Sunday, December 27, 2009

၇င်တွင်းဖြစ်

ရင်ကွဲအောင်ချစ်ခဲ့ပေမယ့်ရင်မနာပါရစေနဲ့လားချစ်သူ... ရင်ဘတ်တွေကျိုးကြေခဲ့ဖူးပေမယ့်ရင်ခုန်ခဲ့တာကမင်းတစ်ယောက်တည်းပါရင်မှာအရှိုးရာအထပ်ထပ်ခံယူရင်းကရင်နှင့်မဆံ့စွာရူးသွပ်မိခဲ့တော့ရင်တွေပွင့်ထွက်လုမတတ်ခံစားပြီးရင်နင့်အောင်တပ်မက်ခဲ့ရတယ်လေရင်ထဲတိတ်တိတ်ပိုကြွေရင်းနဲ့ပဲ ရင်တထိတ်ထိတ်ကြိတ်လွမ်းမိပြန်တော့ရင်အရှိုက်မှာဖိတ်ကျလာတဲ့ရင်တွင်းဖြစ်ကဗျာလေးတစ်ပုဒ်ရဲ့ရင်လှိုက်တေးစများစွာကိုဝေမျှဖို့ရင်ခမိုးစက်တို့နမ်းရှိုက်ရာရင်ဆွတ်ပန်းလေးတစ်ခင်းလောက်ရင်ခွင်ဥယျာဉ်ထဲလာအပျိုးကိုရင်တစ်ခုလုံးပုံအောခင်းကျင်းပြီးရင်ဖွင့်ကမ်းလင့်နေရတာရင်အစုံကျွမ်းလုမတတ်ပါပဲ မျက်ဝန်းလေးရယ်... ရင်ကွဲအောင်ချစ်ခဲ့ပေမယ့်လို့ရင်တော့မနာပါရစေနဲ့လားကွယ်... ။

1 comment:

  1. ဘယ်ဘာသာနဲ့ရေးတာလဲဟင်။ တို့နားမလည်တဲ့ ဘာသာစကားတွေနဲ့ များရေးထားသလားလို့ပါကွယ်။ ရင်ထဲကမထွက်တဲ့ ရင်တွင်းစကားတွေကို ရင်နှင့်မဆံ့ခံစားပြီ ရင်တွေထိပ်၊ ရင်တွေကျိုး၊ ရင်တွေကွဲထွက်အောင်ထိတော့ သိပ်နှိပ်ထဲ့မထားပါနဲ့လားကွယ်----။ရင်တွင်းဖြစ်ကဗျာလေးရဲ့ ရင်လှိုက်တေးစများ ရင်အရှိုက်မှာ ဖိတ်ကျတာကို လည်း နှမျှောတသ မနေပါနဲ့တော့လားကွယ်----။---။

    ReplyDelete