာကကိုတစ်ယောက်ပါ
ဘယ်အ၇ာမှမပြောင်းလဲပေမယ့်ကိုကတော့အ၇မ်းပြောင်းလဲခဲ့ပြီ
အဲဒါမင်းမ၇ှိလို့ ပဲပေါ့ ဘယ်အချိန်ပဲကြည့်ကြည့် ဘယ်အ၇ာကိုပဲကြည့်ကြည့်
ငါ့၇င်ထဲမှာ၇ှိနေတာကအလွမ်းပဲ အလွမ်းဆိုတဲ့နတ်ဆိုးတစ်ကောင်ပဲချစ်သူ

No comments:

Post a Comment